သူတို့၏နာမည်များသည်အသက်ရှင်သူများ စာရင်းစာစောင်မှပယ်ဖျက်ခြင်းခံရပါစေသော။ သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်တွင် စာရင်းမဝင်သူများဖြစ်ကြပါစေ သော။
ထွက်မြောက် 32:33 - Common Language Bible ထာဝရဘုရားက``ငါ့ကိုပြစ်မှားသူ၏ နာမည်ကိုသာငါ၏စာအုပ်မှပယ်ဖျက်မည်။- Garrad Bible ထာ ဝ ရ ဘု ရား က၊ အ ကြင် သူ သည် ငါ့ ကို ပြစ် မှား အံ့။ ထို သူ့ အ မည် ကို စာ ရင်း တော် မှ ငါ့ ချေ ဖျက် အံ့။ Judson Bible ထာဝရဘုရားက၊ အကြင်သူသည်ငါ့ကိုပြစ်မှား၏၊ ထိုသူ၏နာမကို ငါ့စာရင်း၌ ငါချေမည်။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားက မောရှေအား “ငါ့ကိုပြစ်မှားသောသူတိုင်းကို ငါ့စာရင်းမှ ပယ်ဖျက်မည်။ |
သူတို့၏နာမည်များသည်အသက်ရှင်သူများ စာရင်းစာစောင်မှပယ်ဖျက်ခြင်းခံရပါစေသော။ သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်တွင် စာရင်းမဝင်သူများဖြစ်ကြပါစေ သော။
သို့ရာတွင်ကျွန်တော်မျိုးသည်နာကျင်၍ စိတ်ပျက်အားလျော့လျက်ရှိပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးအားချီပင့်၍ကယ်တော်မူပါ။
ကိုယ်တော်ရှင်သည်ဘုရားမဲ့သူတို့အား အပြစ်ဒဏ်စီရင်တော်မူပြီ။ သူယုတ်မာတို့အားဖျက်ဆီးပစ်တော်မူသဖြင့် သူတို့၏အမျိုးသည်တိမ်ကောသွားလိမ့်မည်။
ထိုနောက်ထာဝရဘုရားကမောရှေအား``ဤ အောင်ပွဲအကြောင်းကိုအမှတ်တရဖြစ်စေ ရန် ရေး၍မှတ်တမ်းတင်လော့။ ငါသည်အာမလက် အမျိုးသားတို့ကိုလုံးဝဖျက်ဆီးပစ်မည် ဖြစ်ကြောင်းယောရှုအားပြောလော့'' ဟုမိန့် တော်မူ၏။-
သေရမည့်သူကားအပြစ်ကူးလွန်သူ ဖြစ်၏။ သားဖြစ်သူသည်ဖခင်ပြုသည့် အပြစ်များ၏အကျိုးဆက်ကိုခံရမည် မဟုတ်။ ဖခင်ဖြစ်သူသည်လည်းသားပြု သည့်အပြစ်များ၏အကျိုးဆက်ကိုခံ ရမည်မဟုတ်။ လူကောင်းသည်ကောင်းမှု ကိုပြုသည့်အတွက်ကောင်းကျိုး၊ ဆိုးညစ် သောသူသည်ဆိုးညစ်မှုကိုပြုသည့် အတွက်ဆိုးကျိုးကိုလည်းကောင်းခံရ လိမ့်မည်။
အဖ၏အသက်ကိုငါပိုင်၏။ သား၏အသက် ကိုလည်းငါပိုင်၏။ လူတိုင်း၏အသက်ကို ငါပိုင်၏။ သေရမည့်သူကားအပြစ်ကူးလွန် သူပင်ဖြစ်၏။
ထိုနေ့၌အလုပ်လုပ်သောသူအား ထာဝရ ဘုရားကိုယ်တော်တိုင်သေဒဏ်စီရင်မည်။-
ထာဝရဘုရားသည်ထိုသို့ပြုသောသူ ကိုအပြစ်လွှတ်တော်မူလိမ့်မည်မဟုတ်။ ထာဝရဘုရားသည်ထိုသူအားပြင်းထန် စွာအမျက်တော်ထွက်သဖြင့် သူသည်ဤ ကျမ်းတွင်ရေးထားသောဘေးဒဏ်အပေါင်း ကိုခံရလျက်ဆုံးပါးပျက်စီးရလိမ့်မည်။-
ငါ၏ရဲဘော်စစ်ဖြစ်သူ၊ သင်သည်လည်း ထို အမျိုးသမီးတို့ကိုကူညီမစပါလော့။ သူ တို့သည်သတင်းကောင်းကြေညာရာတွင်ငါ နှင့်အတူအထူးကြိုးစားအားထုတ်လုပ် ဆောင်သူများဖြစ်ကြ၏။ ထိုသို့လုပ်ဆောင် ခဲ့သူများတွင်ကလေမင်နှင့်တကွ ဘုရား သခင်၏အသက်စာစောင်စာရင်းတွင်ပါ ရှိသူ အခြားငါ၏လုပ်ဖော်ဆောင်ဘက်များ လည်းပါဝင်၏။
အသေသတ်ခြင်းခံရသည့်သိုးသူငယ်တော် ၏အသက်စာစောင်တွင် ကမ္ဘာလောကကိုဖန် ဆင်းတော်မမူမီကပင် စာရင်းဝင်သူတို့မှ တစ်ပါးကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ထိုသားရဲအားရှိခိုးကြလိမ့်မည်။
သေလွန်သူအကြီးအငယ်တို့သည်ပလ္လင် တော်ရှေ့၌ရပ်လျက်နေကြသည်ကိုလည်း ကောင်း၊ စာစောင်များကိုဖွင့်သည်ကိုလည်း ကောင်းငါမြင်ရ၏။ ထိုနောက်အသက်စာ စောင်တည်းဟူသောအခြားစာစောင်ကို ဖွင့်လိုက်၏။ သေလွန်သူတို့သည်ထိုစာ စောင်များတွင်မှတ်တမ်းတင်ထားသည့် မိမိတို့အကျင့်များနှင့်အညီတရား စီရင်ခြင်းကိုခံရကြ၏။-
အောင်မြင်သောသူတို့သည်ဝတ်ဖြူစင်ကြယ် ကိုဝတ်ရလိမ့်မည်။ ငါသည်သူတို့၏နာမည် ကိုအသက်စာစောင်မှဖျက်ပယ်မည်မဟုတ်။ သူတို့သည်ငါ၏တပည့်များဖြစ်ကြောင်း ငါ၏ခမည်းတော်နှင့်ကိုယ်တော်၏ကောင်း ကင်တမန်များရှေ့တွင်ငါထုတ်ဖော်ဝန်ခံ မည်။