အရေဖျားလှီးခြင်းမင်္ဂလာကိုမခံသော ယောကျာ်းသည် ငါနှင့်ပြုထားသောပဋိညာဉ်ကို မစောင့်ထိန်းသောသူဖြစ်ခြင်းကြောင့် ငါ၏လူမျိုး တော်ဝင်အဖြစ်မှထုတ်ပယ်ခြင်းကိုခံရလိမ့်မည်'' ဟုအာဗြဟံအားမိန့်တော်မူ၏။
တောလည် 9:13 - Common Language Bible တစ်စုံတစ်ယောက်သည်ဘာသာရေးထုံးနည်းအရ သန့်စင်လျက်နှင့် ခရီးမလွန်ဘဲရှိလျက်နှင့် ပသခါပွဲခံချိန်တွင်ငါ့အားပူဇော်သကာမဆက်သလျှင် ထိုသူ့ကိုငါ၏လူမျိုးတော်အထဲမှထုတ်ပယ်ရမည်။ သူသည်မိမိ၏အပြစ်အလျောက်ဒဏ်ခံရမည်။ Garrad Bible ခ ရီး မ သွား ဘဲ သန့် လျက် ပင်၊ ပ သ ခါ ပွဲ ကို မ ကျင်း ပ သော သူ မူ ကား အ မျိုး မှ ပယ် ရှား ခံ စေ။ အ ခါ သ မ ယ၌ ထာ ဝ ရ ဘု ရား ထံ တင် သွင်း လှူ ဒါန်း ခြင်း မ ပြု သော ကြောင့် အ ပြစ် ဝန် ကို ထမ်း စေ။ Judson Bible ညစ်ညူးခြင်းမရှိ၊ အခြားတစ်ပါးသို့ ခရီးမသွားသောသူသည် ပသခါပွဲကို မခံဘဲနေလျှင်၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။ ချိန်းချက်သောအချိန်၌ ထိုသူသည် ထာဝရဘုရားအဖို့ ပူဇော်သကာကိုမဆောင်ခဲ့သောကြောင့် မိမိအပြစ်ကိုခံရမည်။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် တစ်စုံတစ်ယောက်သည် စင်ကြယ်ခြင်းရှိလျက်၊ ခရီးလည်းမလွန်ဘဲလျက် ပသခါပွဲတော်ကို မကျင်းပလျှင် သူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ သတ်မှတ်ထားသောအချိန်၌ ထာဝရဘုရားအား ပူဇော်သက္ကာကို မပူဇော်သောကြောင့် သူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။ |
အရေဖျားလှီးခြင်းမင်္ဂလာကိုမခံသော ယောကျာ်းသည် ငါနှင့်ပြုထားသောပဋိညာဉ်ကို မစောင့်ထိန်းသောသူဖြစ်ခြင်းကြောင့် ငါ၏လူမျိုး တော်ဝင်အဖြစ်မှထုတ်ပယ်ခြင်းကိုခံရလိမ့်မည်'' ဟုအာဗြဟံအားမိန့်တော်မူ၏။
ထာဝရဘုရားက``သင်တို့သည်ခုနစ်ရက် ပတ်လုံးတဆေးပါသောမုန့်ကိုမစားရ။ တဆေးမဲ့မုန့်ကိုသာစားရမည်။ ပထမ နေ့တွင်သင်တို့၏အိမ်များမှတဆေးကို ဖယ်ရှားရမည်။ ထိုခုနစ်ရက်အတွင်း၌တစ် စုံတစ်ယောက်သောသူသည် တဆေးပါသော မုန့်ကိုစားမိလျှင်ထိုသူသည်ငါ၏လူမျိုး တော်မှအပယ်ခံရမည်။-
ခုနစ်ရက်ပတ်လုံးသင်တို့၏အိမ်များတွင် တဆေးမရှိစေရ။ ဣသရေလအမျိုးသား ဖြစ်စေ၊ အခြားအမျိုးသားဖြစ်စေ မည်သူ မဆိုတဆေးပါသောမုန့်ကိုစားမိလျှင် ထို သူသည်ငါ၏လူမျိုးတော်မှအပယ်ခံရမည်။-
မည်သူမဆိုထိုဆီနှင့်တူသောဆီကိုဖော် စပ်လျှင်ဖြစ်စေ၊ ယဇ်ပုရောဟိတ်မဟုတ်သူ အပေါ်သို့ထိုဆီကိုလောင်းလျှင်ဖြစ်စေ၊ ငါ ၏လူမျိုးတော်မှအပယ်ခံရမည်ဟုမိန့် တော်မူ၏။
ထိုနံ့သာပေါင်းကိုမိမိအတွက်အမွှေး အကြိုင်အဖြစ်ဖော်စပ်သူသည်၊ ငါ၏လူ မျိုးတော်မှအပယ်ခံရမည်'' ဟုမိန့်တော် မူ၏။
အချင်းညီအစ်မနှစ်ယောက်တို့၊ ငါသည်သင်တို့ အားအကျင့်ပျက်မှု၊ ရုပ်တုများအားရှိခိုးဝတ် ပြုမှုအပြစ်များအတွက်ဒဏ်ခတ်မည်။ ထိုအခါ ငါသည်အရှင်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလ အမျိုးသားတို့နှင့်နေထိုင်သောလူမျိုးခြား သားဖြစ်စေ၊ သွေးပါသောအသားကိုစား လျှင် ထာဝရဘုရားသည်ထိုသူကိုမျက်နှာ လွှဲ၍ မိမိ၏လူမျိုးတော်မှထုတ်ပယ်တော် မူလိမ့်မည်။-
တစ်စုံတစ်ယောက်သည်မိမိ၏ဘကြီး၊ ဘထွေး၏မယားနှင့်ကာမစပ်ယှက်လျှင်သူသည်ဘကြီး၊ ဘထွေး၏အသရေကိုဖျက်သောကြောင့်သူတို့သည်အပြစ်ဒဏ်ကိုခံရမည်။ နှစ်ဦးစလုံးသားသမီးများမရဘဲနေလိမ့်မည်။-
``ယဇ်ပုရောဟိတ်အားလုံးတို့သည် ငါ၏ ပညတ်များကိုလိုက်နာရကြမည်။ ယင်းသို့ မလိုက်နာလျှင်ပညတ်တော်များကိုချိုး ဖောက်သောကြောင့် သူတို့သည်အပြစ်ကူး လွန်သဖြင့်သေရကြမည်။ ငါသည်ထာဝရ ဘုရားဖြစ်၏။ ငါသည်သူတို့ကိုသန့်ရှင်း စေတော်မူ၏။
တစ်စုံတစ်ယောက်သည်ဘုရားသခင်ကို ကျိန်ဆဲလျှင်ထိုသူသည်အပြစ်ကိုခံရမည်။-
လူသေကောင်ကိုကိုင်တွယ်မိသောသူသည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုကိုယ်ပေါ်သို့ ပက်၍ သန့်စင်မှုမပြုလျှင်မသန့်စင်ဘဲရှိ နေလိမ့်မည်။ ထိုသူသည်ထာဝရဘုရား၏ တဲတော်ကိုညစ်ညမ်းစေသဖြင့် ဘုရားသခင် ၏လူမျိုးတော်မှထုတ်ပယ်ခြင်းခံရမည်။
ဘာသာရေးထုံးနည်းအရမသန့်စင်သူ သည် သန့်စင်ခြင်းဝတ်ဆိုင်ရာရေကိုမိမိ ကိုယ်ပေါ်သို့ပက်၍ သန့်စင်မှုမပြုလျှင် မသန့်စင်ဘဲရှိနေလိမ့်မည်။ ထိုသူသည် ထာဝရဘုရား၏တဲတော်ကိုညစ်ညမ်း စေသဖြင့် ဘုရားသခင်၏လူမျိုးတော် မှထုတ်ပယ်ခြင်းခံရမည်။-
ခင်ပွန်းသည်ပြစ်မှုကင်းစေရမည်။ သို့ရာ တွင်ဇနီးသည်ပြစ်မှုကူးလွန်လျှင် အပြစ် အလျောက်ဒဏ်ခံစေရမည်။
``အကျွန်ုပ်တို့သည်လူသေအလောင်းကိုကိုင်တွယ်မိသဖြင့်မသန့်စင်ကြပါ။ အခြားသူများနည်းတူအကျွန်ုပ်တို့သည်လည်းထာဝရဘုရားအား ပူဇော်သကာဆက်သခြင်းမပြုလုပ်နိုင်ပြီလော'' ဟုမေးလျှောက်ကြ၏။
ထိုကြောင့်သင်တို့သည်မိန့်တော်မူသံကို ကြားနာရန်ငြင်းဆန်သူများမဖြစ်စေရန် သတိပြုကြလော့။ ဗျာဒိတ်တော်ကိုဆင့် ဆိုသောသူကိုကမ္ဘာမြေကြီးပေါ်တွင်နား ထောင်ရန်ငြင်းဆန်သူတို့သည်အပြစ်ဒဏ် ခံကြရလျှင် ငါတို့သည်ကောင်းကင်ဘုံမှ မိန့်တော်မူသောအရှင်အားကျောခိုင်းကြ မည်ဆိုပါမူအဘယ်သို့လျှင်အပြစ် ဒဏ်မှလွတ်မြောက်နိုင်ပါမည်နည်း။-
ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရား တော်ကိုငါတို့ဂရုမစိုက်ဘဲနေကြပါမူ အဘယ်သို့လျှင်ငါတို့သည်အပြစ်ဒဏ် စီရင်ခြင်းနှင့်ကင်းလွတ်နိုင်ကြပါမည်နည်း။ ထိုကယ်တင်ခြင်းတရားတော်ကိုသခင် ဘုရားကိုယ်တော်တိုင် ဦးစွာပထမဟော ကြားတော်မူ၍ကြားနာရသူတို့ကငါ တို့အား ထိုတရားတော်မှန်ကန်ကြောင်းကို သက်သေပြခဲ့ကြ၏။-
ထို့နောက်သူတို့သည်ဖောက်ပြန်ကြလေသည်။ သူတို့သည်ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်တွင် တစ်ဖန်တင်၍သတ်လျက် လူတို့ရှေ့ကဲ့ရဲ့ရှုတ်ချသည်ဖြစ်၍ သူတို့အား နောက်တစ်ဖန်အဘယ်သို့မျှနောင်တမရ စေနိုင်။
ထိုနည်းတူစွာခရစ်တော်သည်လည်းလူအများ ၏အပြစ်ကိုဖြေလွှတ်ရန်အတွက် မိမိ၏ကိုယ် ကိုတစ်ကြိမ်တည်းတင်လှူပူဇော်တော်မူသည်။ အပြစ်ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းရန် မဟုတ်ဘဲ မိမိကိုစောင့်မျှော်နေသူတို့အား ကယ်တင်တော်မူရန် ကိုယ်တော်သည်ဒုတိယ အကြိမ်ကြွလာတော်မူပေအံ့။