ယာကုပ်နှင့်သူ၏မိသားစုတို့သည်ဗေသလ အရပ်မှခရီးထွက်ခဲ့ကြရာ ဧဖရတ်မြို့သို့ မရောက်မီခရီးအတန်ကွာနေရာသို့ရောက် သော်ရာခေလသည်မီးဖွားရန်အချိန်စေ့၍ ဝေဒနာပြင်းပြစွာခံရလေ၏။-
မိက္ခာ 5:2 - Common Language Bible ထာဝရဘုရားက``ဧဖရတ်ခရိုင်၊ ဗက်လင် မြို့၊ သင်သည်ယုဒပြည်တွင်သိမ်ငယ်သော မြို့တစ်မြို့ဖြစ်သော်လည်း ရှေးမင်းဆက်ထဲ မှဣသရေလအမျိုးသားတို့ကိုအုပ်စိုး မည့်ဘုရင်တစ်ပါးကိုငါပေါ်ထွန်းစေ မည်'' ဟုမိန့်တော်မူ၏။ Garrad Bible အို ဧ ဖ ရတ် ခ ရိုင် ဗက် လင် မြို့၊ သင် သည် ယု ဒ တိုက် နယ် များ တွင် သိမ် ငယ် သော် လည်း၊ ရှေး မ ဆွ မူ လ ရင်း မ ပျက်၊ ဣ သ ရေ လ လူ မျိုး ကို အုပ် စိုး မည့် မင်း သည်၊ ငါ့ အ ကျိုး အ လို့ ငှာ၊ သင် မှ ပေါ် ထွန်း လိမ့် မည်။ Judson Bible အို ဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေလအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဖို့ သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင် ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း “အို ဧဖရတ်ဗက်လင်မြို့၊ ယုဒမြို့များတွင် သင်သည် သေးငယ်သောမြို့ဖြစ်သော်လည်း ငါ့အဖို့ အစ္စရေးလူမျိုးကို အုပ်စိုးသူမင်းသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်။ ထိုသခင်သည် ရှေးမဆွကပင် ရှိနှင့်ပြီးဖြစ်၏။” |
ယာကုပ်နှင့်သူ၏မိသားစုတို့သည်ဗေသလ အရပ်မှခရီးထွက်ခဲ့ကြရာ ဧဖရတ်မြို့သို့ မရောက်မီခရီးအတန်ကွာနေရာသို့ရောက် သော်ရာခေလသည်မီးဖွားရန်အချိန်စေ့၍ ဝေဒနာပြင်းပြစွာခံရလေ၏။-
ရာခေလကွယ်လွန်သော်ဗက်လင်မြို့ဟုခေါ် တွင်သော ဧဖရတ်မြို့သို့သွားရာလမ်းအနီး တွင်သူ့အလောင်းကိုသင်္ဂြိုဟ်ကြလေ၏။-
ငါသည်သင်၏မိခင်ရာခေလအတွက် ကြောင့်ဤသို့စီမံရသည်။ ငါသည်မက်ဆို ပိုတေးမီးယားပြည်မြောက်ပိုင်းမှပြန်လာ စဉ် သင်၏မိခင်ရာခေလသည်ခါနာန်ပြည် ဧဖရတ်မြို့အနီး၌ကွယ်လွန်၍ငါသည် အလွန်ဝမ်းနည်းပူဆွေး၏။ ငါသည်သူ၏ အလောင်းကိုဧဖရတ်မြို့သို့သွားရာလမ်း အနီး၌သင်္ဂြိုဟ်ခဲ့၏'' ဟုဆိုလေ၏။ (ဧဖရတ် မြို့ကိုယခုအခါဗက်လင်မြို့ဟုခေါ် သည်။)
ယုဒသည်ရာဇလှံတံကိုကိုင်စွဲရလိမ့်မည်။ သူ၏အဆက်အနွယ်တို့၌အုပ်စိုးခြင်းအာဏာ အမြဲရှိလိမ့်မည်။ တိုင်းနိုင်ငံတို့သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာ ဆက်သ၍သူ့သြဇာကိုခံကြလိမ့်မည်။
ဗက်လင်မြို့ကိုတည်ထောင်သူစလမသည် နေတောဖာသိ၊ အတရုတ်၊ ဗက်ယွာဘသား ချင်းစုများနှင့်ဇောရိသားချင်းစုတို့၏ ဘိုးဘေးဖြစ်ပေသည်။ ဇောရိသားချင်းစု သည်မနဟေသိသားချင်းစုနှစ်စုမှ တစ်စုဖြစ်၏။
ယုဒအနွယ်သည်ခွန်အားအကြီးမားဆုံး ဖြစ်လာ၍ အနွယ်စုအပေါင်းတို့အတွက် မင်းပေါ်ထွန်းခဲ့၏။)-
ဗက်လင်မြို့တွင်ပဋိညာဉ်သေတ္တာတော် အကြောင်းကို ငါတို့ကြားသိကြ၍ယင်းသေတ္တာတော်ကို ယာရိမ်ကွင်း၌တွေ့ရှိရကြ၏။
တောင်များကိုဖြစ်ပေါ်စေတော်မမူမီနှင့် ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီ ကိုယ်တော်ရှင်သည်အစမရှိသောဘုရားသခင် ဖြစ်တော်မူပါ၏။ အဆုံးမရှိသောဘုရားသခင်လည်းဖြစ်တော် မူပါ၏။
သို့ရာတွင်သင်သည်လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့ကိုခေါင်းဆောင်နိုင် မည့်အရည်အချင်းရှိသူများကိုရွေးချယ် ခန့်ထားသင့်ပါသည်။ ထိုသူတို့သည်ဘုရား ကိုကြောက်ရွံ့၍ရိုးသားဖြောင့်မတ်လျက် အဂတိမလိုက်စားတတ်သူများဖြစ်ရ ကြမည်။-
သူသည်ဣသရေလအမျိုးသားအပေါင်း တို့အထဲမှ အရည်အချင်းပြည့်စုံသူတို့ကို ရွေး၍လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့တွင်ခေါင်းဆောင်များအဖြစ် ခန့်ထားလေ၏။-
ဒါဝိဒ်မင်းဆက်သည်ခုတ်လှဲသည့်သစ်ပင်နှင့် တူ၏။ သို့ရာတွင်သစ်ငုတ်မှအကိုင်းအခက် များထွက်လာသကဲ့သို့ ဒါဝိဒ်၏သားမြေး များအထဲမှဘုရင်သစ်တစ်ပါးပေါ်ထွက် လာလိမ့်မည်။
ထာဝရဘုရားသည်မိမိ၏အစေခံအား သွေ့ခြောက်သည့်မြေတွင်အမြစ်စွဲသည့် အပင်ငယ်ကဲ့သို့ရှင်သန်စေရန်အလိုတော် ရှိပါ၏။ ထိုသူ၌ပမာဏပြုလောက်သည့်ဂုဏ်အသရေနှင့် အဆင်းသဏ္ဌာန်လည်းမရှိ။ ချစ်ခင်နှစ်လိုဖွယ်ကောင်းသည့်ရုပ်ရည်လည်းမရှိ။ မိမိဘက်သို့ပါအောင်ဆွဲဆောင်နိုင်စွမ်းလည်းမရှိ။
ငါသည်သူ့ကိုလူမျိုးတကာတို့၏ခေါင်းဆောင် ဗိုလ်ချုပ်အဖြစ်ခန့်ထားစေပြီးလျှင်၊ ငါ၏ တန်ခိုးတော် ကိုလူတို့ရှေ့၌သက်သေဖြစ်စေမည်။
ယခုထာဝရဘုရားကိုယ်တော်တိုင်ပင် သင့် အားနိမိတ်လက္ခဏာတစ်ခုကိုပြတော်မူ လိမ့်မည်။ အမျိုးသမီးပျိုတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွားမြင် လိမ့်မည်။ သူသည်ထိုသားကို`ဧမာနွေလ' ဟုနာမည်ပေးလိမ့်မည်။-
သူတို့ကိုအုပ်စိုးမည့်သူသည်သူတို့လူမျိုးမှ ပေါ်ထွန်းရလိမ့်မည်။ သူတို့၏မင်းသည်သူတို့အမျိုးသားများ အထဲမှပေါ်ထွန်းရလိမ့်မည်။ ငါဖိတ်ခေါ်သောအခါထိုသူသည်ငါ့ထံသို့ ချဉ်းကပ်လိမ့်မည်။ ငါမဖိတ်မခေါ်ဘဲအဘယ်သူသည်ငါ့ထံသို့ ချဉ်းကပ်ဝံ့သနည်း။ သူတို့သည်ငါ၏လူမျိုးတော်ဖြစ်ကြလျက် ငါသည်လည်းသူတို့၏ဘုရားဖြစ်လိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ငါတို့သည်ထာဝရဘုရားကိုသိကျွမ်း ရန်ကြိုးစားအားထုတ်ကြကုန်အံ့။ နံနက် အရုဏ်တက်မြဲတက်သကဲ့သို့လည်းကောင်း၊ မိုးရာသီတွင်မြေကြီးပေါ်သို့မိုးရွာမြဲ ရွာသကဲ့သို့လည်းကောင်း ကိုယ်တော်သည် ငါတို့ထံသို့မုချကြွလာတော်မူမည်'' ဟုဆိုကြ၏။
ထာဝရဘုရားက``ပြိုပျက်နေသောအိုးအိမ် ပမာဖြစ်နေသည့်ဒါဝိဒ်နိုင်ငံကို ငါသည်ပြန် လည်၍တည်ဆောက်သောအချိန်ရောက်လိမ့်မည်။ ကွဲအက်နေသောနံရံတံတိုင်းတို့ကိုငါပြန် ပြုပြင်မည်။ ရှေးအခါကတည်နေသကဲ့ သို့ငါပြန်လည်ထူထောင်မည်။-
ယေရုရှလင်မြို့သားတို့၊ ယခုတွင်သင်တို့ သည်မြို့ကိုစွန့်၍ ကွင်းပြင်ထဲ၌နေထိုင်ကြ ရမည်ဖြစ်သောကြောင့် မီးဖွားသောမိန်းမ ကဲ့သို့ကိုယ်ကိုတွန့်လိမ်ညည်းတွားလျက်နေ ကြလော့၊ သင်တို့သည်ဗာဗုလုန်မြို့သို့သွား ရကြမည်။ သို့ရာတွင်ထိုအရပ်၌ထာဝရ ဘုရားသည် သင်တို့ကိုရန်သူများ၏လက် မှကယ်တင်တော်မူလိမ့်မည်။-
အနန္တတန်ခိုးရှင်ထာဝရဘုရားက``အို ဋ္ဌား၊ နိုးထ၍ငါ၏အမှုတော်ထမ်းသိုးထိန်းကို တိုက်ခိုက်လော့။ သူ့အားသတ်ဖြတ်လော့။ ထို အခါသိုးတို့သည်ကစင့်ကရဲဖြစ်၍သွား လိမ့်မည်။ ငါသည်မိမိ၏လူမျိုးတော်ကို တိုက်ခိုက်မည်ဖြစ်၍၊-
ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။
ဟေရုဒ်မင်း၏လက်ထက်၊ ယုဒပြည်ဗက်လင်မြို့ တွင် မယ်တော်မာရိသည်သူငယ်တော်ယေရှုကို ဖွားမြင်လေသည်။ ထိုအခါအရှေ့တိုင်းနိုင်ငံ မှပညာရှိတို့သည် ယေရုရှလင်မြို့သို့ရောက် လာပြီးလျှင်၊-
`အို ယုဒပြည်ဗက်လင်မြို့၊သင်သည်ယုဒပြည်ရှိ မြို့များအနက်သိမ်ငယ်လှသောမြို့မဟုတ်။ ငါ၏လူမျိုးတော်ဣသရေလအမျိုးသားတို့အား ရှေ့ဆောင်လမ်းပြမည့်ခေါင်းဆောင်တစ်ဦးသည် သင်၏အထဲမှပေါ်ထွန်းလိမ့်မည်' ဟုဟောကြားထားပါသည်'' ဟူ၍လျှောက်ထား ကြ၏။
သခင်ယေရှုသည်တပည့်တော်တို့အနီးသို့ကြွလာ တော်မူလျက် ``ကောင်းကင်ဘုံ၌လည်းကောင်း၊ ကမ္ဘာ မြေကြီးပေါ်၌လည်းကောင်းရှိသမျှသောတန်ခိုး အာဏာတို့ကိုငါခံယူရရှိထားလေပြီ။-
ထိုနောက်သူတို့က ``ဤသူသည်ပြည်သူတို့အား လမ်းလွဲစေရန် ကဲသာဘုရင်အားအခွန်တော် မပေးမဆက်နှင့်ဟုတားမြစ်သည်ကိုလည်း ကောင်း၊ မိမိကိုယ်ကိုမေရှိယတည်းဟူသော ဘုရင်တစ်ပါးဖြစ်ကြောင်းပြောဆိုသည်ကို လည်းကောင်း အကျွန်ုပ်တို့တွေ့ရှိရပါ၏'' ဟု ဆို၍ကိုယ်တော်ကိုစွပ်စွဲကြ၏။
ကိုယ်တော်၏ဦးခေါင်းအထက်တွင် ``ဤသူကား ယုဒရှင်ဘုရင်ပေတည်း'' ဟုကမ္ပည်းရေးထိုး ထားကြ၏။
မေရှိယသည်ဒါဝိဒ်မင်း၏သားမြေးဖြစ်လိမ့်မည် ဟူ၍လည်းကောင်း၊ ဒါဝိဒ်နေထိုင်ခဲ့သည့်ဗက်လင် ရွာမှပေါ်ထွန်းလိမ့်မည်ဟူ၍လည်းကောင်း ကျမ်း စာလာသည်မဟုတ်ပါလော'' ဟုဆိုကြ၏။-
သို့ဖြစ်၍ငါသည်သင်တို့အနွယ်ထဲမှပညာ ရှိ၍ အတွေ့အကြုံများသောခေါင်းဆောင်များ ကိုရွေးချယ်ပြီးလျှင်သင်တို့အားအုပ်ချုပ် စေ၏။ အချို့တို့ကိုလူတစ်ထောင်အုပ်၊ အချို့ တို့ကိုလူတစ်ရာအုပ်၊ အချို့တို့ကိုလူငါး ဆယ်အုပ်၊ အချို့တို့ကိုလူတစ်ဆယ်အုပ်အဖြစ် ခန့်ထားခဲ့သည်။ ထို့ပြင်သင်တို့အနွယ်အား လုံး၌ အခြားသောအရာရှိများကိုလည်း ခန့်ထားခဲ့၏။
ခရစ်တော်သည်ခပ်သိမ်းသောအရာတို့မပေါ် ပေါက်မီကပင်ရှိနေတော်မူ၏။ ခပ်သိမ်းသော အရာတို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝ တည်းဖြစ်သောအားဖြင့်စနစ်တကျတည် လျက်ရှိ၏။-
ယေရှုခရစ်သည်မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲမပြောင်းမလဲနေတော်မူ၏။-
ကိုယ်တော်သည်ယုဒအမျိုးအနွယ်မှဆင်းသက် တော်မူသည်မှာသိသာထင်ရှား၏။ ယဇ်ပုရော ဟိတ်အရာသည် ယုဒအမျိုးအနွယ်နှင့်ပတ် သက်ကြောင်းကိုမောရှေသည်တစ်ခွန်းမျှမပြော ပေ။
အသက်တော်တည်းဟူသောနှုတ်ကပတ်တော် အကြောင်းကိုငါတို့စာရေးလိုက်၏။ ထိုနှုတ် ကပတ်တော်သည်အစမူလကတည်းကပင် ရှိနေတော်မူခဲ့၏။ ထိုနှုတ်ကပတ်တော်ကို ငါတို့ကြားခဲ့ကြ၏။ ငါတို့ကိုယ်တိုင်မျက်စိ ဖြင့်မြင်ခဲ့ကြ၏။ ငါတို့လက်ဖြင့်စမ်းသပ် ကြည့်ရှုခဲ့ကြ၏။-
ကိုယ်တော်၏ဝတ်လုံတော်နှင့်ပေါင်တော်တွင်``ဘုရင် တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်'' ဟူသောအမည်နာမတော်ကိုရေးထားလျက် ရှိ၏။
စမုရနမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ``ဤသြဝါဒသည်အစနှင့်အဆုံးဖြစ်သူ၊ သေပြီးမှအသက်ပြန်၍ရှင်လာသူ၏ထံမှ ဖြစ်သည်။-
ထိုနောက်ကိုယ်တော်က``အမှုပြီးပြီ။ ငါသည် ပထမနှင့်နောက်ဆုံး၊ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သူအားအသက်စမ်းရေကိုအဖိုး အခမပေးရဘဲသောက်ခွင့်ငါပေးမည်။-
ထိုကာလ၌ယုဒပြည်ဗက်လင်မြို့တွင် နေထိုင် သောလေဝိအမျိုးသားလူငယ်တစ်ယောက်သည်၊-
ရှေးအခါကဣသရေလနိုင်ငံတွင် ဘုရင် မရှိသေးမီအချိန်၌ငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်သဖြင့် ယုဒပြည်ဗက်လင်မြို့ သားဧလိမလက်သည် မိမိ၏ဇနီးနှင့်သား နှစ်ယောက်တို့ကိုခေါ်၍မောဘပြည်တွင်ခေတ္တ သွားရောက်နေထိုင်လေသည်။ သားနှစ်ယောက် တို့၏နာမည်များမှာမဟာလုန်နှင့်ခိလျှုန် ဖြစ်၏။ သူတို့သည်ဧဖရတ်သားချင်းစု ဝင်များတည်း။ မောဘပြည်တွင်သူတို့နေ ထိုင်လျက်ရှိစဉ်၊-
မြို့အကြီးအကဲများနှင့်အခြားသူတို့ ကလည်း``ငါတို့သည်အသိသက်သေဖြစ် ကြပါ၏။ သင်၏ဇနီးအားယာကုပ်အတွက် သားသမီးအမြောက်အမြားမွေးဖွားပေး သည့်ရာခေလနှင့်လေအာတို့ကဲ့သို့ဖြစ် စေရန် ထာဝရဘုရားကူမတော်မူပါစေ သော။ သင်သည်လည်းဧဖရတ်သားချင်းစု တွင်ချမ်းသာကြွယ်ဝလျက် ဗက်လင်မြို့ ၌ထင်ပေါ်ကျော်စောပါစေသော။-
ငါသည်သင်တို့၏ဘုရား၊ ဆင်းရဲဒုက္ခများ နှင့်အခက်အခဲများမှသင်တို့ကိုကယ် တော်မူသောဘုရားဖြစ်တော်မူ၏။ သို့ရာ တွင်သင်တို့သည်ငါ့ကိုပစ်ပယ်ကာငါ၏ ထံမှဘုရင်ကိုတောင်းခံခဲ့ကြ၏။ ကောင်း ပြီ။ သင်တို့သည်ထာဝရဘုရား၏ရှေ့ တော်၌အနွယ်အလိုက်၊ သားချင်းစုအလိုက် စုရုံးကြလော့' ဟုမိန့်တော်မူသည်။''
ဒါဝိဒ်သည်ယုဒပြည်၊ ဗက်လင်မြို့မှဧဖရတ် အရပ်သားယေရှဲ၏သားဖြစ်၏။ ယေရှဲတွင် သားရှစ်ယောက်ရှိ၏။ ရှောလုမင်းနန်းစံချိန်၌ ယေရှဲသည်များစွာအိုမင်းလျက်နေလေပြီ။-
တပ်မှူးအတွက်ဒိန်ခဲဆယ်လုံးကိုလည်းယူ ၍သွားပါလေ။ သင်၏အစ်ကိုများကျန်းမာ သည်မကျန်းမာသည်ကိုစုံစမ်းပြီးလျှင် သူတို့ကျန်းမာစွာရှိကြောင်းသက်သေတစ် ခုခုကိုယူခဲ့လော့။-
သူပုန်းအောင်းနေသည့်အရပ်များကိုတိကျ သေချာစွာမှတ်သားပြီးမှ ငါ့ထံသို့ချက် ချင်းသတင်းပေးပို့လော့။ ထိုအခါသင်တို့ နှင့်အတူငါလိုက်၍ရှာဖွေမည်။ ဒါဝိဒ်သည် ယုဒပြည်တွင်ရှိနေသေးလျှင် ငါသည်ယုဒ ပြည်တစ်လျှောက်လုံးကိုပင်လိုက်လံရှာဖွေ ရစေကာမူသူ့ကိုမိအောင်ဖမ်းမည်'' ဟု မိန့်တော်မူ၏။
သူသည်အချို့ကိုလူတစ်ထောင်တပ်မှူးများ၊ အချို့ကိုလူငါးဆယ်တပ်မှူးများအဖြစ် ခန့်ထားလိမ့်မည်။ သင်တို့၏သားများသည် ဘုရင်၏လယ်များကိုထွန်၍ သူ၏စပါးများ ကိုရိတ်သိမ်းရလိမ့်မည်။ သူ၏လက်နက်များ၊ စစ်ရထားတန်ဆာများကိုပြုလုပ်ရကြ လိမ့်မည်။-