တောလည် 9:7 - Common Language Bible7 ``အကျွန်ုပ်တို့သည်လူသေအလောင်းကိုကိုင်တွယ်မိသဖြင့်မသန့်စင်ကြပါ။ အခြားသူများနည်းတူအကျွန်ုပ်တို့သည်လည်းထာဝရဘုရားအား ပူဇော်သကာဆက်သခြင်းမပြုလုပ်နိုင်ပြီလော'' ဟုမေးလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible7 ကျွန် တော် တို့ သည် သူ သေ အ လောင်း ကြောင့် မ သန့် ရာ ရောက် ကြ သည် မှန် ပါ၏။ အ ခါ သ မ ယ၌ ထာ ဝ ရ ဘု ရား ထံ ဣ သ ရေ လ အ မျိုး သား တို့ ဘောင် တွင် တင် သွင်း လှူ ဒါန်း ခွင့် မ ရ သည် မှာ အ သို့ နည်း ဟု မေး လျှောက် ကြ သော်၊ အခန်းကိုကြည့်ပါ။Judson Bible7 အကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်းရှိပါ၏။ ချိန်းချက်သောအချိန်၌ ဣသရေလအမျိုးသားတို့နှင့်အတူ၊ ထာဝရဘုရားအား ပူဇော်သကာကို မပြုစေခြင်းငှာ၊ အကျွန်ုပ်တို့ကို ဆီးတားပါမည်လောဟု မေးလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 “အကျွန်ုပ်တို့သည် လူသေအလောင်းကြောင့် မစင်မကြယ်ဖြစ်ခဲ့ပါ၏။ သတ်မှတ်ထားသောအချိန်၌ အစ္စရေးအမျိုးသားတို့နှင့်အတူ ထာဝရဘုရားထံ ပူဇော်သက္ကာကို ပူဇော်ခွင့်မရသည်မှာ အဘယ်ကြောင့်နည်း”ဟု မောရှေအား မေးလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့က`ထာဝရဘုရားသည်အီဂျစ် ပြည်သားတို့အားသုတ်သင်ဖျက်ဆီးသော အခါ အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့၏အိမ်များကိုကျော်၍ ငါတို့အား အသက်ချမ်းသာစေခဲ့သဖြင့် ထာဝရ ဘုရားအားပသခါယဇ်ကိုပူဇော်ခြင်း ဖြစ်သည်' ဟုဖြေကြားရမည်'' ဟုညွှန် ကြားလေ၏။ ထိုအခါဣသရေလအမျိုးသားတို့သည် ဦးညွှတ်၍ထာဝရဘုရားအားရှိခိုး ကြ၏။-