ဂိဗောင်မြို့မှလူတို့သည်ထိုသူတို့အား တောင်ပေါ်တွင် ထာဝရဘုရား၏ရှေ့တော် ၌စက်တိုင်တင်လိုက်ကြ၏။ ထိုသူခုနစ် ယောက်စလုံးတို့သည်နွေဦးပေါက်မုယော စပါးရိတ်သိမ်းစကာလ၌တစ်ပြိုင်နက် သေကြလေသည်။
ထွက်မြောက် 9:31 - Common Language Bible မုယောစပါးတို့သည်မှည့်၍ပိုက်ဆံပင်တို့ သည် အဖူးထွက်လျက်ရှိသဖြင့်၎င်းအပင် တို့သည်ပျက်စီးကုန်၏။- Garrad Bible မု ယော ပင် သည် အ သီး အ နှံ ထွက် ပြီ၊ ပိုက် ဆံ ပင် လည်း ဖူး ပြီ ဖြစ်၍ ၎င်း အ ပင် များ ကို မိုး သီး ဘေး ထိ ရောက် ၏။ Judson Bible ပိုက်ဆန်ပင်၊ မုယောပင်ကိုမိုးသီးထိ၏။ မုယောပင်သည် အသီးအနှံနှင့်ပြည့်စုံပြီ။ ပိုက်ဆန်ပင်လည်းအသီးမှည့်ပြီ။ မြန်မာ့စံမီသမ္မာကျမ်း (မုယောပင်သည် အနှံထွက်လျက်၊ ဗီသွာပင်များသည်လည်း ဖူးပွင့်လျက်ရှိ၏။ မုယောပင်နှင့်ဗီသွာပင်များကို မိုးသီးထိ၏။ |
ဂိဗောင်မြို့မှလူတို့သည်ထိုသူတို့အား တောင်ပေါ်တွင် ထာဝရဘုရား၏ရှေ့တော် ၌စက်တိုင်တင်လိုက်ကြ၏။ ထိုသူခုနစ် ယောက်စလုံးတို့သည်နွေဦးပေါက်မုယော စပါးရိတ်သိမ်းစကာလ၌တစ်ပြိုင်နက် သေကြလေသည်။
``ငါသည်လေပူကိုတိုက်ခတ်စေ၍သင်တို့ ၏ကောက်ပင်များနွမ်းခြောက်စေခဲ့၏။ သင်တို့ ၏သဖန်းပင်၊ သံလွင်ပင်၊ စပျစ်ဥယျာဉ်နှင့် ကိုင်းကျွန်းလယ်ယာတို့သည် ကျိုင်းကောင်များ ဒဏ်ကိုခံခဲ့ရပြီ။ သို့သော်လည်းသင်တို့သည် ငါ့ထံသို့ပြန်မလာဘဲနေကြလေပြီ။
ဤကားနောမိသည် ချွေးမဖြစ်သူမောဘ အမျိုးသမီးရုသနှင့်အတူ မောဘပြည် မှပြန်လည်ရောက်ရှိလာပုံဖြစ်ပေသည်။ သူ တို့နှစ်ယောက်သည်မုယောစပါးရိတ်သိမ်း စအချိန်၌ ဗက်လင်မြို့သို့ရောက်ရှိလာ ကြသတည်း။
သို့ဖြစ်၍ရုသသည်ဗောဇ၏လယ်၌ပင် အမျိုးသမီးများနှင့်အတူလုပ်ဆောင်ကာ မုယောစပါးနှင့်ဂျုံစပါးများရိတ်သိမ်းပြီး သည်တိုင်အောင် ကောက်သင်းကောက်လျက်နေ၏။ သူသည်မိမိ၏ယောက္ခမနှင့်အတူဆက် လက်၍နေထိုင်လေသည်။