အီဂျစ်အမျိုးသားတို့သည် အကျွန်ုပ်တို့ ကိုညှင်းဆဲနှိပ်စက်၍ကျွန်အဖြစ်စေ ခိုင်းပါသည်။-
အိ ဂျစ် ပြည် သား တို့ နှိပ် စက် ညှဉ်း ပန်း၍ အ ကြပ် အ တည်း စေ စား ကြ ရာ၊
အဲဂုတ္တုလူတို့သည် အကျွန်ုပ်တို့ကို ညှဉ်းဆဲနှိပ်စက်၍ ကျပ်တည်းစွာ ကျွန်ခံစေကြ၏။
အီဂျစ်လူမျိုးတို့သည် အကျွန်ုပ်တို့ကို ညှဉ်းပန်းနှိပ်စက်၍ ကြမ်းတမ်းသောအလုပ်ကို လုပ်စေပါ၏။
သို့ဖြစ်၍အီဂျစ်အမျိုးသားတို့သည်ဣသရေလအမျိုးသားတို့အပေါ်တွင် အုပ်ချုပ်ရေးအရာရှိချုပ်များကိုခန့်ထား၍ စိတ်ဋ္ဌာတ်ကိုချိုးနှိမ်ရန်အလုပ်ကြမ်းကိုအတင်းအကြပ်ခိုင်းကြ၏။ ဤနည်းအားဖြင့်ဖာရောဘုရင်၏ရိက္ခာသိုလှောင်ရာ ပိသုံမြို့နှင့်ရာမသက်မြို့တို့ကိုဣသရေလအမျိုးသားတို့အားတည်ဆောက်စေ၏။-
ဆောက်လုပ်ရေး၌လည်းကောင်း၊ လယ်ယာလုပ်ငန်း၌လည်းကောင်း မညှာမတာဘဲပင်ပန်းကြီးစွာလုပ်ဆောင်စေကြ၏။
``ဟေဗြဲအမျိုးသမီးတို့ကိုသားဖွားပေးရသည့်အခါ ယောကျာ်းကလေးဖြစ်လျှင်သတ်ပစ်လော့။ မိန်းကလေးဖြစ်လျှင်အသက်ချမ်းသာခွင့်ပေးလော့။'' ဟုအမိန့်ပေးလေ၏။-
သို့ဖြစ်၍ဖာရောဘုရင်သည်``ဟေဗြဲအမျိုးသမီးတို့မှဖွားမြင်သော သားယောကျာ်းမှန်သမျှတို့ကိုနိုင်းမြစ်ထဲသို့ပစ်ချရမည်။ သမီးမိန်းကလေးများကိုမူအသက်ချမ်းသာပေးရမည်'' ဟုမိမိ၏ပြည်သူပြည်သားတို့အားအမိန့်ပေးလေ၏။
ထိုနောက်အီဂျစ်ပြည်တွင် ယောသပ်အကြောင်းကိုလုံးဝမကြားဘူးသောဘုရင်တစ်ပါးနန်းတက်လာလေ၏။-
ယခင်နေ့စဉ်ထုတ်လုပ်သော အုတ်အရေအတွက် နှုန်းအတိုင်းထုတ်လုပ်ရမည်ဖြစ်ကြောင်းကို ကြားရသောအခါ ဣသရေလအမျိုးသား အလုပ်ကြပ်တို့သည်မိမိတို့၌ဒုက္ခရောက် မည့်အရေးကိုတွေ့မြင်လာကြလေသည်။
အကျွန်ုပ်သည်ကိုယ်တော်၏အမိန့်တော်အရ ဖာရောဘုရင်ထံလျှောက်ထားသည့်အချိန်မှ စ၍ သူသည်ကိုယ်တော်၏လူမျိုးတော်ကိုနှိပ် စက်ခဲ့ပါပြီ။ သို့သော်လည်းကိုယ်တော်သည် သူတို့အားမည်သည့်အကူအညီကိုမျှ မပေးခဲ့ပါ'' ဟုလျှောက်ထားလေ၏။
သူတို့အားအလုပ်ကိုအားသွန်ခွန်စိုက်လုပ် ဆောင်ကြစေ။ သို့မှသာလျှင်သူတို့သည်လိမ် လည်လှည့်စားသည့်စကားကိုနားမယောင်၊ အလုပ်မပျက်ဘဲလုပ်ကိုင်ကြလိမ့်မည်'' ဟု မိန့်မြွက်လေ၏။
အကျွန်ုပ်တို့၏ဘိုးဘေးများသည်အီဂျစ် ပြည်သို့သွားရောက်၍ နှစ်ပေါင်းများစွာနေ ထိုင်ခဲ့ရာအီဂျစ်အမျိုးသားတို့သည်ဘိုး ဘေးများနှင့်အကျွန်ုပ်တို့ကိုညှင်းဆဲနှိပ်စက် ခဲ့ပါ၏။-
ထိုအခါအကျွန်ုပ်တို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားထံကူညီ မစရန်လျှောက်ထားကြပါသည်။ ထာဝရ ဘုရားသည်ကျွန်ုပ်တို့၏လျှောက်ထားချက် ကိုနားညောင်းတော်မူ၍ အကျွန်ုပ်တို့ခံရ သောညှင်းဆဲနှိပ်စက်ခြင်းနှင့်ဆင်းရဲဒုက္ခ ကိုသိမြင်တော်မူ၏။-
သင်တို့သည်ကားမီးပြင်းဖိုသဖွယ်ဖြစ် သောအီဂျစ်ပြည်ထဲမှ ထာဝရဘုရားထုတ် ဆောင်ခဲ့သောလူမျိုးဖြစ်၏။ ကိုယ်တော်၏လူ မျိုးတော်ဖြစ်စေရန် သင်တို့ကိုထုတ်ဆောင်ခဲ့ တော်မူ၏။ သို့ဖြစ်၍သင်တို့သည်ကိုယ်တော် ၏လူမျိုးတော်အဖြစ် ယနေ့ရပ်တည်လျက် ရှိကြသည်။-