ထာဝရဘုရားသည်ငါ၏ဒုက္ခကိုမြင် တော်မူ၍ ထိုသူ၏ကျိန်စာအစားကောင်း ချီးမင်္ဂလာကိုချပေးကောင်းချပေးတော် မူပါလိမ့်မည်'' ဟုဆို၏။-
ထွက်မြောက် 2:25 - Common Language Bible ဣသရေလအမျိုးသားတို့ခံရသောဒုက္ခ ဆင်းရဲခြင်းကို ရှုမြင်သိမှတ်တော်မူ၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ ကို ရှု မြင် သိ မှတ် တော် မူ ၏။ Judson Bible ဘုရားသခင်သည်လည်း၊ ဣသရေလအမျိုးသားတို့ကိုကြည့်ရှု၍ သူတို့အမှုကို ဆင်ခြင်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် အစ္စရေးအမျိုးသားတို့ကို ကြည့်ရှုတော်မူ၍ သူတို့ကို သိမှတ်တော်မူ၏။ |
ထာဝရဘုရားသည်ငါ၏ဒုက္ခကိုမြင် တော်မူ၍ ထိုသူ၏ကျိန်စာအစားကောင်း ချီးမင်္ဂလာကိုချပေးကောင်းချပေးတော် မူပါလိမ့်မည်'' ဟုဆို၏။-
သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊
ထာဝရဘုရားသည်သူတော်ကောင်းများကိုပို့ဆောင်စောင့်ထိန်းတော်မူလိမ့်မည်။ သူယုတ်မာတို့မူကားဆုံးရှုံးပျက်စီးရကြလိမ့်မည်။
သို့ရာတွင်ကိုယ်တော်သည်ဒုက္ခဝေဒနာများကို အမှန်ပင်မြင်၍မစရန်အမြဲအသင့် ရှိတော်မူပါ၏။ ခိုးကိုးရာမဲ့သူသည်မိမိကိုယ်ကိုလက်တော်သို့ အပ်တတ်ပါ၏။ ကိုယ်တော်သည်ချို့တဲ့နွမ်းပါးသူတို့ကို အစဉ်အမြဲကူမတော်မူခဲ့ပါ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားရန်သူ များ၏ လက်တွင်းသို့ကျရောက်စေတော်မမူဘဲ လွတ်လပ်စွာသွားလာနိုင်ခွင့်ကိုပေးတော်မူ ပါပြီ။
သင်၏ဝန်ကိုထာဝရဘုရားအားလွှဲအပ်လော့။ ကိုယ်တော်သည်သင့်ကိုကွယ်ကာစောင့်ရှောက် တော်မူလိမ့်မည်။ သူတော်ကောင်းတို့ကိုအဘယ်အခါ၌ အရေးရှုံးနိမ့်စေတော်မူလိမ့်မည်မဟုတ်။
ထိုနောက်အီဂျစ်ပြည်တွင် ယောသပ်အကြောင်းကိုလုံးဝမကြားဘူးသောဘုရင်တစ်ပါးနန်းတက်လာလေ၏။-
မောရှေကထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကိုကယ်တင်ရန်အလို့ငှါ အီဂျစ်ဘုရင်နှင့်အီဂျစ်အမျိုးသားတို့ အပေါ်ပြုတော်မူပုံအကြောင်းအရာအားလုံး ကို ယေသရောအားပြောပြ၏။ ထို့အပြင် ဣသရေလအမျိုးသားတို့ရင်ဆိုင်ခဲ့ရ သောအခက်အခဲများနှင့်တကွ ထာဝရ ဘုရားသည်ဣသရေလအမျိုးသားတို့ ကိုကယ်တင်ခဲ့ကြောင်းကိုပြောပြ၏။-
ဣသရေလအမျိုးသားတို့၏အော်ဟစ်သံ ကိုငါကြားရပြီ။ သူတို့အားအီဂျစ်အမျိုး သားတို့ရက်စက်စွာညှင်းဆဲပုံကိုလည်းငါ မြင်ရပြီ။-
သူတို့သည်ပြောပြသမျှကိုယုံကြ၏။ ထာဝရဘုရားသည်သူတို့ထံသို့ကြွလာ ၍ သူတို့ခံရသောဆင်းရဲခြင်းကိုသိမှတ်တော် မူပြီဖြစ်ကြောင်းကို ကြားသိရသောအခါသူ တို့သည်ထာဝရဘုရားအားဦးညွှတ်ရှိခိုး ကြ၏။
ထိုအခါ `ဆိုးသွမ်းသူတို့၊ သင်တို့ကိုအဘယ် အခါကမျှငါမသိ။ ငါ့ထံမှထွက်သွား ကြလော့' ဟုထိုသူတို့အားငါပြောမည်။
ဧလိရှဗက်က ``ယခုငါ့အားထာဝရဘုရား ကျေးဇူးပြုတော်မူပြီ။ ငါ့အားလူတို့ကဲ့ရဲ့ရှုတ် ချခြင်းကိုကိုယ်တော်ပပျောက်စေတော်မူပြီ'' ဟုဆို၏။
အီဂျစ်ပြည်ရှိငါ၏လူစုတော်နှိပ်စက်ညှဉ်းဆဲ ခြင်းခံရကြသည်ကိုငါမြင်ရပြီ။ သူတို့၏ ညည်းတွားမြည်တမ်းသံကိုလည်းငါကြား ရပြီ။ သို့ဖြစ်၍သူတို့အားကယ်တင်ရန်ငါ ဆင်းသက်ခဲ့ပြီ။ ယခုသွားလော့။ သင့်ကိုအီဂျစ် ပြည်သို့ငါစေလွှတ်မည်' ဟုမိန့်တော်မူ၏။''
ထိုအခါအကျွန်ုပ်တို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားထံကူညီ မစရန်လျှောက်ထားကြပါသည်။ ထာဝရ ဘုရားသည်ကျွန်ုပ်တို့၏လျှောက်ထားချက် ကိုနားညောင်းတော်မူ၍ အကျွန်ုပ်တို့ခံရ သောညှင်းဆဲနှိပ်စက်ခြင်းနှင့်ဆင်းရဲဒုက္ခ ကိုသိမြင်တော်မူ၏။-
ဟန္နက``အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျွန်မကိုရှုမြင်တော်မူပါ။ ကိုယ်တော်ရှင်ကျွန်မ၏ဒုက္ခကိုရှုမှတ်တော် မူလျက်အောက်မေ့သတိရတော်မူပါ။ မေ့ လျော့တော်မမူပါနှင့်။ ကိုယ်တော်ရှင်သည် ကိုယ်တော်၏ကျွန်မအားသားဆုကိုပေး တော်မူလျှင် သူ့ကိုအသက်ရှင်သမျှကာလ ပတ်လုံးကိုယ်တော်ရှင်အားဆက်ကပ်ပူဇော် ပါမည်။ သူ၏ဆံပင်ကိုလည်းအဘယ် အခါ၌မျှမဖြတ်မရိတ်စေပါ'' ဟုကျိန်ဆိုကတိပြုလေ၏။