မိမိအိမ်ကိုနှောင့်ရှက်သော သူသည် လေကို အမွေခံရလိမ့်မည်။ မိုက်သောသူသည်လည်း၊ လိမ္မာသော သူထံ၌ ကျွန်ခံရလိမ့်မည်။
ဒေသနာကျမ်း။ 5:16 - Common Language Bible သူသည်လာသကဲ့သို့ အလျှင်းမခြားနားဘဲ၊ သွား ရသောမှုအရာသည် အလွန်ဆိုးသောအမှုအရာဖြစ်၏။ လေကို ရအံ့သောငှါ ကြိုးစားအားထုတ်သော သူသည် အဘယ်ကျေးဇူးရှိသနည်း။ Garrad Bible ထို သူ သည်၊ အ ရာ ရာ တွင် လာ ခဲ့ ရ သည့် နည်း သူ၊ ပြန် သွား ရ သည့် အ ကြောင်း မှာ၊ ဘေး ဆိုး ဖြစ်၏။ လေ ကို ရ ရန် သာ လုပ် ကိုင် ရ သော ထို သူ၌၊ မည် သည့် အ ကျိုး ရှိ သ နည်း။ Judson Bible သူသည် လာသကဲ့သို့ အလျှင်းမခြားနားဘဲ၊ သွားရသောမှုအရာသည် အလွန်ဆိုးသော အမှုအရာဖြစ်၏။ လေကိုရအံ့သောငှာ ကြိုးစားအားထုတ်သောသူသည် အဘယ်ကျေးဇူးရှိသနည်း။ မြန်မာ့စံမီသမ္မာကျမ်း ဤအရာသည်လည်း ဆိုးရွား၍ငြီးငွေ့ဖွယ်ကောင်းသောအမှုဖြစ်၏။ လူသည် မိမိလာသည့်အတိုင်း အလျှင်းမခြားနားဘဲ ပြန်သွားရမည်။ သူသည် လေအတွက်ကြိုးပမ်းအားထုတ်သည်ဖြစ်၍ သူ၌မည်သည့်အကျိုးရှိသနည်း။ |
မိမိအိမ်ကိုနှောင့်ရှက်သော သူသည် လေကို အမွေခံရလိမ့်မည်။ မိုက်သောသူသည်လည်း၊ လိမ္မာသော သူထံ၌ ကျွန်ခံရလိမ့်မည်။
ထိုအခါငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ။
စည်းစိမ်ရှင်သည် ကိုယ်အကျိုးပျက်သည်တိုင် အောင်၊ စည်းစိမ်ကိုသိုထားခြင်းတည်းဟူသော၊ နေ အောက်၌ အလွန်ဆိုးသောအမှုအရာကို ငါမြင်ပြီ။
ကျွန်တော်မျိုးတို့သည်နာကျင်ခြင်း ဝေဒနာခံရကြပါ၏။ သို့ရာတွင်အဘယ်အမှုကိုမျှ မဖြစ်ပွားစေပါ။ ကျွန်တော်မျိုးတို့သည်မိမိတို့နိုင်ငံအတွက် အဘယ်အောင်ပွဲကိုမျှမရကြပါ။ အဘယ်အမှုကိုမျှအထမြောက်အောင် ဆောင်နိုင်ခဲ့သည်မရှိပါ။
ယဇ်ပုရောဟိတ်တို့က`ထာဝရဘုရားသည် အဘယ်မှာရှိတော်မူပါသနည်း' ဟုမမေးကြ။ ငါ၏ယဇ်ပုရောဟိတ်တို့သည်ငါ့ကိုမသိ။ အုပ်ချုပ်သူတို့သည်ငါ့ကိုပုန်ကန်ကြ၏။ ပရောဖက်တို့ကဗာလဘုရား၏အမည်နာမကို တိုင်တည်ပြောဆိုကာ အသုံးမဝင်သည့်ရုပ်တုများကိုဝတ်ပြု ရှိခိုးကြ၏။
သူတို့သည်လေကိုကြဲသဖြင့်မုန်တိုင်းကို ရိတ်သိမ်းရလိမ့်မည်။ လယ်စပါးမရင့်မှည့် လျှင်ဆန်စပါးကိုမရနိုင်။ ထိုလယ်မှဆန် စပါးထွက်သည့်တိုင်အောင်အခြားနိုင်ငံ သားတို့စားသုံးကြလိမ့်မည်။-
လူသည်ကမ္ဘာလောကတစ်ခုလုံးကိုအစိုးရ သော်လည်း မိမိ၏အသက်ဝိညာဉ်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။-
ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။
ဘုရားအတုအယောင်တို့နောက်သို့မလိုက်ကြ နှင့်။ ထိုဘုရားများသည်ဘုရားအစစ်မဟုတ် သဖြင့်သင်တို့အားကူမရန်သော်လည်းကောင်း၊ ကယ်တင်ရန်သော်လည်းကောင်းမတတ်နိုင်ကြ။-