ဘုရားသခင်သည်နောဧနှင့်တကွသင်္ဘောပေါ် တွင် ရှိသမျှသောတိရစ္ဆာန်အပေါင်းတို့ကိုမေ့ တော်မမူ။ သို့ဖြစ်၍လေကိုတိုက်စေသဖြင့် ရေသည်စ၍ကျဆင်းလေ၏။-
ထွက်မြောက် 15:10 - Common Language Bible သို့သော်လည်းကိုယ်တော်သည်လေကို မှုတ်တော်မူလိုက်သဖြင့်၊ ပင်လယ်ရေသည်အီဂျစ်အမျိုးသားတို့ကို ဖုံးလွှမ်းလေ၏။ သူတို့သည်လှိုင်းတံပိုးကြားတွင်ခဲကဲ့သို့ နစ်မြုပ်ကုန်၏။ Garrad Bible ကိုယ် တော် ရှူ ထုတ် တော် မူ သ ဖြင့် ပင် လယ် လွှမ်း မိုး ၍ အား ကြီး သော ရေ ထဲ မှာ ခဲ ထုပ် ကဲ့ သို့ သူ တို့ နစ် သွား ကြ ၏။ Judson Bible ကိုယ်တော်သည် လေကိုမှုတ်တော်မူသဖြင့်၊ ပင်လယ်သည် သူတို့ကို လွှမ်းမိုး၍ သူတို့သည်အားကြီးသောရေထဲမှာ ခဲကဲ့သို့ဆင်းကြလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လေကိုရှူထုတ်လိုက်ရာ ပင်လယ်ရေသည် သူတို့ကိုဖုံးလွှမ်း၍ ရေထုအောက်သို့ ခဲသတ္တုသဖွယ်နစ်မြုပ်သွားလေ၏။ |
ဘုရားသခင်သည်နောဧနှင့်တကွသင်္ဘောပေါ် တွင် ရှိသမျှသောတိရစ္ဆာန်အပေါင်းတို့ကိုမေ့ တော်မမူ။ သို့ဖြစ်၍လေကိုတိုက်စေသဖြင့် ရေသည်စ၍ကျဆင်းလေ၏။-
တိုက်ခိုက်မှုသည်တောတောင်များသို့ပျံ့နှံ့ ၍သွားသဖြင့် တောတွင်သေဆုံးသည့်လူဦး ရေမှာတိုက်ပွဲတွင်ကျဆုံးသည့်ဦးရေထက် ပင်များလေသည်။
ကိုယ်တော်သည်ကိုယ်တော်၏လူမျိုးတော်အတွက် ပင်လယ်ကိုဖြတ်၍လမ်းဖောက်ပြီးလျှင် သူတို့အားခြောက်သွေ့သောမြေပေါ်တွင်လျှောက်၍ သွားစေတော်မူပါ၏။ သူတို့အားလိုက်လံဖမ်းဆီးကြသူတို့ကိုမူ ပင်လယ်ရေလှိုင်းတွင် ကျောက်ခဲနစ်သကဲ့သို့ရေထဲ၌နစ်စေတော် မူပါ၏။
ကမ္ဘာမြေကြီးစွန်းမှမိုးတိမ်တို့ကိုတက်စေ တော်မူ၍ မိုးသက်မုန်တိုင်းများအတွက်လျှပ်စစ်လျှပ် နွယ်တို့ကို ဖန်ဆင်းတော်မူ၏။ လေကိုလည်းမိမိ၏လှောင်တိုက်တော်ထဲက ထုတ်ဆောင်လာတော်မူ၏။
ထိုနောက်ကိုယ်တော်သည်အမိန့်ပေးတော်မူသဖြင့် ရေခဲသည်အရည်ပျော်လေ၏။ လေကိုတိုက်စေတော်မူသဖြင့် ရေသည်စီးဆင်းလေ၏။
မောရှေသည်ပင်လယ်ပေါ်သို့လက်ကိုဆန့် လိုက်ရာ ထာဝရဘုရားသည်အရှေ့ဘက် မှလေပြင်းကိုတစ်ညလုံးတိုက်ခတ်စေ သဖြင့် ပင်လယ်ရေကွဲ၍အောက်ခြေ၌ ခြောက်သွေ့သောမြေပေါ်စေတော်မူ၏။-
ပင်လယ်ရေနက်ကသူတို့ကိုဖုံးအုပ်လျက် သူတို့သည်ကျောက်တုံးကဲ့သို့၊အောက်သို့ စုံးစုံးမြုပ်ကြ၏။
ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏ အမည် နှင့်သူ၏သားအမည်ကား အဘယ်သို့နည်း။ သင်ပြော နိုင်သလော။
ထာဝရဘုရားသည်လေပူကိုတိုက်စေ၍ စူးအက်ပင်လယ်ကွေ့နှင့်ဥဖရတ်မြစ်တို့ကို ခန်းခြောက်စေတော်မူပြီးလျှင် မည်သူမဆို လမ်းလျှောက်ကျော်ဖြတ်နိုင်သည့်ချောင်းငယ် ကလေးခုနစ်ခုသာလျှင် ကျန်ရှိစေတော် မူလိမ့်မည်။-
ကိုယ်တော်အမိန့်ပေးတော်မူသောအခါမိုး ကောင်းကင် အထက်ရှိရေတို့သည်အသံမြည်ဟည်းကြ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးစွန်းမှ မိုးတိမ်များကိုတက်စေတော်မူ၏။ မိုးရွာလျက်နေစဉ်လျှပ်စစ်များကိုပြက်စေ တော်မူ၍ မိမိသိုလှောင်ထားရာမှလေကိုလည်း တိုက်ခတ်စေတော်မူ၏။
``အီဂျစ်ဘုရင်ဖာရောအား `အခွင့်ကောင်းကိုလက်လွတ်သူ၊လေအိုးကြီး' ဟူသောနာမည်သစ်ကိုပေးကြလော့။
တောင်များကိုတည်၍လေအဟုန်တို့ကို ဖန်ဆင်းသောအရှင်သည်ဘုရားသခင်ပင် ဖြစ်၏။ ကိုယ်တော်ရှင်သည်မိမိ၏အကြံအစည် တော်တို့ကို လူသားတို့အားသိစေတော်မူပြီ။ နေ့ချိန်တာကိုညဦးယံအဖြစ်သို့ကူးပြောင်း စေခဲ့ပြီ။ ကမ္ဘာမိုးမြေအထွတ်အထိပ်တွင်အုပ်စိုးလျက် နေတော်မူပြီ။ ကိုယ်တော်၏ဘွဲ့နာမတော်ကားကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရားပေတည်း။
တပည့်တော်တို့သည်အံ့သြ၍ ``ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်လှိုင်းများပင် လျှင်သူ၏အမိန့်ကိုလိုက်နာကြပါတကား'' ဟုဆိုကြ၏။
အီဂျစ်စစ်တပ်သည်သင်တို့အားလိုက်လံတိုက် ခိုက်စဉ်က ကိုယ်တော်သည်သူတို့၏မြင်းများ၊ စစ်ရထားများနှင့်တကွစစ်တပ်တစ်ခုလုံး ကို ပင်လယ်နီအတွင်း၌နစ်မြုပ်စေခဲ့ပုံကို သင်တို့မြင်ခဲ့ရ၏။-