ဒံယေလ 7:9 - Common Language Bible
ငါသည်ကြည့်ရှုနေစဉ်ရာဇပလ္လင်များကိုတည်ထားသည်ကိုလည်းကောင်း၊ တစ်ခုသောပလ္လင်ပေါ်တွင်ထာဝစဉ်အသက်ရှင်တော်မူသောအရှင် ထိုင်လျက်နေတော်မူသည်ကိုလည်းကောင်းမြင်ရ၏။ ထိုအရှင်၏အဝတ်တို့သည်မိုးပွင့်ကဲ့သို့ဖြူ၍ဆံတော်သည်လည်းသိုးမွေးစစ်နှင့်တူ၏။ ရဲရဲတောက်နေသောဘီးများတပ်ဆင်ထားသည့်ကိုယ်တော်၏ပလ္လင်တော်သည်မီးလျှံထလျက်နေ၏။-
အခန်းကိုကြည့်ပါ။
ငါ ရှု ကြည့် စဉ် ရာ ဇ ပ လ္လင် များ ကို တည် ထား လျက် အ သက် ကြီး ရင့် သူ တစ် ပါး သည် ထိုင် တော် မူ၏။ ဝတ် လုံ တော် သည် မိုး ပွင့် ကဲ့ သို့ လည်း ကောင်း၊ ဆံ တော် လည်း သိုး မွေး စင် ကဲ့ သို့ လည်း ကောင်း ဖြူ၏။ ပ လ္လင် တော် သည် မီး လျှံ သ ဖွယ် ဘီး များ လည်း မီး တောက် သ ဖွယ် ဖြစ်၏။
အခန်းကိုကြည့်ပါ။
ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍၊ အသက်ကြီးသော သူတစ်ဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုးပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသော သိုးမွေးနှင့်တူ၏။ ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီး ရှိ၏။
အခန်းကိုကြည့်ပါ။
ငါကြည့်လျက်နေစဉ် ပလ္လင်များကိုခင်းကျင်း၍ သက်တော်ကြီးရင့်သောအရှင် ထိုင်တော်မူ၏။ အဝတ်တော်သည် နှင်းပွင့်ကဲ့သို့ဖြူ၏။ ဦးခေါင်းတော်မှဆံပင်သည်လည်း သိုးမွေးကဲ့သို့ ဖြူ၏။ ပလ္လင်တော်သည် မီးလျှံ၊ ဘီးတော်တို့သည် မီးတောက် ဖြစ်၏။
အခန်းကိုကြည့်ပါ။