ကိုယ်တော်ရှင်၏အဖို့အနှစ်တစ်ထောင်သည် တစ်နေ့ကဲ့သို့ဖြစ်ပါ၏။ ကုန်လွန်ပြီးသည့်ယမန်နေ့ကဲ့သို့လည်းကောင်း၊ တိုတောင်းသောညဥ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
ဗျာဒိတ် 20:3 - Common Language Bible ကောင်းကင်တမန်သည်နဂါးကိုတွင်းနက်ကြီး ထဲသို့ပစ်ချကာတွင်းကိုပိတ်ပြီးနောက် အနှစ် တစ်ထောင်ကုန်ဆုံးသည့်တိုင်အောင်လူမျိုးတကာ တို့အားမှောက်မှားလမ်းလွဲမှုမပြုနိုင်စေရန် တံဆိပ်ခတ်နှိပ်၍ထား၏။ အနှစ်တစ်ထောင် ကုန်ဆုံးချိန်၌သူ့အားခေတ္တလွှတ်ပေးရမည်။ Garrad Bible ထို နှစ် ပေါင်း တစ် ထောင် မ ကုန် မီ လူ အ မျိုး မျိုး တို့ ကို ထပ် မံ မ လှည့် ဖြား နိုင် စေ ရန် ပိတ်၍ တံ ဆိပ် ခတ် ထား သည် ကို ငါ မြင် ရ ၏။ ထို ကာ လ ကုန် လွန် သည့် နောက် တစ် ခ ဏ မျှ လွှတ် ရ ဦး မည်။ Judson Bible အနှစ်တစ်ထောင် မကုန်မီတိုင်အောင်၊ လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသော တွင်းထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တစ်ထောင်ကုန်ပြီးမှ တစ်ဖန် ခဏလွှတ်ရဦးမည်။ မြန်မာ့စံမီသမ္မာကျမ်း အနှစ်တစ်ထောင်ကုန်ဆုံးသည်အထိ လူများတို့ကို နောက်ထပ်မလှည့်ဖြားနိုင်ရန် သူ့ကို အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲသို့ပစ်ချလျက် ပိတ်လှောင်ကာ အပေါ်မှတံဆိပ်ခတ်ထားလေ၏။ ထိုအချိန်ကာလများပြီးမှ သူ့ကို ခေတ္တခဏလွှတ်ပေးရမည်ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း နှစ်ပေါင်းတစ်ထောင်ကုန်ဆုံးသည်အထိ လူမျိုးများကို ထပ်မံမလှည့်ဖြားနိုင်တော့ရန် သူ့ကို တွင်းနက်ကြီးထဲသို့ ပစ်ချ၍ ပိတ်လှောင်ကာ တံဆိပ်ခတ်လေ၏။ နှစ်ပေါင်းတစ်ထောင် ကုန်ဆုံးချိန်တွင် သူ့ကို ခေတ္တမျှ လွှတ်ထားရမည်။ |
ကိုယ်တော်ရှင်၏အဖို့အနှစ်တစ်ထောင်သည် တစ်နေ့ကဲ့သို့ဖြစ်ပါ၏။ ကုန်လွန်ပြီးသည့်ယမန်နေ့ကဲ့သို့လည်းကောင်း၊ တိုတောင်းသောညဥ့်ယံတစ်ယံကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
ကျောက်ပြားဖြင့်တွင်းဝကိုပိတ်စေပြီး နောက်မင်းကြီးသည် အဘယ်သူမျှဒံယေလ အားမကယ်နိုင်စေရန် မိမိ၏တံဆိပ်တော် နှင့်မှူးမတ်တို့၏တံဆိပ်များကို ကျောက် ပြားပေါ်တွင်ခတ်နှိပ်၍ထားစေတော်မူ၏။-
မေရှိယအတုအယောင်များ၊ ပရောဖက်အတု အယောင်များပေါ်ပေါက်လာလိမ့်မည်။ သူတို့သည် ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ်ထားတော်မူ သောသူများကိုပင်လှည့်စားနိုင်ရန်အံ့သြဖွယ် နိမိတ်လက္ခဏာများနှင့်ထူးဆန်းသည့်အမှု အရာများကိုပြကြလိမ့်မည်။-
သို့ဖြစ်၍ထိုသူတို့သည် သင်္ချိုင်းဂူသို့သွားပြီးလျှင် ကျောက်တုံးကိုချိပ်တံဆိပ်ခတ်နှိပ်ကာ သင်္ချိုင်းဂူကို လုံခြုံစွာပိတ်ထားကြ၏။ ထိုနောက်စောင့်ကြပ်ရန် အစောင့်တပ်သားများကိုချထားကြ၏။
နတ်မိစ္ဆာတို့သည် ``အကျွန်ုပ်တို့အားတွင်းနက်ကြီး ထဲသို့လားစေရန်အမိန့်ပေးတော်မမူပါနှင့်'' ဟုတောင်းပန်ကြ၏။
ဧဝသည်မြွေ၏ကောက်ကျစ်စဉ်းလဲမှုဖြင့် အလှည့်စားခံရသကဲ့သို့သင်တို့သည်လည်း စိတ်ဖောက်ပြန်ကာ ခရစ်တော်အားအကြွင်းမဲ့ ချစ်ခင်စွဲလမ်းမှုကိုစွန့်လွှတ်လိုက်ကြမည် လောဟုငါစိုးရိမ်မိ၏။-
သို့ရာတွင်ငါ၏ချစ်ဆွေတို့၊ ထာဝရဘုရား ၏အဖို့တစ်ရက်သည်နှစ်တစ်ထောင်ကဲ့သို့လည်း ကောင်း၊ နှစ်တစ်ထောင်သည်တစ်ရက်ကဲ့သို့လည်း ကောင်းဖြစ်သည်ကိုမမေ့လျော့ကြနှင့်။-
ကမ္ဘာသူကမ္ဘာသားတို့အားလှည့်ဖြားသူနတ် မိစ္ဆာဘုရင်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍ လည်းကောင်းခေါ်ဝေါ်ခြင်းခံရသူရှေးမြွေ နဂါးကြီးသည် မိမိ၏ဘက်သားကောင်းကင် တမန်များနှင့်အတူကမ္ဘာမြေပေါ်သို့ပစ်ချ ခြင်းကိုခံရလေသည်။
သူသည်ပထမသားရဲ၏ရှေ့၌ပြပိုင်ခွင့် ရှိသည့်နိမိတ်လက္ခဏာများကိုပြ၍ ကမ္ဘာ သူကမ္ဘာသားတို့အားမှောက်မှားလမ်းလွဲစေ လေသည်။ ဋ္ဌားဒဏ်ရာကိုရရှိသော်လည်း မသေဘဲရှင်နေသူထိုသားရဲအား ရိုသေ ဂုဏ်ပြုသည့်အနေဖြင့်သူ၏ရုပ်တုကိုပြု လုပ်ရန်ကမ္ဘာသူကမ္ဘာသားတို့အားစေခိုင်း ၏။-
ကမ္ဘာပေါ်ရှိရှင်ဘုရင်များသည်ထိုအမျိုးသမီး နှင့်ကာမဂုဏ်ခံစားခဲ့ကြ၏။ ကမ္ဘာသူကမ္ဘာသား တို့သည်လည်းသူ၏ကာမဂုဏ်ခံစားမှုတည်း ဟူသောစပျစ်ရည်ဖြင့်မူးယစ်ခဲ့ကြ၏'' ဟု ဆို၏။
သင်မြင်ရသည့်သားရဲသည်အခါတစ်ပါးက အသက်ရှင်ခဲ့သော်လည်း ယခုအသက်မရှင် တော့ပေ။ သူသည်တွင်းနက်ကြီးထဲမှတက်လာ ပြီးလျှင် ဖျက်ဆီးခြင်းခံရပေတော့မည်။ ကမ္ဘာ လောကကိုဖန်ဆင်းတော်မမူမီကပင်လျှင် အသက်စာစောင်စာရင်းတွင်မပါဝင်သူ ကမ္ဘာသူကမ္ဘာသားတို့သည် ထိုသားရဲကို မြင်သောအခါအံ့သြကြလိမ့်မည်။ သူသည် အခါတစ်ပါးကအသက်ရှင်ခဲ့၏။ ယခု အသက်မရှင်တော့သော်လည်းနောက်တစ်ဖန် အသက်ရှင်၍လာဦးမည်။
ထိုနောက်ကောင်းကင်တမန်တစ်ပါးသည်တွင်း နက်ကြီး၏သော့ကိုလည်းကောင်း၊ သံကြိုးကြီး ကိုလည်းကောင်း ကိုင်လျက်ကောင်းကင်မှဆင်း လာသည်ကိုငါမြင်ရ၏။-