ကိုယ်တော်သည်မိမိလူစုတော်ကို ကောင်းချီးပေးတော်မူသဖြင့်သူတို့သည် သားသမီးများစွာရရှိကြ၏။ ကိုယ်တော်သည်သူတို့၏နွားအုပ်များကိုလည်း မယုတ်မလျော့စေရန်စောင့်ရှောက်တော်မူ၏။
တရားဟော 7:14 - Common Language Bible သင်တို့သည်ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ ထက် ကောင်းချီးမင်္ဂလာပို၍ခံစားရလိမ့်မည်။ သင်တို့တွင်မြုံသောသူ၊ သားမပေါက်သော တိရစ္ဆာန်မရှိစေရ။- Garrad Bible သင် တို့ သည် လူ မျိုး တ ကာ ထက် ကောင်း ကြီး မင်္ဂ လာ ခံ ရ သည့် အ လျောက်၊ လူ ဖြစ် စေ၊ တိ ရ စ္ဆာန် ဖြစ် စေ၊ မြုံ သော ကျား၊ မ၊ ရှိ မည် မ ဟုတ်။ Judson Bible သင်သည် လူမျိုးတကာတို့ထက် သာ၍ကောင်းချီးခံရသောသူဖြစ်၍၊ သင်၌မြုံသော ယောက်ျားမိန်းမတစ်ယောက်မျှ၊ တိရစ္ဆာန်တွင် မြုံသောအထီးအမ တစ်ကောင်မျှမရှိရ။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် လူမျိုးအပေါင်းတို့ထက် ကောင်းချီးခံစားရ၍ သင်၌ မြုံသောယောက်ျား၊ မြုံသောမိန်းမဟူ၍ ရှိမည်မဟုတ်။ သင်၏တိရစ္ဆာန်များထဲ၌လည်း ရှိမည်မဟုတ်။ |
ကိုယ်တော်သည်မိမိလူစုတော်ကို ကောင်းချီးပေးတော်မူသဖြင့်သူတို့သည် သားသမီးများစွာရရှိကြ၏။ ကိုယ်တော်သည်သူတို့၏နွားအုပ်များကိုလည်း မယုတ်မလျော့စေရန်စောင့်ရှောက်တော်မူ၏။
ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဖန်ဆင်းတော် မူသော ထာဝရဘုရားသည်သင်တို့အားကောင်းချီးပေး တော်မူပါစေသော။
သားသမီးများသည်ထာဝရဘုရားပေး သော ဆုလာဘ်များဖြစ်ကြ၏။ သူတို့သည်ကောင်းချီးမင်္ဂလာအစစ်အမှန် ဖြစ်ကြ၏။
ငါသည်သင်တို့ကိုကောင်းချီးပေးသဖြင့် သင် တို့တွင်သားသမီးမြောက်မြားစွာထွန်းကား လိမ့်မည်။ သင်တို့နှင့်ပြုထားသောပဋိညာဉ် ကိုငါတည်စေမည်။-
ဘုရားသခင်ကဗာလမ်အား``သင်သည်ဤ သူတို့နှင့်အတူမလိုက်သွားရ။ ဣသရေလ အမျိုးသားတို့သည် ငါ၏ကောင်းချီးမင်္ဂလာ ကိုခံရသောသူများဖြစ်သဖြင့်သူတို့ ကိုမကျိန်ဆဲရ'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည် သင်တို့ကိုပေးမည်ဟု ဘိုးဘေးတို့အားကတိထားတော်မူသော ပြည်တွင် သင်တို့၌သားသမီး၊ သိုးနွား၊ တိရစ္ဆာန် မြောက်မြားစွာရရှိစေတော်မူလိမ့်မည်။ အသီးအနှံပေါများစေတော်မူလိမ့်မည်။-
``ထာဝရဘုရားသည် သင်တို့တွင်သားသမီး မြောက်မြားစွာထွန်းကားစေရန်လည်းကောင်း၊ အသီးအနှံပေါများစေရန်လည်းကောင်း၊ သိုး နွားမြောက်မြားစွာတိုးပွားစေရန်လည်း ကောင်းကောင်းချီးပေးတော်မူမည်။
သင်တို့သည်ဤပညတ်ကျမ်းတွင်ရေးထား သော ဤပညတ်တော်ရှိသမျှကိုစောင့်ထိန်း ၍၊ ကိုယ်တော်ထံသို့စိတ်နှလုံးအကြွင်းမဲ့ ပြန် လည်ဆည်းကပ်လျှင်၊ ကိုယ်တော်သည်သင်တို့ ပြုလေသမျှတို့ကို တိုးတက်အောင်မြင် စေတော်မူလိမ့်မည်။ သင်တို့သည်သားသမီး များစွာရလိမ့်မည်။ သိုးနွားတိရစ္ဆာန်များစွာ ပိုင်ရလိမ့်မည်။ သင်တို့၏လယ်များမှအသီး အနှံများစွာထွက်လိမ့်မည်။ ကိုယ်တော်သည် သင်တို့၏ဘိုးဘေးတို့အား ကောင်းချီးပေး ရာတွင်အားရဝမ်းမြောက်တော်မူသကဲ့သို့ သင်တို့ကိုကောင်းချီးပေးရာ၌လည်းအားရ ဝမ်းမြောက်တော်မူလိမ့်မည်။
ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် သင်တို့၏ဒိုင်းလွှားသင်တို့၏ဋ္ဌားဖြစ်တော် မူ၏။ သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။