ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။-
ထွက်မြောက် 12:40 - Common Language Bible ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်တွင် နှစ်ပေါင်းလေးရာသုံးဆယ်နေထိုင် ခဲ့ကြ၏။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် အိ ဂျစ် ပြည် တွင် တည်း နေ ရ ကြ သော နှစ် ပေါင်း ကား လေး ရာ့ သုံး ဆယ့် တည်း။ Judson Bible ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်၌ဧည့်သည်ဖြစ်၍၊ တည်နေကြသောကာလ နှစ်ပေါင်းလေးရာသုံးဆယ် ဖြစ်သတည်း။ မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်၌ အစ္စရေးအမျိုးသားတို့ နေထိုင်ခဲ့ကြသောအချိန်ကာလမှာ နှစ်ပေါင်း လေးရာ့သုံးဆယ်ဖြစ်၏။ |
ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။-
သင်၏အမျိုးအနွယ်တို့သည်အမျိုးလေးဆက် တိုင်အောင်နေပြီးမှ ဤပြည်သို့ပြန်လာကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်အာမောရိအမျိုး သားတို့သည် ဆိုးသွမ်း၍ဒဏ်သင့်သည့်အခါ ရောက်မှသူတို့အား ဤပြည်မှငါနှင်ထုတ် မည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော်မူ၏။
ငါ၏လူမျိုးတော်ကိုအီဂျစ်ပြည်မှထုတ် ဆောင်ရန် သင့်အားဖာရောဘုရင်ထံသို့ငါ စေလွှတ်မည်'' ဟုမိန့်တော်မူ၏။
ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ငါတို့ဘိုးဘေးများအီဂျစ်ပြည်တွင် သူစိမ်းတစ်ရံဆံအဖြစ်နှင့်နေထိုင်ကြစဉ်၊ သူတို့အားရွေးကောက်၍ လူမျိုးကြီးဖြစ်စေ တော်မူ၏။ မဟာတန်ခိုးတော်ဖြင့်ထိုပြည် မှထုတ်ဆောင်သွားတော်မူကာ၊-
ဘုရားသခင်ကအာဗြဟံအား`သင်၏သား မြေးတို့သည် နိုင်ငံရပ်ခြားတွင်သူစိမ်းများ အဖြစ်ဖြင့်နေရကြလိမ့်မည်။ အနှစ်လေးရာ ပတ်လုံးကျွန်ခံရ၍နှိပ်စက်ညှဉ်းဆဲခြင်း ခံရကြလိမ့်မည်။-
ဘုရားသခင်ကတိထားတော်မူသောပြည် ၌ သူသည်တစ်ကျွန်းတစ်နိုင်ငံသားအဖြစ် ယုံကြည်ခြင်းအားဖြင့်နေထိုင်ခဲ့၏။ သူသည် မိမိနည်းတူကတိတော်ကိုခံစားရသူ ဣဇာက်၊ ယာကုပ်တို့ကဲ့သို့တဲရှင်ထိုး၍ နေလေသည်။-