ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကိုတွေ့၍၊ ညဉ့်အချိန်၌ကဲ့သို့ မွန်းတည့်အချိန်၌ စမ်းသပ်လျက် သွားလာကြ၏။
ထွက်မြောက် 10:21 - Common Language Bible ထိုနောက်ထာဝရဘုရားကမောရှေအား``အီ ဂျစ်ပြည်တွင်အလွန်ထူထပ်သောအမှောင်ထု ဖုံးလွှမ်းစေရန် သင်၏လက်ကိုကောင်းကင်သို့ ဆန့်လော့'' ဟုမိန့်တော်မူ၏။- Garrad Bible တစ် ဖန် ထာ ဝ ရ ဘု ရား က အိ ဂျစ် ပြည် တစ် ဝှမ်း လုံး တွင် စမ်း ယမ်း ဖွယ် သော မှောင် ကျ စေ ရန် ကောင်း ကင် ထက် သို့ လက် ဆန့် လော့ ဟု မော ရှေ အား မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible တစ်ဖန်ထာဝရဘုရားက၊ အဲဂုတ္တုပြည်တစ်လျှောက်လုံး၌ မှောင်မိုက် သာမညမဟုတ်၊ စမ်းသပ်၍တွေ့ရသော မှောင်မိုက်ဖြစ်စေခြင်းငှာ၊ သင်၏လက်ကို မိုးကောင်းကင်သို့ဆန့်လော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက မောရှေအား “စမ်းတဝါးဝါးသွားလာရသည့် အမှောင်ထုကြီးသည် အီဂျစ်ပြည်တစ်ပြည်လုံးပေါ်သို့ ကျရောက်စေရန် သင်၏လက်ကို ကောင်းကင်သို့ဆန့်လော့”ဟု မိန့်တော်မူ၏။ |
ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကိုတွေ့၍၊ ညဉ့်အချိန်၌ကဲ့သို့ မွန်းတည့်အချိန်၌ စမ်းသပ်လျက် သွားလာကြ၏။
ကိုယ်တော်သည်တစ်ပြည်လုံးတွင်အမှောင် ကျစေတော်မူ၏။ သို့သော်လည်းအီဂျစ်အမျိုးသားတို့သည် ကိုယ်တော်၏အမိန့်တော်ကိုနားမထောင် ကြ။
ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့အားလိုက်လံတိုက်ခိုက်စဉ် သူတို့ပြေးရာလမ်းသည်မှောင်မိုက်၍ ခြေချော်ကြရပါစေသော။
ကိုယ်တော်သည်သူတို့အားပြင်းထန်သော အမျက်တော်ထွက်တော်မူ၏။ အမျက်တော်သည်သေမင်း၏တမန်များသဖွယ် သူတို့အားဒဏ်ခတ်တော်မူ၏။
တစ်ဖန်ထာဝရဘုရားက မောရှေကိုမိန့်တော် မူသည်မှာ ``အာရုန်အား သင်သည်အီဂျစ်ပြည် တွင်ရှိသမျှသော မြစ်၊ ချောင်း၊ အင်း၊ အိုင်ရေ လှောင်ကန်တို့၏ရေပေါ်၌ တောင်ဝှေးကိုကိုင်၍ လက်ဆန့်လော့။ တစ်ပြည်လုံးတွင်သစ်သားခွက်၊ ကျောက်ခွက်တို့ပါမကျန်ရှိသမျှသောရေ တို့သည်သွေးဖြစ်လိမ့်မည်' ဟုပြောလော့'' ဟူ၍မိန့်တော်မူ၏။
ထိုနောက်ထာဝရဘုရားကမောရှေအား ``အီဂျစ်ပြည်တစ်လျှောက်လုံးတွင်လူများ၊ တိရစ္ဆာန်များ၊ လယ်ကွင်းရှိအပင်များပေါ်သို့ မိုးရွာချစေရန်သင်၏လက်ကိုကောင်းကင် သို့မြှောက်လော့'' ဟုမိန့်တော်မူ၏။-
မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက် ကဲ့သို့ဖြစ်၍၊ သူတို့သည် လဲသောအခါ၊ အဘယ်အရာကို တိုက်မိသည်ဟု မသိရကြ။
ပညာရှိသောသူ၏ မျက်စိတို့သည် သူ၏ ဦးခေါင်း၌ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော်အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ ၏။
အကြောင်းမူကား၊ ပျက်သော ကိုယ်ဝန်သည် အချည်းနှီးပေါ်လာ၏။ မှောင်မိုက်ထဲမှာ ထွက်သွား၏။ သူ့အမည်ကား၊ မှောင်မိုက်နှင့်ဖုံးလွှမ်းလျက် ရှိလိမ့်မည်။
သင့်အားသုတ်သင်ဖျက်ဆီးချိန်၌ငါသည် မိုးကောင်းကင်ကိုဖုံးအုပ်ကွယ်ကာ၍ ကြယ် တာရာများကိုကွယ်ပျောက်စေမည်။ နေကို မိုးတိမ်များဖုံးအုပ်လိမ့်မည်။ လသည် လည်းအလင်းရောင်ပေးလိမ့်မည်မဟုတ်။-
မွန်းတည့်ချိန်မှအစပြု၍မွန်းလွဲသုံးနာရီတိုင် အောင် မြေတစ်ပြင်လုံးတွင်မှောင်အတိကျလေ၏။-
မွန်းတည့်ချိန်မှစ၍မွန်းလွဲသုံးနာရီတိုင် အောင် မြေတစ်ပြင်လုံးတွင်မှောင်အတိကျ လေ၏။-
အချိန်ကားမွန်းတည့်ချိန်လောက်ဖြစ်၏။ ထို အချိန်မှစ၍မွန်းလွဲသုံးနာရီအထိ မြေတစ် ပြင်လုံးတွင်နေရောင်အလင်းကွယ်၍မှောင် အတိကျလေ၏။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်နှင့်တောကန္တာရ၌သင်တို့အား စောင့်ရှောက်ခဲ့သည့်နည်းတူ ယခုလည်းသင်တို့ ကိုဦးဆောင်၍သင်တို့ဘက်၌စစ်ကူတိုက်တော် မူလိမ့်မည်။ အဖကသားကိုချီပိုက်သကဲ့သို့ ထာဝရဘုရားသည်သင်တို့အားချီပိုက်လျက် ဤအရပ်သို့ရောက်ရှိသည့်တိုင်အောင်ပို့ဆောင် တော်မူခဲ့ကြောင်းကို သင်တို့သိမြင်ရကြပြီ' ဟူ၍ပြောခဲ့သည်။-
နေ့ခင်းကြောင်တောင်၌ပင်လျှင်စမ်းတဝါး ဝါးသွားရသောမျက်မမြင်ကဲ့သို့ သင်တို့ သည်လမ်းကိုရှာမတွေ့ဖြစ်လိမ့်မည်။ လုပ် ဆောင်သမျှတို့၌အောင်မြင်လိမ့်မည်မဟုတ်။ သင်တို့သည်သူတစ်ပါး၏နှိပ်စက်ခြင်း၊ လု ယူခြင်းကိုအမြဲခံရလျက်မည်သူကမျှ သင်တို့အားကယ်မည်မဟုတ်။
သင်တို့ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့လက်မှသင်တို့ကို ကယ်တင်၍ မိမိ၏လူမျိုးတော်အဖြစ်ထုတ် ဆောင်ခဲ့သည်။ အခြားသောဘုရားသည် လူတစ်မျိုးအတွက် ထိုကဲ့သို့ပြုခဲ့ဖူးပါ သလော။ ထာဝရဘုရားသည်မဟာတန်ခိုး တော်ကိုပြတော်မူခြင်း၊ ဘေးဒဏ်နှင့်စစ် ဘေးသင့်စေခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ ကြောက် မက်ဖွယ်သောအမှုတို့ကိုပြုတော်မူခြင်း စသည်တို့ကိုသင်တို့ကိုယ်တိုင်မြင်ခဲ့ရပြီ။-
ထိုသူတို့သည်ရေခန်းခြောက်သွားသည့်စမ်း ချောင်းများကဲ့သို့လည်းကောင်း လေမုန်တိုင်း တွင်လွင့်ပါသွားသည့်မိုးတိမ်ကဲ့သို့လည်း ကောင်းဖြစ်ကြ၏။ ဘုရားသခင်သည်သူတို့ အတွက်အလွန့်အလွန်မှောင်မိုက်သောနေ ရာကိုသီးသန့်၍ထားတော်မူ၏။-
ဘုရားသခင်သည်အပြစ်ကူးသူကောင်းကင် တမန်များကိုချမ်းသာပေးတော်မမူဘဲ မှောင် မိုက်သောငရဲထဲသို့ချထားတော်မူ၏။ ထို နေရာတွင်သူတို့ကိုသံကြိုးများဖြင့်ချည် နှောင်ကာ တရားစီရင်တော်မူရာနေ့ကို စောင့်မျှော်စေတော်မူ၏။-
ပြင်းထန်လှသည့်ပင်လယ်လှိုင်းတံပိုးနှင့် လည်းတူကြ၏။ ပင်လယ်လှိုင်းတံပိုးများမှ ရေမြှုပ်များကဲ့သို့ သူတို့၏ရှက်ဖွယ်ကောင်း သည့်အကျင့်များသည်ပေါ်လွင်လျက်ရှိ၏။ သူတို့သည်လမ်းကြောင်းအတည်တကျ မရှိသည့်ကြယ်ပျံနှင့်လည်းတူကြ၏။ သူ တို့အတွက်ဘုရားသခင်သည်အမှောင် မိုက်ဆုံးဖြစ်သည့်အောက်အရပ်တွင် ထာဝစဉ် နေရာသတ်မှတ်၍ထားတော်မူသတည်း။
မိမိတို့ရရှိထားသောအာဏာနှင့်မရောင့် ရဲဘဲ နေရင်းဌာနကိုစွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအကြောင်းကိုလည်း သတိရကြလော့။ ဘုရားသခင်သည်မိမိ တရားစီရင်တော်မူရာနေ့ကြီး၌ သူတို့ အားအပြစ်ဒဏ်ပေးရန်မှောင်မိုက်ရာ အောက်အရပ်တွင်ထာဝရသံကြိုးများ ဖြင့်ချည်နှောင်၍ထားတော်မူ၏။-
စတုတ္ထကောင်းကင်တမန်တံပိုးခရာမှုတ်လိုက် သောအခါနေ၏သုံးပုံတစ်ပုံ၊ လ၏သုံးပုံ တစ်ပုံ၊ ကြယ်တာရာများ၏သုံးပုံတစ်ပုံတို့ သည်ကပ်သင့်ကြသဖြင့်၎င်းတို့၏အလင်းသည် သုံးပုံတစ်ပုံလျော့နည်းသွားလေ၏။ နေ့၏သုံး ပုံတစ်ပုံ၊ ည၏သုံးပုံတစ်ပုံသည်အလင်း မရကြ။