ပေဂုရတောင်တွင်ထာဝရဘုရားပြုတော် မူသောအမှုကို သင်တို့ကိုယ်တိုင်မြင်ခဲ့ရ ကြပြီ။ ထိုအရပ်တွင်ထာဝရဘုရားသည် ဗာလဘုရားကိုဝတ်ပြုသူမှန်သမျှ အားသေကြေပျက်စီးစေ၍၊-
ဗာ လ ပေ ဂု ရ နတ် ကြောင့် ထာ ဝ ရ ဘု ရား စီ ရင် တော် မူ သည့် အ မှု ကို ဒိ ဋ္ဌ မြင် ရ ကြ ပြီ။ ထို နတ် နောက် လိုက် သွား သူ အ ပေါင်း တို့ ကို လူ မျိုး တော် ဘောင် မှ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပယ် ရှား တော် မူ ခဲ့ ပြီ။
ထာဝရဘုရားသည် ဗာလပေဂုရကြောင့် ပြုတော်မူသောအမှုကို သင်တို့သည် ကိုယ်တိုင်မြင်ရကြပြီ။ ဗာလပေဂုရ၌ ဆည်းကပ်သောသူအပေါင်းတို့ကို သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အထဲက သုတ်သင်ပယ်ရှင်းတော်မူပြီ။
ဗာလပေဂုရဘုရားကြောင့် ထာဝရဘုရားပြုတော်မူသောအမှုကို သင်တို့မျက်စိဖြင့် တွေ့မြင်ခဲ့၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဗာလပေဂုရဘုရားအား ဆည်းကပ်သောသူအပေါင်းတို့ကို ဖျက်ဆီးတော်မူခဲ့၏။
သို့ရာတွင်တောကန္တာရထဲမှသူတို့၏သား သမီးများအား`သင်တို့ဘိုးဘေးများစီရင် ခဲ့သည့်စည်းမျဉ်းများကိုမကျင့်သုံးကြ နှင့်။ သူတို့၏ဋ္ဌလေ့ထုံးစံများကိုမလိုက် လျှောက်ကြနှင့်။ သူတို့၏ရုပ်တုများကို ကိုးကွယ်ခြင်းအားဖြင့်ကိုယ်ကိုမညစ် ညမ်းစေကြနှင့်။-
ထာဝရဘုရားက``ဣသရေလကိုငါဦး စွာတွေ့ရစဉ်က တောကန္တာရ၌ပေါက်သော စပျစ်ပင်များကိုတွေ့ရသကဲ့သို့ဖြစ်၏။ သင်တို့၏ဘိုးဘေးများကိုငါဦးစွာတွေ့ ရစဉ်ကပေါ်ဦးပေါ်ဖျားမှည့်သောသဖန်း သီးများကိုတွေ့ရသကဲ့သို့ဖြစ်၏။ သို့ ရာတွင်သူတို့သည်ပေဂုရတောင်သို့ရောက် ရှိသောအခါ ဗာလဘုရားကိုကိုးကွယ် ကြသဖြင့်၊ သူတို့ကြည်ညိုသောဘုရား များကဲ့သို့စက်ဆုတ်ရွံရှာဖွယ်ဖြစ်လာ ကြ၏။-
ဤလူဦးရေစာရင်းတွင်မောရှေနှင့်အာရုန်တို့ သိနာတောကန္တာရ၌ကောက်ယူခဲ့သောပထမ သန်းခေါင်စာရင်းဝင်သူတစ်ဦးတစ်ယောက်မျှ မပါရှိချေ။-
ဤအမျိုးသမီးများသည်ဗာလမ်၏အကြံ ပေးချက်အရပေဂုရအရပ်တွင် ဣသရေလ အမျိုးသားတို့အား ထာဝရဘုရားကိုသစ္စာ ဖောက်စေခဲ့ကြောင်းသတိရကြလော့။ ထို အပြစ်ကြောင့်ထာဝရဘုရား၏လူစု တွင်ကပ်ရောဂါကျရောက်ခဲ့၏။-
ထို့ကြောင့်ထာဝရဘုရားပြုတော်မူသော အံ့သြဖွယ်အမှုတော်များကို သင်တို့ ကိုယ်တိုင်တွေ့မြင်ခဲ့ရကြပြီ။''
ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ် သောသင်တို့ကိုမူ ယနေ့တိုင်အောင်အသက် ရှင်စေတော်မူ၏။''
ပေဂုရအရပ်တွင်ငါတို့လွန်ကူးသော အပြစ်ကြောင့်ထာဝရဘုရားသည် မိမိ၏ လူမျိုးတော်အားကပ်ရောဂါဘေးသင့်စေ တော်မူသည်မဟုတ်လော။ ထိုအပြစ်၏ဆိုး ကျိုးကိုငါတို့သည်ခံနေရဆဲဖြစ်သည် မဟုတ်လော။ ထိုအပြစ်မျိုးကိုထပ်မံ ကူးလွန်ကြဦးမည်လော။-