Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 26:18 - Common Language Bible

18 ကျွန်​တော်​မျိုး​တို့​သည်​နာ​ကျင်​ခြင်း ဝေ​ဒ​နာ​ခံ​ရကြ​ပါ​၏။ သို့​ရာ​တွင်​အ​ဘယ်​အ​မှု​ကို​မျှ မ​ဖြစ်​ပွား​စေ​ပါ။ ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​နိုင်​ငံ​အ​တွက် အ​ဘယ်​အောင်​ပွဲ​ကို​မျှ​မ​ရ​ကြ​ပါ။ အ​ဘယ်​အမှု​ကို​မျှ​အ​ထ​မြောက်​အောင် ဆောင်​နိုင်​ခဲ့​သည်​မ​ရှိ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 သ န္ဓေ လွယ် လျက် ဝေ ဒ နာ ခံ စား ရ သော် လည်း၊ နေ ပြည် တွင် ဘေး လွတ် ခြင်း အ မှု ကို လည်း‌ ကောင်း၊ သား ဖွား ခြင်း အ မှု ကိုလည်း‌ ကောင်း၊ မ ဖြစ် စေ ဘဲ၊ လေ ကို သာ ဖွား မြင် ရ ကြ ပါ သည် တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 အ​ကျွန်ုပ်​တို့​သည် ကိုယ်​ဝန်​ဆောင်၍ နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သော်​လည်း၊ လေ​ကို​ဖွား​သ​ကဲ့​သို့ ဖြစ်​ကြ​ပါ​ပြီ​တ​ကား။ ပြည်​သား​တို့​သည် ကယ်​တင်​ခြင်း​သို့​မ​ရောက်​ကြ။ လော​ကီ​သား​တို့​သည် မ​လဲ​ကြ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 အကျွန်ုပ်​တို့​သည် ကိုယ်ဝန်ဆောင်​သော်လည်း​၊ လူးလွန့်​ရ​သော်လည်း လေ​ကို​ဖွားမြင်​ကြ​၏​။ အကျွန်ုပ်​တို့​သည် ကမ္ဘာမြေကြီး​ပေါ်သို့ ကယ်တင်​ခြင်း​ကို မ​ယူဆောင်​လာ​နိုင်​ပါ​။ လောကသား​တို့​ကို​လည်း မ​လဲကျ​စေ​နိုင်​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 26:18
12 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​က``ယ​နေ့​သည်​ဒု​က္ခ​ရောက်​ရာ​နေ့​ဖြစ် ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​၍ အ​ရှက်​ကွဲ​လျက်​ရှိ​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည် သား​ဖွား​ချိန်​စေ့​သော်​လည်း သား​ဖွား​နိုင်​ရန် အား​မ​ရှိ​သည့်​အမျိုး​သ​မီး​နှင့်​တူ​ပါ​၏။-


ဤ​ဘ​ဝ​တွင်​အလို​ဆန္ဒ​ရှိ​သ​မျှ​အ​တိုင်း ပြည့်​ဝ​ကြ​သူ​တို့​၏​လက်​မှ​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ သူ​တို့​အ​တွက်​ကိုယ်​တော်​သို​မှီး​ထား​သည့် ဆင်း​ရဲ​ဒုက္ခ​များ​အား​ဖြင့် သူ​တို့​အား​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ ဤ​ဆင်း​ရဲ​ဒုက္ခ​များ​ကို​သူ​တို့​၏ သား​သ​မီး​များ​သည်​သာ​မ​က သူ​တို့​၏​မြေး​မြစ်​များ​သည်​လည်း ခံ​စား​ရ​စေ​တော်​မူ​ပါ။


သင်​တို့​သည်​အ​ကျိုး​မ​ရှိ​သည့်​အ​ကြံ​အ​စည် များ​ကို​ပြု​ကြ​၏။ သင်​တို့​ပြု​သ​မျှ​သော​အ​မှု တို့​သည်​လည်း အ​ချည်း​နှီး​ပင်။ ငါ​၏​ဝိ​ညာဉ်​သည် မီး​ကဲ့​သို့​ဖြစ်​၍​သင်​တို့​ကို​ဖျက်​ဆီး​လိမ့်​မည်။-


မင်း​ကြီး​က``ယ​နေ့​သည်​ဒုက္ခ​ရောက်​ရာ​နေ့ ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အပြစ်​ဒဏ်​ကို ခံ​ရ​၍​အ​ရှက်​ကွဲ​လျက်​ရှိ​ကြ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ချိန်​ရောက်​သော်​လည်း ခွန်​အား​မ​ရှိ​သ​ဖြင့် သား​မ​ဖွား​နိုင်​သည့် အ​မျိုး​သ​မီး​နှင့်​တူ​ပါ​၏။-


သင်​တို့​သည်​တ​ရား​ရုံး​တော်​သို့​သွား​သော် လည်း တ​ရား​မျှ​တ​မှု​မ​ရှိ၊ တ​ရား​သည့် ဘက်​၌​မ​နေ​ကြ။ မိ​မိ​တို့​အ​မှု​နိုင်​ရန် အ​တွက်​မု​သား​စ​ကား​ပြော​ဆို​လျက် အ​ကြောင်း​မဲ့​ငြင်း​ခုံ​တတ်​ကြ​၏။


ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အ​သက် ရှင်​ခွင့်​ကို​ရ​လျက်​နှင့်​မ​ယူ​တတ်​သ​ဖြင့် လွန်​စွာ​မိုက်​မဲ​၏။ သူ​တို့​သည်​ဖွား​ချိန်​တန် သော်​လည်း​မ​ဖွား​လို​သော​က​လေး​နှင့် တူ​၏။-


ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည်​သင်​တို့​ကို​မ​မုန်း​နိုင်။ ငါ့​ကို​မူ​ကား​မုန်း​ကြ​၏။ ယင်း​သို့​မုန်း​ကြ​ခြင်း မှာ​ငါ​သည်​သူ​တို့​၏​ဆိုး​ညစ်​သော​အ​ကျင့် များ​ကို​ထုတ်​ဖော်​ပြော​ဆို​သော​ကြောင့်​ဖြစ်​၏။-


ကမ္ဘာ​လော​က​တစ်​ခု​လုံး​တွင်​မာရ်​နတ်​၏​တန်​ခိုး လွှမ်း​မိုး​လျက်​ရှိ​နေ​သော်​လည်း ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘက်​တော်​သား​များ​ဖြစ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။


သို့​ရာ​တွင်​ရှော​လု​က``ဤ​နေ့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ထာ​ဝ​ရ​ဘု​ရား​ကယ်​ဆယ် တော်​မူ​သော​နေ့​ဖြစ်​၏။ ယ​နေ့​အ​ဘယ်​သူ​ကို မျှ​မ​သတ်​ရ'' ဟု​ဆို​၏။-


သို့​ရာ​တွင်​လူ​တို့​က​ရှော​လု​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အောင်​ပွဲ​ကို​ခံ​စေ​သော ယော​န​သန်​အား​သေ​ဒဏ်​ပေး​ပါ​မည်​လော။ သူ​၏​ဦး​ခေါင်း​မှ​ဆံ​ခြည်​တစ်​ပင်​မျှ​မြေ​သို့ မ​ကျ​စေ​ရန် အ​ကျွန်ုပ်​တို့​သည်​အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ၍​က​တိ​ပြု​ပါ​၏။ ယ​နေ့​သူ​ပြု​သော​အ​မှု သည် ဘု​ရား​သ​ခင်​၏​အ​ကူ​အ​ညီ​ဖြင့်​ပြု သော​အ​မှု​ဖြစ်​ပါ​၏'' ဟု​လျှောက်​ထား​ကြ ၏။ ဤ​သို့​လျှင်​လူ​တို့​သည်​ယော​န​သန်​အား သေ​ဘေး​မှ​ကယ်​လိုက်​ကြ​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ