``လူတို့ယူလာကြသောပစ္စည်းများသည် ထာဝရဘုရားစေခိုင်းတော်မူသောလုပ်ငန်း အတွက်လိုအပ်သည်ထက်ပိုနေပါသည်'' ဟု ပြောကြ၏။
ထွက်မြောက် 36:6 - Common Language Bible ထို့အခါမောရှေက``မည်သူမျှတဲတော် အတွက်လှူဖွယ်ပစ္စည်းများကိုထပ်မံ၍ မလှူဒါန်းရ'' ဟုအမိန့်ထုတ်၍စခန်းရှိ လူအပေါင်းတို့အားကြေညာစေ၏။ ထို ကြောင့်လူတို့သည်လှူဖွယ်ပစ္စည်းများကို မယူခဲ့ကြတော့ချေ။- Garrad Bible မော ရှေ က၊ သန့် ရှင်း ရာ ဌာ န တော် အ ဖို့ မြှောက် ဆက် ရာ အ လှူ ဝ တ္ထု များ ကို မည် သည့် ယောက်ျား မိန်း မ မျှ ထပ် မံ မ လုပ် စေ ရ ဟု အ မိန့် ထုတ် ဆင့် ပြီး လျှင် တစ် တပ် လုံး ကြော် ငြာ စေ ၍ မ ဆောင် မ သွင်း ရန် တား မြစ် လေ ၏။ Judson Bible မောရှေက၊ သန့်ရှင်းရာဌာနတော်အဖို့လှူခြင်းငှာ အဘယ်ယောက်ျားမိန်းမမျှ ထပ်မံ၍မလုပ်စေနှင့်ဟု စီရင်၍၊ တစ်တပ်လုံး၌ ကြော်ငြာစေသဖြင့်၊ လူများအလှူဆောင်ခြင်းအမှုကို ဆီးတား၏။ မြန်မာ့စံမီသမ္မာကျမ်း မောရှေကလည်း “သန့်ရှင်းရာဌာနတော်အဖို့အလှူပစ္စည်းများကို မည်သည့်ယောက်ျားမိန်းမမျှ ထပ်မလုပ်ရ”ဟု အမိန့်ထုတ်၍ တပ်စခန်းတစ်ခုလုံးသို့ ကြေညာစေ၏။ လူတို့ကိုလည်း အလှူပစ္စည်းများထပ်၍မယူဆောင်လာရန် တားမြစ်၏။ |
``လူတို့ယူလာကြသောပစ္စည်းများသည် ထာဝရဘုရားစေခိုင်းတော်မူသောလုပ်ငန်း အတွက်လိုအပ်သည်ထက်ပိုနေပါသည်'' ဟု ပြောကြ၏။
ရရှိခဲ့သမျှသောပစ္စည်းတို့သည်လုပ်ငန်း ရှိသမျှအတွက်လိုအပ်သည်ထက်ပိုလျှံ လျက်ရှိ၏။