အရိပ်တမျှခဏသာအသက်ရှင်ပါ၏။ သူပြုသမျှသောအမှုအရာတို့သည်ဘာမျှ အကျိုးမရှိ။ သူသည်စည်းစိမ်ဥစ္စာကိုစုဆောင်းသော်လည်း အဘယ်အရာကိုအဘယ်သူရရှိလိမ့်မည်ကို သူမသိ။
ဒံယေလ 11:4 - Common Language Bible သို့ရာတွင်သူ၏တန်ခိုးအာဏာအကြီး မားဆုံးအချိန်သို့ရောက်သောအခါ အင် ပါယာနိုင်ငံသည်လေးစိတ်ကွဲ၍သွားလိမ့် မည်။ သူ၏အဆက်အနွယ်မဟုတ်သူတို့သည် ထိုနိုင်ငံကိုအုပ်စိုးကြလိမ့်မည်။ သို့ရာတွင် သူတို့သည်ထိုဘုရင်လောက်တန်ခိုးကြီး ကြလိမ့်မည်မဟုတ်။ Garrad Bible ထို မင်း ပေါ် လျှင် ပေါ် ချင်း နိုင် ငံ ကျိုး ပဲ့၍ အုပ် ချုပ် သော တိုင်း နိုင် ငံ နှင့် မ တူ၊ သူ့ အ မျိုး အ နွယ် တို့ အား လည်း မ ဟုတ်၊ အ ရပ် လေး မျက် နှာ တိုင် အောင် ကွဲ လွင့် ရာ၊ ထို နိုင် ငံ ကို နုတ် ပစ် လျက် သူ တစ် ထူး တို့ အား ပေး ဝေ ကြ လိမ့် မည်။ Judson Bible ထိုသူသည် ပေါ်လာပြီးမှ နိုင်ငံတော်ကျိုးပဲ့၍ သူတစ်ပါးတို့သည် မိုးကောင်းကင်လေးမျက်နှာတို့၌ ခွဲဝေကြလိမ့်မည်။ သို့ရာတွင် အစိုးရသော သူတို့သည် အမျိုးအနွယ်တော်မဟုတ်။ အာဏာတော်နှင့် အစိုးမရ၊ နိုင်ငံတော်ကို နုတ်ပစ်၍ အမျိုးအနွယ်တော်မှတစ်ပါး အခြားသော သူတို့သည် ရကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သူပေါ်လာပြီးမကြာမီမှာပင် သူ့နိုင်ငံသည် ပျက်စီးသွား၍ မိုးကောင်းကင်အောက်အရပ်လေးမျက်နှာသို့ ကွဲပြားသွားလိမ့်မည်။ ထိုနိုင်ငံကို သူ၏သားစဉ်မြေးဆက်တို့ ဆက်ခံရကြမည်မဟုတ်။ သူအုပ်စိုးခဲ့သည့်အာဏာစက်မျိုး ရှိတော့မည်မဟုတ်။ သူ၏နိုင်ငံကို သူ့လက်မှနုတ်ယူ၍ အခြားသူတို့လက်သို့ ပေးအပ်လိမ့်မည်။ |
အရိပ်တမျှခဏသာအသက်ရှင်ပါ၏။ သူပြုသမျှသောအမှုအရာတို့သည်ဘာမျှ အကျိုးမရှိ။ သူသည်စည်းစိမ်ဥစ္စာကိုစုဆောင်းသော်လည်း အဘယ်အရာကိုအဘယ်သူရရှိလိမ့်မည်ကို သူမသိ။
လူသည်အဘော်အဘက်၊ သားသမီး၊ ညီအစ်ကို မရှိ၊ တယောက်တည်းဖြစ်သော်လည်း၊ ကြိုးစားအားထုတ် ၍ မကုန်နိုင်။ မိမိစည်းစိမ်ကိုမြင်၍ မရောင့်ရဲနိုင်။ ငါသည် ကိုယ်ကိုညှဉ်းဆဲ၍၊ အဘယ်သူအဘို့ ကြိုးစား အားထုတ်သနည်းဟု မမေးတတ်။ ဤအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ပင်ပန်းစေသောအမှုဖြစ်၏။
သို့ရာတွင်ငါသည်သူတို့အားယင်းသို့ဆွဲ ထုတ်ပြီးနောက်ကရုဏာပြမည်။ ထိုလူမျိုး အသီးသီးကိုမိမိတို့ပိုင်သည့်နယ်မြေသို့ လည်းကောင်း၊ မိမိတို့၏ပြည်သို့လည်းကောင်း ပြန်လည်ပို့ဆောင်မည်။-
သို့ရာတွင်ငါ့စကားကိုနားမထောင်သော လူမျိုးကို ငါသည်အမြစ်မှနုတ်၍ဖျက်ဆီး ပစ်မည်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
အကယ်၍ငါသည်အဘယ်အခါ၌မဆိုဤ မည်သောလူမျိုးကိုသော်လည်းကောင်း၊ ဤမည် သောတိုင်းပြည်ကိုသော်လည်းကောင်းနုတ်ပယ် ဖြိုချဖျက်ဆီးတော်မူမည်ဟုဆိုပြီးနောက်၊-
လူသေအလောင်းများနှင့်အမှိုက်များစွန့်ပစ် ရာချိုင့်ဝှမ်းတစ်ခုလုံးသည်လည်းကောင်း၊ အရှေ့ ဘက်မြင်းတံခါးတိုင်အောင်ကေဒြုန်ချောင်း အထက်ရှိလယ်ပြင်အပေါင်းသည်လည်းကောင်း ငါ့အဖို့မြင့်မြတ်သန့်ရှင်းရာဖြစ်လိမ့်မည်။ ဤမြို့တော်ကိုနောက်တစ်ဖန်အဘယ်အခါ ၌မျှဖြိုချဖျက်ဆီးရလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။
ငါထာဝရဘုရားသည်မိမိတည်ဆောက် ထားသည့်အရာကိုဖြိုဖျက်၍ စိုက်ပျိုးထား သည့်အရာကိုဆွဲနုတ်လျက်ရှိ၏။ ကမ္ဘာမြေ တစ်ပြင်လုံးတွင်ဤအတိုင်းငါပြုမည်။-
ကောင်းကင်အရပ်လေးမျက်နှာမှလာသော လေကိုဧလံပြည်သို့တိုက်ခတ်စေ၍ ပြည်သူ တို့အားအရပ်တကာသို့ကွဲလွင့်စေမည်။ ထို ဒုက္ခသည်များမရောက်ကြသည့်တိုင်းနိုင်ငံ တစ်ခုမျှရှိလိမ့်မည်မဟုတ်။-
ဘုရားသခင်ကငါ့အား``အချင်းလူသား၊ လေအားဟောပြောလော့။ အရပ်ရှစ်မျက်နှာ မှတိုက်ခတ်လာကာဤလူသေကောင်များ ပြန်၍အသက်ရှင်စေရန် ထွက်သက်ဝင်သက် လေကိုမှုတ်သွင်းရန်အရှင်ထာဝရဘုရား မိန့်တော်မူကြောင်းလေအားဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
လေတို့သည်အရပ်လေးမျက်နှာမှတိုက်ခတ်သဖြင့် သမုဒ္ဒရာရေပြင်တွင်ပြင်းစွာလှိုင်းတံပိုးထလေ၏။-
ငါသည်ဆက်လက်၍ကြည့်ရှုနေစဉ်အခြားသားရဲတစ်ကောင်ကိုမြင်ရ၏။ ထိုသားရဲသည်ကျားသစ်နှင့်တူ၏။ သူ၏ကျောပေါ်တွင်ငှက်တောင်ပံများနှင့်တူသောအတောင်လေးခုရှိ၏။ သူ့မှာဦးခေါင်းလေးလုံးရှိ၏။ သူသည်တန်ခိုးအာဏာရှိပုံရ၏။
ထိုဦးချိုတို့ကိုကြည့်နေစဉ်ယင်းတို့အကြားမှဦးချိုငယ်တစ်ချောင်းပေါ်လာသည်ကိုငါမြင်ရ၏။ ထိုဦးချိုငယ်ကရှိပြီးဦးချိုသုံးချောင်းကိုဖယ်ရှားလိုက်လေသည်။ ထိုဦးချိုငယ်တွင်လူကဲ့သို့မျက်စိများနှင့်ကြွားဝါတတ်သောနှုတ်ရှိ၏။
ထိုဦးချိုကျိုး၍သွားသောအခါပေါက်လာ သည့်ဦးချိုလေးချောင်းတို့မှာ ထိုနိုင်ငံမှကွဲ ပြားပေါ်ပေါက်လာမည့်နိုင်ငံလေးခုဖြစ်၏။ သို့ရာတွင်ထိုနိုင်ငံတို့သည် ပထမနိုင်ငံ လောက်အင်အားကြီးမားကြလိမ့်မည် မဟုတ်။
ဆိတ်သည်ပို၍ပို၍မာန်မာနထောင်လွှား လာ၏။ သို့ရာတွင်သူတန်ခိုးအကြီးဆုံး အချိန်သို့ရောက်သောအခါသူ၏ဦးချို သည်ကျိုးသွားပြီးလျှင် ထိုဦးချို၏နေရာ တွင်အရပ်လေးမျက်နှာသို့ငေါထွက်နေ သောဦးချိုလေးချောင်းပေါက်၍လာလေ သည်။-
ထာဝရဘုရားကမိမိ၏လူမျိုးတော် အား``ငါသည်သင်တို့ကိုအရပ်တကာသို့ ကွဲလွင့်စေတော်မူခဲ့၏။-
ကောင်းကင်တမန်က``ယင်းတို့သည်လေလေးပါး ဖြစ်၏။ ထိုလေတို့သည်ကမ္ဘာမြေပြင်တစ်ခုလုံး ကိုအစိုးရသောအရှင်၏ရှေ့တော်မှောက်မှ ယခုပင်ထွက်လာခဲ့ကြ၏'' ဟုဆိုလေသည်။
ထိုသူတို့၏စိတ်နှလုံးအကြံအစည်ကိုသိတော်မူ သဖြင့်ကိုယ်တော်က ``နိုင်ငံတစ်ခုတွင်လူတို့သည် စိတ်ဝမ်းကွဲပြားလျက် အချင်းချင်းတိုက်ခိုက်နေလျှင် ထိုနိုင်ငံသည်မကြာမီပျက်စီးလိမ့်မည်။ ထိုနည်း တူလူတို့စိတ်ဝမ်းကွဲပြားလျက်နေသောမြို့ သို့မဟုတ်အိမ်ထောင်သည်မရပ်မတည်နိုင်ရာ။-
သို့ရာတွင်ဘုရားသခင်က `အချင်းလူမိုက်၊ ယခုညဥ့်ပင်သင့်အသက်ချုပ်ငြိမ်းရလိမ့်မည်။ သို့ဖြစ်၍သင်စုဆောင်းထားသည့်ဥစ္စာပစ္စည်း များကား အဘယ်သူ၏လက်သို့ရောက်လိမ့် မည်နည်း' ဟုမိန့်တော်မူ၏။
ထိုနောက်ကောင်းကင်တမန်လေးပါးတို့သည် ကမ္ဘာမြေကြီးစွန်းအရပ်လေးမျက်နှာတွင် ရပ်လျက်နေသည်ကိုငါမြင်ရ၏။ သူတို့သည် ကုန်းမြေပေါ်နှင့်ပင်လယ်ပြင်၌သော်လည်းကောင်း၊ သစ်ပင်များကိုသော်လည်းကောင်းလေမတိုက် ခတ်နိုင်စေရန် အရပ်လေးမျက်နှာမှလေတို့ ကိုဆွဲကိုင်ထားကြ၏။-