သူတို့၏စပျစ်နွယ်များကိုမိုးသီးအားဖြင့် လည်းကောင်း၊ သဖန်းပင်များကိုဆီးနှင်းခဲအားဖြင့်လည်းကောင်း ဖျက်ဆီးပစ်တော်မူ၏။
ထွက်မြောက် 9:25 - Common Language Bible အီဂျစ်ပြည်တစ်လျှောက်လုံးတွင်အကာ အကွယ်မရှိသော လူနှင့်တိရစ္ဆာန်အပေါင်း တို့သည်မိုးသီးဒဏ်ကြောင့်သေကျေကြ ကုန်၏။ လယ်ကွင်းထဲ၌ရှိသောသီးနှံများ နှင့်သစ်ပင်အားလုံးတို့သည်လည်းပျက်စီး ကုန်၏။- Garrad Bible အိ ဂျစ် ပြည် တစ် ဝှမ်း လုံး လယ် ပြင်၌ ရှိ သ မျှ လူ သူ တိ ရ စ္ဆာန် များ ကို လည်း ကောင်း၊ လယ် ပြင် ရှိ ကောက် ပင် ပဲ ပင် ခပ် သိမ်း ကို လည်း ကောင်း မိုး သီး ဘေး ထိ ရောက် သည့် ပြင် သစ် ပင် အ ပေါင်း ကို လည်း ချိုး ဖျက် လေ ၏။ Judson Bible အဲဂုတ္တုပြည်တစ်လျှောက်လုံး၌၊ လယ်ပြင်မှာရှိသမျှသော လူနှင့်တိရစ္ဆာန်များ၊ မြက်ပင်များ၊ သစ်ပင်များတို့ကို မိုးသီးထိလေ၏။ မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်တစ်ပြည်လုံးတွင် လယ်ပြင်၌ရှိသမျှသော လူမှစ၍ တိရစ္ဆာန်တိုင်အောင် မိုးသီးထိလေ၏။ လယ်ထဲ၌ရှိသမျှအပင်တို့ကိုလည်း မိုးသီးထိ၍ လယ်ထဲ၌ရှိသောအပင်အားလုံး ပျက်စီးလေ၏။ |
သူတို့၏စပျစ်နွယ်များကိုမိုးသီးအားဖြင့် လည်းကောင်း၊ သဖန်းပင်များကိုဆီးနှင်းခဲအားဖြင့်လည်းကောင်း ဖျက်ဆီးပစ်တော်မူ၏။
သူတို့၏ကျွဲနွားတိရစ္ဆာန်များကို မိုးသီးအားဖြင့်လည်းကောင်း၊ သိုးအုပ်ဆိတ်အုပ်များကိုမိုးကြိုး အားဖြင့်လည်းကောင်းဖျက်ဆီးပစ်တော်မူ၏။
ယခုသင်သည်သင်၏တိရစ္ဆာန်များနှင့်ကွင်း ပြင်၌ရှိသမျှတို့ကို အမိုးအကာအောက်သို့ သွင်းစေလော့။ အကာအကွယ်မရှိသောလူ နှင့်တိရစ္ဆာန်ရှိသမျှတို့အပေါ်သို့ မိုးရွာချ သဖြင့်သေကျေပျက်စီးကြလိမ့်မည်။''
ထိုမုန်တိုင်းသည် အလွန်ဆိုးရွားသောမုန် တိုင်းဖြစ်သဖြင့် အီဂျစ်ပြည်သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှမကြုံဘူးသော အဆိုးရွားဆုံးမုန်တိုင်းဖြစ်၏။-
နောက်တစ်နေ့တွင်ထာဝရဘုရားသည်မိန့် တော်မူသည့်အတိုင်းပြုတော်မူသဖြင့် အီဂျစ် အမျိုးသားတို့၏တိရစ္ဆာန်အားလုံးသေကျေ ကြကုန်၏။ သို့ရာတွင်ဣသရေလအမျိုး သားတို့၏တိရစ္ဆာန်တစ်ကောင်မျှမသေ။-
အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငါသည်အမျက်ထွက်၍ထိုမြို့ရိုး ကိုဖြိုရန်လေပြင်းမုန်တိုင်းကိုတိုက်စေမည်။ ဒေါသထွက်၍မိုးသည်းထန်စွာရွာသွန်း စေ၍မိုးသီးများကိုကျလျက်ပျက်စီး စေမည်။-
ဣသရေလတပ်သားများတိုက်ခိုက်သဖြင့် အာမောရိတပ်သားတို့သည် တောင်ကြားလမ်း သို့ဆင်းပြေးကြစဉ်အဇေကာမြို့အထိ လမ်းတစ်လျှောက်လုံးတွင်ကောင်းကင်မှမိုးသီး လုံးကြီးများကိုသူတို့အပေါ်သို့ထာဝရ ဘုရားရွာကျစေတော်မူ၏။ မိုးသီးဒဏ် ကြောင့်သေသူတို့သည် ဣသရေလအမျိုး သားတို့၏လက်ချက်ကြောင့်သေသူတို့ ထက်ပို၍များသတည်း။