ထွက်မြောက် 34:8 - Common Language Bible မောရှေသည်ချက်ချင်းဦးညွှတ်ရှိခိုးလျက်၊- Garrad Bible မော ရှေ သည် အ ဆော တ လျင် ပျပ် ဝပ် ရှိ ခိုး လျက်၊ Judson Bible မောရှေသည် အလျင်အမြန်ဦးညွှတ်ချ၍ ကိုးကွယ်လျက်၊ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ မောရှေသည် မြေပေါ်သို့ အလျင်အမြန်ဦးညွှတ်၍ ရှိခိုးကိုးကွယ်လျက် |
ထိုနောက်မိမိ၏သားတို့ကိုအဖ၏ဒူးများ ကြားမှထုတ်ပြီးနောက် ယောသပ်သည်အဖ ၏ရှေ့၌ဦးညွှတ်ချလေ၏။
ထိုအခါယောရှဖတ်မင်းသည်မြေသို့တိုင် အောင်ဦးညွှတ်ပျပ်ဝပ်လျက်နေ၏။ ပြည်သူ အပေါင်းတို့သည်လည်းမင်းကြီးနှင့်အတူ ပျပ်ဝပ်ကာထာဝရဘုရားအားရှိခိုးကြ၏။-
သူတို့သည်ပြောပြသမျှကိုယုံကြ၏။ ထာဝရဘုရားသည်သူတို့ထံသို့ကြွလာ ၍ သူတို့ခံရသောဆင်းရဲခြင်းကိုသိမှတ်တော် မူပြီဖြစ်ကြောင်းကို ကြားသိရသောအခါသူ တို့သည်ထာဝရဘုရားအားဦးညွှတ်ရှိခိုး ကြ၏။
အီဂျစ်ပြည်မှသင်တို့ပြန်လာကြစဉ် အခါက ငါသည်သင်တို့နှင့်အစဉ်အတူ ရှိမည်ဟုကတိပြုခဲ့သည့်အတိုင်း ယခု တိုင်အောင်ပင်သင်တို့နှင့်ငါအတူရှိ၏။ သို့ဖြစ်၍မကြောက်ကြနှင့်။''