ဥရိ၏သားဂေဗအာမောရိဘုရင်ရှိဟုန် နှင့်၊ဗာရှန်ဘုရင်သြဃအုပ်စိုးခဲ့သောဂိလဒ် နယ်မြေ၊ ဤဘုရင်ခံတစ်ဆယ်နှစ်ယောက် အပြင် တစ်ပြည်လုံးအုပ်စိုးရသည့်ဘုရင်ခံ တစ်ယောက်ရှိသေးသတည်း။
တရားဟော 3:8 - Common Language Bible ``သို့ဖြစ်၍ထိုအချိန်တွင်ငါတို့သည် အာနုန် မြစ်မှဟေရမုန်တောင်အထိကျယ်ပြန့်သော ယောဒန်မြစ်အရှေ့ဘက်ရှိနယ်မြေကို ထို အာမောရိဘုရင်နှစ်ပါးတို့ထံမှသိမ်း ယူကြ၏။- Garrad Bible ထို ကာ လ၊ ဇိ ဒုန် မြို့ သား တို့ က စိ ရုန် ဟူ၍လည်း ကောင်း၊ အာ မော ရိ လူ မျိုး တို့ က စ နိ ရ ဟူ၍လည်း ကောင်း၊ ခေါ် ဝေါ် ကြ သော ဟေ ရ မုန် တောင် မှ၊ အာ နုန် ချောင်း အ ထိ၊ ပျံ့ ရှိ မြို့ ရွာ များ နှင့် တ ကွ၊ ဂိ လဒ် နယ် တစ် ဝှမ်း လုံး၊ ဗာ ရှန် ပြည် တ ဝှမ်း လုံး ပါ သြ ဃ မင်း၏ နိုင် ငံ အ ဝင် သာ လ က မြို့၊ ဧ ဒြိ မြို့ များ တိုင် အောင်၊ ယော် ဒန် မြစ် တစ် ဘက် ရှိ၊ အာ မော ရိ ပြည့် ရှင် ထို မင်း နှစ် ပါး တို့ လက် တွင်း မှ ပြည် လုံး ကျွတ် သိမ်း ယူ ကြ ၏။ Judson Bible ထိုအခါ အာနုန်မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ ယော်ဒန်မြစ် အရှေ့ဘက်၌ရှိသောမြေကို ငါတို့သည်သိမ်းယူကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအချိန်၌ ငါတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာမောရိလူမျိုးတို့၏ဘုရင်နှစ်ပါးလက်မှမြေကို အာနုန်ချောင်းမှ ဟေရမုန်တောင်တိုင်အောင် သိမ်းယူခဲ့၏။ |
ဥရိ၏သားဂေဗအာမောရိဘုရင်ရှိဟုန် နှင့်၊ဗာရှန်ဘုရင်သြဃအုပ်စိုးခဲ့သောဂိလဒ် နယ်မြေ၊ ဤဘုရင်ခံတစ်ဆယ်နှစ်ယောက် အပြင် တစ်ပြည်လုံးအုပ်စိုးရသည့်ဘုရင်ခံ တစ်ယောက်ရှိသေးသတည်း။
အရှေ့ပိုင်းမနာရှေမှလူတို့သည်ဗာရှန် ပြည်တွင်မြောက်သို့လားသော်ဗာလဟေရ မုန်မြို့၊ စနိရမြို့နှင့်ဟေရမုန်တောင်ပိုင်း တိုင်အောင်ပြန့်နှံ့လျက်အခြေစိုက်နေထိုင် ကြလေသည်။ သူတို့၏လူဦးရေသည် လည်းများစွာတိုးတက်၍လာ၏။-
ယခုပြည်နှင်ဒဏ်ငါခံနေရချိန်၌ငါ၏ စိတ်နှလုံးသည်ကြေကွဲလျက်ရှိ၏။ သို့ဖြစ်၍ငါသည်ကိုယ်တော်ကို အောက်မေ့သတိရပါ၏။ ကိုယ်တော်သည်ဟေရမုန်တောင်နှင့် မိဇရတောင်မှဝမ်းနည်းခြင်းလှိုင်းလုံးများကို စေလွှတ်တော်မူပြီးလျှင် ယော်ဒန်မြစ်မှရေတံခွန်စီးဆင်းလာသကဲ့သို့ အသံဗလံနှင့်ငါ့ကိုလွှမ်းမိုးစေတော်မူပါ၏။
ကိုယ်တော်ရှင်သည်မြောက်မျက်နှာနှင့် တောင်မျက်နှာကိုဖန်ဆင်းတော်မူပါ၏။ တာဗော်တောင်နှင့်ဟေရမုန်တောင်တို့သည် ကိုယ်တော်ရှင်အားရွှင်လန်းစွာထောမနာ ပြုကြပါ၏။
သူ၏နိုင်ငံကိုလည်းကောင်း၊ ယော်ဒန်မြစ်အရှေ့ ဘက်တွင် စိုးစံသောအခြားအာမောရိဘုရင် ဖြစ်သည့်ဗာရှန်ဘုရင်သြဃ၏နိုင်ငံကို လည်းကောင်းသိမ်းယူခဲ့ကြသည်။-
ဣသရေလအမျိုးသားတို့သိမ်းပိုက်သော နယ်မြေသည် အာနုန်မြစ်အနီးရှိအာရော် မြို့မှဟေရမုန်ခေါ်စိယုန်တောင်အထိ ကျယ်ပြန့်လေသည်။-
ဣသရေလအမျိုးသားတို့သည်တောင် ဘက်အာနုန်မြစ်ဝှမ်းမှမြောက်ဘက်ဟေရမုန် တောင်အထိ၊ အရှေ့ဘက်နယ်မြေနှင့်ယော်ဒန် မြစ်ဝှမ်းတစ်လျှောက်လုံးကိုတိုက်ခိုက်သိမ်း ယူခဲ့ပြီးဖြစ်သည်။-
ရုဗင်၊ ဂဒ်နှင့်အခြားမနာရှေအနွယ်ဝင် တစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက်ရှိ နယ်မြေကိုထာဝရဘုရား၏အစေခံ မောရှေသတ်မှတ်ခွဲဝေပေးသည့်အတိုင်း ရရှိကြပြီးဖြစ်သည်။ ထိုဒေသသည် ယော်ဒန်မြစ်အရှေ့ဘက်ကမ်းဖြစ်၏။-