သင်တောင်းလျှောက်သည့်အတိုင်းငါပြုမည်။ သင် ၏အလျင်အဘယ်သူမျှမရရှိစဖူး၊ သင်၏ နောက်၌လည်းရရှိလိမ့်မည်မဟုတ်သည့် ဉာဏ် ပညာနှင့်အသိတရားကိုသင်အားငါပေး မည်။-
ဒေသနာကျမ်း။ 2:15 - Common Language Bible သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည် တွေ့ကြုံလျှင်၊ အဘယ်ကြောင့်သူ့ထက်သာ၍ ပညာ ရှိသနည်းဟူ၍၎င်း၊ ဤအမှုအရာသည်လည်း အနတ္တ ဖြစ်သည်ဟူ၎င်း ငါအောက်မေ့၏။ Garrad Bible ငါ က၊ လူ မိုက်၌ ဖြစ် ပျက် သ ကဲ့ သို့၊ ငါ၌ လည်း ဖြစ် ပျက် ခဲ့ မူ၊ မည် သည့် အ ကြောင်း ကြောင့် ထူး မြတ် သော ပ ညာ ရှိ သ နည်း ဟူ ၍ လည်း ကောင်း၊ ပ ညာ ရှိ ခြင်း လည်း အ န တ္တ ဖြစ် သည် ဟူ ၍ လည်း ကောင်း၊ အောက် မေ့ လေ ၏။ Judson Bible သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည်တွေ့ကြုံလျှင်၊ အဘယ်ကြောင့် သူ့ထက်သာ၍ ပညာရှိသနည်း ဟူ၍လည်းကောင်း၊ ဤအမှုအရာသည်လည်း အနတ္တဖြစ်သည်ဟူလည်းကောင်း ငါအောက်မေ့၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ငါက “မိုက်မဲသောသူ၌ဖြစ်ပျက်သောအဖြစ်မျိုးသည် ငါ၌လည်းဖြစ်ပျက်လိမ့်မည်။ သို့ဖြစ်လျှင် ငါဉာဏ်ပညာရှိခြင်းသည် ငါ့အတွက် မည်သို့အကျိုးထူးသနည်း”ဟု ငါ့စိတ်ထဲ၌မြွက်ဆို၏။ တစ်ဖန် “ဤအရာသည်လည်း အချည်းနှီးဖြစ်၏”ဟု ငါ့စိတ်ထဲ၌ ပြောဆို၏။ |
သင်တောင်းလျှောက်သည့်အတိုင်းငါပြုမည်။ သင် ၏အလျင်အဘယ်သူမျှမရရှိစဖူး၊ သင်၏ နောက်၌လည်းရရှိလိမ့်မည်မဟုတ်သည့် ဉာဏ် ပညာနှင့်အသိတရားကိုသင်အားငါပေး မည်။-
နေအောက်မှာ ပြုလေသမျှသော အမှုအရာ တို့ကို ငါမြင်ပြီ။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသော အမှုဖြစ်ကြ၏။
ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောဆိုသည်ကား၊ ငါသည်ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက် ကြီးမြင့်၍ပညာရှိ၏။ အကယ်စင်စစ် ငါ့စိတ်နှလုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျက်၏။
အကြောင်းမူကား၊ ပညာများလျှင်၊ ငြိုငြင်စရာ အကြောင်းများ၏။ သိပ္ပံအတတ် တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏။
ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက် သော သူသေသကဲ့သို့ သေတတ်ပါသည်တကား။
ပညာရှိသော သူသည် မိုက်သောသူထက် အဘယ်ကျေးဇူးရှိသနည်း။ အသက်ရှင်သောသူများရှေ့ မှာ ကျင့်ကြံပြုမူတတ်သော ဆင်းရဲသား၏ အကျိုးကျေးဇူး ကား အဘယ်သို့နည်း။