ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
မဿဲ 27:3 - Common Language Bible ထိုနောက်ကိုယ်တော်အားရန်သူ့လက်သို့အပ်ခဲ့သူ ယုဒသည် ကိုယ်တော်သေဒဏ်စီရင်ခြင်းခံရကြောင်း ကိုသိမြင်လျှင် နောင်တရလျက်ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေးခေါင်း ဆောင်များထံသို့ပြန်၍ယူခဲ့ပြီးလျှင်၊- Garrad Bible ထို နောက် ကိုယ် တော် အ ပြစ် စီ ရင် ခံ ရ ကြောင်း ကို ပို့ အပ် သူ ယု ဒ သိ မြင် သည့် ကာ လ သံ ဝေ ဂ ရ ၍ အ ထက် ငွေ ကျပ် သုံး ဆယ် ကို ပ ရော ဟိတ် ကြီး တို့ နှင့် လူ ကြီး တို့ ထံ ပြန် ပေး လျက် Judson Bible ထိုအခါ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည် ကိုယ်တော်၌ သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင်၊ နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲတို့၌ ပြန်ပေး၍၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကိုအပ်နှံသောယုဒသည် ကိုယ်တော်ပြစ်ဒဏ်စီရင်ခြင်းခံရကြောင်းတွေ့မြင်လျှင် စိတ်မကောင်းဖြစ်ကာ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် သက်ကြီးဝါကြီးများထံ ငွေဒင်္ဂါးသုံးဆယ်ကိုပြန်ပေးလျက် ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ကိုယ်တော်ကို သစ္စာဖောက်အပ်နှံခဲ့သော ယုဒသည် ယေရှု သေဒဏ်ချမှတ်ခံရသည်ကို ကြားသိသောအခါ နောင်တရလေ၏။ ထို့ကြောင့် ငွေဒင်္ဂါးပြားသုံးဆယ်ကို ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် လူထုအကြီးအကဲများထံသို့ ပြန်ယူလာခဲ့ပြီးလျှင် မြန်မာ ထိုအခါ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည် ကိုယ်တော်၌ သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင်၊ နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲတို့၌ ပြန်ပေး၍၊- |
ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
နွားသည်ကျွန်ယောကျာ်းသို့မဟုတ်ကျွန်မိန်းမ တစ်ဦးကိုဝှေ့သတ်လျှင် နွားပိုင်ရှင်ကကျွန် ပိုင်ရှင်အားငွေသားသုံးဆယ်လျော်ကြေးပေး ဆောင်ရမည်။ နွားကိုလည်းကျောက်ခဲနှင့်ပစ် သတ်ရမည်။
ထာဝရဘုရားကငါ့အား``ထိုငွေများ ကိုဗိမာန်တော်ဘဏ္ဍာတိုက်ထဲသို့ထည့်လိုက် လော့'' ဟုမိန့်တော်မူသည့်အတိုင်းငါသည် မိမိ၏တန်ဖိုးအဖြစ်သူတို့အကဲဖြတ် သည့်မြောက်မြားလှသောငွေစသုံးဆယ် ကိုယူ၍ဗိမာန်တော်ဘဏ္ဍာတိုက်ထဲသို့ထည့် လိုက်လေသည်။-
သခင်ယေရှုနှင့်တပည့်တော်တို့သည်ညစာ စားလျက်နေကြ၏။ မာရ်နတ်သည်ရှိမုန်ရှ ကာရုတ်သားယုဒအား ကိုယ်တော်ကိုရန်သူ့ လက်သို့အပ်နှံစေရန်အကြံပေးထားပြီး ဖြစ်ပေသည်။-
ထိုမုန့်ကိုယုဒစားလိုက်သည်နှင့်တစ်ပြိုင် နက်စာတန်သည်သူ၏အထဲသို့ဝင်လေ၏။ သခင်ယေရှုက ``သင်ပြုရမည့်အမှုကို အလျင်အမြန်ပြုလော့'' ဟုမိန့်တော်မူ၏။-
သို့ဖြစ်၍သူသည်ရောမစစ်တပ်ခွဲတစ်တပ်ကို လည်းကောင်း၊ ယဇ်ပုရောဟိတ်ကြီးများနှင့်ဖာရိရှဲ များ၏အစောင့်တပ်သားများကိုလည်းကောင်း ခေါ်လာခဲ့၏။ သူတို့သည်မီးအိမ်များ၊ မီးတုတ် များနှင့်လက်နက်များကိုကိုင်ဆောင်လာကြ၏။-
(သူသည်မိမိဆိုးညစ်ယုတ်မာမှုကြောင့်ရရှိ သည့်ငွေဖြင့်လယ်တစ်ကွက်ကိုဝယ်ပြီးနောက် ထိုလယ်မြေပေါ်တွင်လဲကျသေဆုံးလေသည်။ သူ၏ဝမ်းဗိုက်သည်ပေါက်၍အူများထွက်လာ၏။-
ဘုရားသခင်အသုံးပြုတော်မူသည့်ဝမ်းနည်း ခြင်းသည်ကယ်တင်ခြင်းကိုရစေသည့်နောင်တ စိတ်ကိုဖြစ်ပေါ်စေတတ်၏။ ထို့ကြောင့်ဝမ်းနည်း မိသည့်အတွက်စိတ်မကောင်းမဖြစ်သင့်။ သို့ ရာတွင်လူ့ဝမ်းနည်းခြင်း၏အကျိုးကားသေ ခြင်းပေတည်း။-