``ဆီမီးခုံကိုရွှေဖြင့်ပြုလုပ်လော့။ ဆီမီးခုံ တိုင်နှင့်အောက်ခံခုံတို့ကိုရွှေဖြင့်ထုလုပ်လော့။ ဆီမီးခုံတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသော အလှပန်းများသည် ဆီမီးခုံတိုင်နှင့်တစ်သား တည်းရှိစေရမည်။-
ထွက်မြောက် 37:20 - Common Language Bible ဆီမီးတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်များ ပါသော ဗာဒံပွင့်နှင့်တူသည့်အလှပန်းပွင့်လေးပွင့် ရှိလေသည်။- Garrad Bible မီး ခုံ တိုင်၌ လည်း ပွင့် ပတ်၊ ပွင့် ချပ် နှင့် တ ကွ၊ ဗာ တံ ပွင့် သ ဏ္ဌာန် ပန်း လေး ပွင့် ရှိ၏။ Judson Bible မီးခုံတိုင်၌လည်း ဘူး၊ ကြာပွင့်နှင့်တကွ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ဆီမီးခုံ၌လည်း ပွင့်ဖတ်အုံနှင့်ပွင့်ဖတ်ပါသော မက်မွန်ပွင့်သဏ္ဌာန်ခွက်လေးခွက်ရှိ၏။ |
``ဆီမီးခုံကိုရွှေဖြင့်ပြုလုပ်လော့။ ဆီမီးခုံ တိုင်နှင့်အောက်ခံခုံတို့ကိုရွှေဖြင့်ထုလုပ်လော့။ ဆီမီးခုံတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသော အလှပန်းများသည် ဆီမီးခုံတိုင်နှင့်တစ်သား တည်းရှိစေရမည်။-
အလက်ခြောက်လက်မှတစ်လက်စီတွင်ပွင့်ဖူး၊ ပွင့်ချပ်ပါရှိသောဗာဒံပွင့်ပုံအလှပန်းသုံး ပွင့်ရှိစေရမည်။-
ဆီမီးခုံတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်များပါရှိ သောဗာဒံပွင့်ပုံပန်းလေးပွင့်ရှိစေရမည်။-
အကိုင်းခြောက်လက်မှတစ်လက်စီတွင်ပွင့် ဖူး၊ ပွင့်ချပ်များပါရှိသောဗာဒံပွင့်နှင့်တူ သည့်အလှပန်းပွင့်သုံးပွင့်ရှိလေသည်။-
ထိုကာလ၌ မြင့်သောအရာတို့ကို ကြောက်ကြ လိမ့်မည်။ လမ်း၌ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌မိမိ လေးလိမ့်မည်။ အလိုဆန္ဒလျော့လိမ့်မည်။ အကြောင်းမူ ကား၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ၍၊ ငိုခြင်းသည် တို့သည် လမ်းတို့၌ လှည့်လည်ကြ၏။
ထာဝရဘုရားက``ယေရမိ၊ သင်အဘယ် အရာကိုမြင်သနည်း'' ဟုမေးတော်မူလျှင်၊ ငါကလည်း``ဗာတံကိုင်းကိုမြင်ပါသည်'' ဟုပြန်လည်လျှောက်ထား၏။
နောက်တစ်နေ့တွင်မောရှေသည်တဲတော်ထဲ သို့ဝင်သောအခါ လေဝိအနွယ်ဝင်အာရုန် ၏တောင်ဝှေးမှအညှောက်ထွက်လျက်ရှိသည် ကိုတွေ့မြင်ရလေသည်။ ထိုတောင်ဝှေးမှ အဖူး၊ အပွင့်များဖူးပွင့်၍ဗာဒံသီးမှည့် များသီးလျက်ရှိပေသည်။-