နှုတ်ကပတ်တော်သည်မီးခွက်ဖြစ်၍ကွန်တော်မျိုး သွားရာလမ်းကိုလင်းစေပါ၏။
ထွက်မြောက် 40:24 - Common Language Bible သူသည်ဆီမီးတိုင်ကိုထာဝရဘုရား စံတော်မူရာတဲတော်အတွင်း၊ တောင်ဘက် စားပွဲ၏တစ်ဘက်တွင်ထား၏။- Garrad Bible မော ရှေ သည် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း မီး ခုံ တော် ကို လည်း တွေ့ ဆုံ ရာ တဲ တော် အ တွင်း၊ စံ ရာ တော် တောင် ဘက် ၌ စား ပွဲ တော် နှင့် တူ ရူ ထား ပြီး လျှင် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် မီး ခွက် များ ကို တင် ထွန်း လေ၏။ Judson Bible ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးခုံကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ တောင်ဘက်နား စားပွဲဆိုင်ရာတွင်ထား၍၊ မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဆီမီးခုံကို တွေ့ဆုံစည်းဝေးရာတဲတော်အတွင်း ကိန်းဝပ်တော်မူရာတဲတော်၏တောင်ဘက်ခြမ်း စားပွဲနှင့်မျက်နှာချင်းဆိုင်ထား၍ |
နှုတ်ကပတ်တော်သည်မီးခွက်ဖြစ်၍ကွန်တော်မျိုး သွားရာလမ်းကိုလင်းစေပါ၏။
စားပွဲနှင့်ဆီမီးခုံကိုကန့်လန့်ကာအပြင်ဘက် တွင်ထားရှိရမည်။ စားပွဲကိုမြောက်ဘက်တွင် လည်းကောင်း၊ ဆီမီးခုံကိုတောင်ဘက်တွင်လည်း ကောင်းတစ်ဘက်တစ်ချက်၌ထားရှိရမည်။
ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရားရှေ့တော်၌ဆက်သရန် မုန့်ကိုစားပွဲပေါ်၌တင်ထား၏။-
ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း ထာဝရဘုရားရှေ့တော်တွင်မီး ခွက်များကိုထွန်းညှိလေ၏။-
တဲတော်ထဲသို့စားပွဲတော်ကိုသွင်း၍၊ ဆိုင် ရာပစ္စည်းများကို စားပွဲပေါ်တွင်တင်ထား လော့။ ဆီမီးတိုင်ကိုလည်းသွင်း၍ မီးခွက် များကိုတင်ထွန်းရမည်။-
ကမ္ဘာလောကကိုဖန်ဆင်းတော်မမူမီကပင် နှုတ်ကပတ်တော်ရှိတော်မူ၏။ နှုတ်ကပတ်တော် သည်ဘုရားသခင်နှင့်အတူရှိတော်မူ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားဖြစ်တော်မူ၏။-
ထိုအလင်းသည်အမှောင်တွင်ထွန်းလင်း၍အမှောင်သည် ထိုအလင်းကိုအဘယ်အခါမျှမဖုံးလွှမ်းနိုင်။
ထိုအလင်းတော်သည်လောကသို့ကြွလာ၍ လူသားအပေါင်းတို့အပေါ်တွင် ထွန်းလင်း တောက်ပသည့်စစ်မှန်သောအလင်းဖြစ်ပေ သည်။
တစ်ဖန်သခင်ယေရှုကဖာရိရှဲတို့အား ``ငါ သည်လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည်အသက်၏အလင်းကိုရ ၍အဘယ်အခါမျှအမှောင်တွင်သွားလာ ရလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
ငါ၏လက်ယာတော်လက်တွင်သင်မြင်တွေ့ရ သည့်ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်ခု၏ လျှို့ဝှက်သည့်အနက်အဋ္ဌိပ္ပါယ်မှာ မီးခွက်ခုနစ် လုံးသည်အသင်းတော်ခုနစ်ပါးဖြစ်၍ ကြယ် ခုနစ်လုံးသည်ထိုအသင်းတော်ခုနစ်ပါးကို စောင့်သောကောင်းကင်တမန်ခုနစ်ပါးဖြစ် သတည်း'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍သင်သည်အဘယ်မျှလောက်ကျဆင်း လာသည်ကိုဆင်ခြင်လော့။ နောင်တရ၍အစ ကပြုကျင့်ခဲ့သည့်အတိုင်းပြုကျင့်လော့။ သို့ မပြုပါမူသင်ရှိရာသို့ငါလာခဲ့မည်။ သင် နောင်တမရလျှင်သင်၏မီးခွက်ကိုနေရာမှ ငါဖယ်ရှားပစ်မည်။-