တရားဟော 11:7 - Common Language Bible7 ထို့ကြောင့်ထာဝရဘုရားပြုတော်မူသော အံ့သြဖွယ်အမှုတော်များကို သင်တို့ ကိုယ်တိုင်တွေ့မြင်ခဲ့ရကြပြီ။'' အခန်းကိုကြည့်ပါ။Judson Bible7 ထာဝရဘုရားပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 အကြောင်းမူကား ထာဝရဘုရားပြုတော်မူခဲ့သည့် ကြီးမားသောအမှုရှိသမျှတို့ကို သင်တို့ကိုယ်တိုင် တွေ့မြင်ခဲ့ကြ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့ကိုယ်တိုင်မြင်ခဲ့ရသောကြောက်မက်ဖွယ် ကပ်ကြီးများ၊ အံ့သြဖွယ်သောနိမိတ်လက္ခဏာ များ၊ သင်တို့အားလွတ်မြောက်စေခဲ့သော သင်တို့ ၏ဘုရားသခင်ထာဝရဘုရား၏မဟာတန် ခိုးတော်နှင့်လက်ရုံးတော်တို့ကိုသတိရကြ လော့။ ထာဝရဘုရားသည်အီဂျစ်အမျိုးသား တို့ကိုသေကြေပျက်စီးစေခဲ့သည့်နည်းတူ ယခုသင်တို့ကြောက်ရွံ့သောလူမျိုးအပေါင်း တို့ကိုလည်းသေကြေပျက်စီးစေတော်မူ မည်။-
ယောရှုအသက်ရှင်နေသမျှကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရားကိုဝတ်ပြုကိုးကွယ်ကြ၏။ ယောရှု အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့အတွက် ထာဝရဘုရားပြုတော်မူ သမျှကိုတွေ့မြင်ခဲ့သည့်ခေါင်းဆောင်များ အသက်ရှင်နေသေးသမျှကာလပတ်လုံး ၌လည်း သူတို့သည်ထာဝရဘုရားကို ဝတ်ပြုကိုးကွယ်ကြ၏။