သူသည်ပိတ်စတစ်ခုကိုသာဝတ်ဆင်လျက် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူးရန် အစွမ်းကုန်ကခုန်လေ၏။-
ထွက်မြောက် 28:4 - Common Language Bible ထိုသူတို့ချုပ်လုပ်ရမည့်အထည်ဝတ်စုံတို့ သည်ကား ရင်ဖုံး၊ သင်တိုင်း၊ ဝတ်ရုံ၊ ပန်းဖောက်ထား သောအင်္ကျီ၊ ခေါင်းပေါင်း၊ ခါးပန်းတို့ဖြစ်သည်။ ထို အဝတ်တန်ဆာတို့သည်သင်၏အစ်ကိုအာရုန် နှင့်သူ၏သားများသည်၊ ယဇ်ပုရောဟိတ်များ အဖြစ် ငါ၏အမှုကိုထမ်းဆောင်ရာ၌ဝတ် ဆင်ရမည့်ယဇ်ပုရောဟိတ်ဝတ်စုံများဖြစ် သည်။- Garrad Bible လုပ် ရ မည့် သင်္ကန်း စုံ ဟူ မူ ကား၊ ရင် လွှမ်း၊ ကိုယ် ဝတ်၊ ဝတ် လုံ၊ ကွက် ထောက် လက် ကျပ် ဝတ် လုံ၊ ဗောင်း၊ ခါး ပန်း များ တည်း။ သင့် အစ် ကို အာ ရုန် သည် ပ ရော ဟိတ် အ မှု ကို ငါ့ ရှေ့ ဆောင် ရွက် စေ ရန် သူ နှင့် သား တို့ အ ဖို့ သန့် ရှင်း သော သင်္ကန်း စုံ ကို ရက် လုပ် ခြင်း ငှါ၊ Judson Bible လုပ်ရသောအဝတ်ဟူမူကား၊ ရင်ဖုံး၊ သင်တိုင်း၊ ဝတ်လုံ၊ ချယ်လှယ်သောအင်္ကျီ၊ ဗောင်း၊ ခါးပန်းတည်းဟူသော သင်၏အစ်ကိုအာရုန်နှင့် သူ၏သားတို့သည်၊ ငါ့ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ရမည်အကြောင်း၊ သန့်ရှင်းသောအဝတ်ကို လုပ်ခြင်းငှာ၊ မြန်မာ့စံမီသမ္မာကျမ်း သူတို့ပြုလုပ်ရမည့်အဝတ်တန်ဆာများကား ရင်ခံပြား၊ ဧဖုဒ်၊ ဝတ်လုံ၊ ရက်လုပ်ထားသောအတွင်းသင်တိုင်း၊ ခေါင်းပေါင်းနှင့် ခါးစည်း တို့ဖြစ်၏။ ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် သင့်အစ်ကိုအာရုန်နှင့် သူ့သားများအတွက် သန့်ရှင်းသောအဝတ်တန်ဆာကိုချုပ်လုပ်ရမည်။ |
သူသည်ပိတ်စတစ်ခုကိုသာဝတ်ဆင်လျက် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူးရန် အစွမ်းကုန်ကခုန်လေ၏။-
ယဇ်ပုရောဟိတ်မင်း၏သင်တိုင်း နှင့်ရင်ဖုံးတို့တွင်စီချယ်သည့်မဟူရာကျောက် နှင့် အခြားသောကျောက်မျက်ရတနာများ ဖြစ်၏။-
ဦးခေါင်းပေါ်တွင်ခေါင်းပေါင်းကိုတင်၍ `ထာဝရ ဘုရားအား ဆက်ကပ်ထားသည်' ဟုကမ္ပည်းထွင်း ထားသောရွှေပြားကိုခေါင်းပေါင်းပေါ်တွင် ချည်ရမည်။-
ကိုယ်တော်သည်တရားမျှတမှုတည်းဟူသော သံချပ်အင်္ကျီကိုဝတ်ဆင်လျက် ကယ်တင်တော်မူ ခြင်းတည်းဟူသောသံခမောက်လုံးကိုဆောင်း တော်မူလိမ့်မည်။ ပြင်းပြသောမေတ္တာတော်တည်း ဟူသောဝတ်လုံကိုလည်းကောင်း လူတို့ခံကြ သည့်မတရားမှုများအတွက်လက်စားချေ တော်မူခြင်းတည်းဟူသောအဝတ်ကိုလည်း ကောင်း ဝတ်ဆင်တော်မူလိမ့်မည်။-
ထိုနည်းအတိုင်းဣသရေလပြည်သားတို့ သည်ဘုရင်မရှိ၊ ခေါင်းဆောင်မရှိ၊ ယဇ်ပူဇော် ခြင်းမရှိ၊ ကိုးကွယ်ရာကျောက်တိုင်များမရှိ၊ ရုပ်တုများမရှိဘဲလျက်ကြာမြင့်စွာနေ ထိုင်ရလိမ့်မည်။-
သို့ဖြစ်၍အသင့်ရှိနေကြလော့။ သစ္စာတရား တည်းဟူသောခါးပန်းကြိုးကိုလည်းကောင်း၊ ဖြောင့်မတ်ခြင်းတည်းဟူသောရင်အုပ်တန် ဆာကိုလည်းကောင်း၊-
သို့ရာတွင်ငါတို့သည်နေ့အချိန်၌ကျင်လည် သူများဖြစ်ကြသဖြင့် သမ္မာသတိရှိကြကုန် အံ့။ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတည်းဟူ သောရင်အုပ်တန်ဆာကိုတပ်ဆင်လျက် ကယ်တင် ခြင်းခံရရန်မျှော်လင့်ခြင်းတည်းဟူသောသံ ခမောက်ကိုဆောင်းကြကုန်အံ့။-
ဗျာဒိတ်ရူပါရုံ၌မြင်းစီးသူရဲများသည်ကန့် ရောင်၊ အပြာရောင်၊ မီးလျှံရောင်ရှိသောရင်အုပ် တန်ဆာများကိုဝတ်ဆင်ထားကြသည်ကိုငါ မြင်ရ၏။ မြင်းတို့၏ဦးခေါင်းများသည်ခြင်္သေ့ ဦးခေါင်းများနှင့်တူ၏။ သူတို့၏ခံတွင်းမှမီး လျှံ၊ မီးခိုး၊ ကန့်များထွက်လာ၏။-
ဤအတောအတွင်း၌သူငယ်ရှမွေလသည် ပိတ်ချောသင်တိုင်းကိုဝတ်၍ထာဝရဘုရား ၏အမှုတော်ကိုဆောင်လျက်နေ၏။-
ထို့ကြောင့်ရှောလုသည်ဒေါဂအား``သင်သည် သူတို့ကိုသတ်လော့'' ဟုမိန့်တော်မူလျှင် ဒေါဂသည်ယဇ်ပုရောဟိတ်အပေါင်းကို သတ်လေ၏။ ထိုနေ့၌ဒေါဂသည်သင်တိုင်း ကိုဝတ်သောထာဝရဘုရား၏ယဇ်ပုရော ဟိတ်ရှစ်ဆယ့်ငါးပါးတို့ကိုသတ်လိုက် သတည်း။-
အဟိမလက်၏သားအဗျာသာသည်ထွက် ပြေးလွတ်မြာက်ပြီးနောက် ကိလမြို့ရှိဒါဝိဒ် ထံသို့ဝင်ရောက်လာသောအခါ သူသည်မိမိ နှင့်အတူယဇ်ပုရောဟိတ်သင်တိုင်းကိုယူ ဆောင်လာခဲ့၏။
ဒါဝိဒ်သည်အဟိမလက်၏သား၊ ယဇ်ပုရော ဟိတ်အဗျာသာအား``သင်တိုင်းတော်ကိုယူ ဆောင်ခဲ့လော့'' ဟုဆိုလျှင်အဗျာသာသည် သင်တိုင်းတော်ကိုယူဆောင်ခဲ့၏။-