ငါထာဝရဘုရားပြုသည့်အမှုကိုသတိရ ရန် ဤနေ့ရက်ကိုပွဲတော်နေ့အဖြစ်ဆင်ယင် ကျင်းပရမည်။ သင်တို့သည်ထိုနေ့ကိုဘုရား ပွဲတော်နေ့အဖြစ်ထာဝစဉ်ကျင်းပရကြ မည်'' ဟုမိန့်တော်မူ၏။
ထွက်မြောက် 12:24 - Common Language Bible သင်တို့နှင့်သင်တို့၏သားသမီးများသည် ဤပညတ်ချက်များကိုအစဉ်လိုက်နာ ကျင့်သုံးရကြမည်။- Garrad Bible သင် တို့ နှင့် သား မြေး များ ၌ အ ထုံး အ ဖွဲ့ အ ဖြစ် ဤ အ မှု ကို အ စဉ် အ မြဲ စောင့် ရှောက် ကြ ရ မည်။ Judson Bible သင်တို့နှင့် သင်တို့၏သားများ၌ ပညတ်တော်ရှိသည်ဖြစ်၍၊ ဤအမှုကို အစဉ်အမြဲစောင့်ရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ဤအစဉ်အလာကို ပြဋ္ဌာန်းချက်အဖြစ် သင်နှင့်သင့်သားမြေးများသည် အစဉ်အမြဲစောင့်ထိန်းရမည်။ |
ငါထာဝရဘုရားပြုသည့်အမှုကိုသတိရ ရန် ဤနေ့ရက်ကိုပွဲတော်နေ့အဖြစ်ဆင်ယင် ကျင်းပရမည်။ သင်တို့သည်ထိုနေ့ကိုဘုရား ပွဲတော်နေ့အဖြစ်ထာဝစဉ်ကျင်းပရကြ မည်'' ဟုမိန့်တော်မူ၏။
ငါသည်ထိုနေ့တွင်သင်တို့ဗိုလ်ခြေများကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သည်ဖြစ်ခြင်း ကြောင့် ဤတဆေးမဲ့မုန့်ပွဲတော်ကိုထာဝ စဉ်ကျင်းပကြလော့။-
ထာဝရဘုရားကတိထားတော်မူသော ပြည်သို့ သင်တို့ဝင်ရောက်ကြသောအခါ ဤဝတ်ကိုပြုရမည်။-
ထာဝရဘုရားသည်ခါနန်အမျိုးသား၊ ဟိတ္တိ အမျိုးသား၊ အာမောရိအမျိုးသား၊ ဟိဝိ အမျိုးသား၊ ယေဗုသိအမျိုးသားတို့နေထိုင် ရာပြည်ကို သင်တို့အားပေးမည်ဟုသင်တို့၏ ဘိုးဘေးတို့ကိုခိုင်မြဲသောသစ္စာကတိထား တော်မူခဲ့၏။ ကိုယ်တော်ပို့ဆောင်၍သင်တို့သည် အစာရေစာပေါကြွယ်ဝ၍မြေသြဇာထက် သန်သောပြည်သို့ရောက်ရှိသောအခါ နှစ်စဉ် ပထမလတွင်ဤပွဲတော်ကိုကျင်းပရမည်။-