ငါ၏အစေခံဒါဝိဒ်ကိုဆီတော်ဖြင့်ဘိသိက် ပေး၍ ဘုရင်အဖြစ်ငါခန့်ထားပြီ။
ထွက်မြောက် 30:31 - Common Language Bible ဣသရေလအမျိုးသားတို့အားဤသို့ ဆင့်ဆိုလော့။ ငါ၏အမှုတော်ကိုထမ်းရန် ဘိသိက်ပေးရာ၌၊ သင်တို့၏သားစဉ်မြေး ဆက်တို့သည်ဤသန့်ရှင်းသောဆီကိုအသုံး ပြုရမည်။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ အား လည်း သင် တို့ အ မျိုး အ စဉ် အ ဆက် မ ပြတ် ဤ ဆီ ကား၊ ငါ့ အ ဖို့ သီး သန့် သော ဘိ သိက် ဆီ ဖြစ် ရ မည်။ Judson Bible ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ သင်တို့သားစဉ်မြေးဆက်အပေါင်းတို့၌ ဤဆီသည်၊ ငါ့အဖို့သန့်ရှင်းသော လိမ်းရန်ဆီဖြစ်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် အစ္စရေးအမျိုးသားတို့အား ‘ဤဆီသည် သင်တို့၏မျိုးဆက်အစဉ်အဆက် ငါ့အဖို့သန့်ရှင်းသောဘိသိက်ဆီဖြစ်၏။ |
ငါ၏အစေခံဒါဝိဒ်ကိုဆီတော်ဖြင့်ဘိသိက် ပေး၍ ဘုရင်အဖြစ်ငါခန့်ထားပြီ။
ယဇ်ပလ္လင်ပေါ်တွင်ရှိသောသွေးအနည်းငယ်နှင့် ဘိသိက်ဆီအနည်းငယ်ကိုယူ၍၊ အာရုန်နှင့် သူ၏အဝတ်အင်္ကျီတို့အပေါ်၌လည်းကောင်း၊ သူ၏သားများနှင့်သူတို့၏အဝတ်အင်္ကျီတို့ အပေါ်၌လည်းကောင်းဖျန်းရမည်။ ဤနည်း အားဖြင့်အာရုန်နှင့်သူ၏အဝတ်အင်္ကျီတို့ ကိုလည်းကောင်း၊ သူ၏သားများနှင့်သူတို့ ၏အဝတ်အင်္ကျီများကိုလည်းကောင်းငါ့ အားဆက်ကပ်ရမည်။
ထိုနောက်အာရုန်နှင့်သူ၏သားတို့ကို၊ ငါ၏ ယဇ်ပုရောဟိတ်များအဖြစ်အမှုထမ်းစေ ရန် သူတို့အားနံ့သာဆီဖြင့်ဘိသိက်ပေး လော့။-
ထိုဆီကိုသာမန်လူတို့၏ကိုယ်ခန္ဓာပေါ်သို့ မသွန်းလောင်းရ။ ထိုဆီနှင့်တူသောဆီမျိုး ကိုမဖော်စပ်ရ။ ထိုဆီသည်သန့်ရှင်းသည် ဖြစ်၍၊ သန့်ရှင်းသောဆီအဖြစ်လက်ခံရ မည်။-
သူသည်သန့်ရှင်းသောဘိသိက်ဆီနှင့်မွေးကြိုင်၍ စင်ကြယ်သောမီးရှို့ရာနံ့သာပေါင်းကိုဖော်စပ် လေ၏။
ယဇ်ပုရောဟိတ်မင်းသည်ဦးခေါင်းပေါ်တွင် ဆီလောင်း၍ ဘိသိက်ခံလျက်ယဇ်ပုရောဟိတ် ဝတ်စုံကိုဝတ်ဆင်ထားသူဖြစ်သောကြောင့် ဝမ်းနည်းသည့်အနေဖြင့် မိမိဆံပင်ကို ဖားလျားမချရ။ မိမိ၏အဝတ်ကိုလည်း မဆုတ်မဖြဲရ။-
တစ်ဖန်သူသည်ဆီအနည်းငယ်ကိုအာရုန် ၏ဦးခေါင်းပေါ်တွင်လောင်းလျက် ယဇ်ပုရော ဟိတ်အဖြစ်သိက္ခာတင်သည်။-