သူသည်မိတ်သဟာယယဇ်အဖြစ်သိုးထီး ကိုပူဇော်သောအခါ မုန့်တောင်းကိုလည်း ဆက်သရမည်။ တစ်ချိန်တည်းတွင်ဘောဇဉ် သကာနှင့် စပျစ်ရည်သကာတို့ကိုလည်း ဆက်သရမည်။-
တောလည် 6:18 - Common Language Bible နာဇရိဂိုဏ်းဝင်သည်တဲတော်တံခါးဝ တွင် မိမိ၏ဆံပင်ကိုရိတ်၍ မိတ်သဟာယ ယဇ်မီးရှို့ရာမီးထဲတွင်ထည့်ရမည်။ Garrad Bible ပ ရ ဗိုဇ် ဂိုဏ်း သား သည် တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး သီး ခြား ခြင်း ဆိုင် ရာ ဦး ဆံ ကို ရိတ် ပြီး လျှင် မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ အောက် မီး တွင် ထည့် ရ မည်။ Judson Bible နာဇရိလူသည်၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ မိမိခြားနားသောဦးဆံကိုရိတ်၍၊ ထိုဆံကို မိတ်သဟာယယဇ်အောက်၌ရှိသော မီးထဲမှာထည့်ရမည်။ မြန်မာ့စံမီသမ္မာကျမ်း နာဇရိလူသည် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၌ နာဇရိလူဖြစ်ခြင်းနှင့်ဆိုင်သော မိမိ၏ခေါင်းကိုရိတ်၍ ရိတ်ထားသောဆံပင်ကို ယူပြီး မိတ်သဟာယယဇ်အောက်ရှိ မီးထဲသို့ ထည့်ရမည်။ |
သူသည်မိတ်သဟာယယဇ်အဖြစ်သိုးထီး ကိုပူဇော်သောအခါ မုန့်တောင်းကိုလည်း ဆက်သရမည်။ တစ်ချိန်တည်းတွင်ဘောဇဉ် သကာနှင့် စပျစ်ရည်သကာတို့ကိုလည်း ဆက်သရမည်။-
သူသည်နာဇရိဂိုဏ်းဝင်အဖြစ်အဋ္ဌိဋ္ဌာန် ပြုထားသည့်ကာလအတွင်း မိမိ၏ဆံပင် ကိုမဖြတ်ရ၊ မရိတ်ရ။ သူသည်ထာဝရ ဘုရားအားဆက်ကပ်ထားသည့်အဋ္ဌိဋ္ဌာန် ကာလအတွင်း မိမိ၏ဆံပင်နှင့်မုတ်ဆိတ် မွေးကိုမဖြတ်မရိတ်ရ။-
နာဇရိဂိုဏ်းဝင်တစ်ယောက်၏အနီးတွင် တစ် စုံတစ်ယောက်ရုတ်တရက်သေဆုံးခဲ့သည်ရှိ သော် သူ၏ဆက်ကပ်ထားသောဆံပင်သည် ညစ် ညမ်းသွားလိမ့်မည်။ ယင်းသို့ဖြစ်လျှင်သူသည် ခုနစ်ရက်စောင့်ဆိုင်း၍ ဆံပင်နှင့်မုတ်ဆိတ်မွေး ကိုရိတ်ရမည်။ ထိုအခါသူသည် ဘာသာ ရေးထုံးနည်းအရသန့်စင်လာလိမ့်မည်။-
ထိုနည်းတူသင်တို့သည်လည်းမိမိတို့အားစေ ခိုင်းသည့်အရာအားလုံးကိုဆောင်ရွက်ပြီးချိန် ၌ ငါတို့ကားသာမန်အစေခံများပင်ဖြစ်သည်။ ငါတို့ဆောင်ရွက်ရန်ရှိသည့်တာဝန်ဝတ္တရားကို သာလျှင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်ဟု' ဆို ကြလော့'' ဟူ၍မိန့်တော်မူ၏။
ပေါလုသည်ကောရိန္သုမြို့တွင်ရက်ပေါင်းများ စွာနေ၏။ ထိုနောက်ညီအစ်ကိုတို့ကိုနှုတ်ဆက်၍ ပြစ်ကိလ၊ အာကုလတို့နှင့်အတူရှုရိပြည် သို့သင်္ဘောလွှင့်လေ၏။ ကင်ခြေမြို့မှသင်္ဘော မထွက်မီ သူသည်ဘုရားသခင်အားသစ္စာ ကတိပြုခဲ့သဖြင့်မိမိ၏ဦးခေါင်းကို ရိတ်၏။-
ထို့ကြောင့်ငါတို့ဆိုသည့်အတိုင်းပြုပါလော့။ ငါတို့တွင်သစ္စာကတိပြုထားသောလူလေး ယောက်ရှိ၏။-
ထိုသူတို့ကိုခေါ်သွားပြီးလျှင်သန့်စင်ခြင်း မင်္ဂလာကိုသူတို့နှင့်အတူပြုပါလော့။ သူတို့ အတွက်ဦးခေါင်းရိတ်ခငွေကိုသင်ကျခံပါ။ ဤသို့ပြုပါမူသင့်အကြောင်းလူတို့ကြားခဲ့ ကြသည့်သတင်းစကားများမှာ အခြေအမြစ် မရှိကြောင်းကိုလည်းကောင်း၊ သင်ကိုယ်တိုင်ပင် လျှင်ပညတ်တရားကိုတိကျစွာစောင့်ထိန်း ကြောင်းကိုလည်းကောင်းလူတိုင်းသိရှိပါ လိမ့်မည်။-
သို့ဖြစ်၍ပေါလုသည်နောက်တစ်နေ့၌ထိုလူ လေးယောက်တို့ကိုခေါ်ပြီးလျှင် သူတို့နှင့်အတူ သန့်စင်ခြင်းမင်္ဂလာကိုပြုလေ၏။ ထိုနောက်သူ သည်ဗိမာန်တော်သို့သွား၍သန့်စင်ခြင်းမင်္ဂလာ ပြုရာကာလပြီးဆုံးမည့်အချိန်နှင့် မိမိတို့ တစ်ဦးစီအတွက်ပူဇော်သကာဆက်သရမည့် အချိန်တို့ကိုကြိုတင်အကြောင်းကြားထား လေသည်။
ကိုယ်တော်ချစ်မြတ်နိုးတော်မူသောသားတော် အားဖြင့် ငါတို့အားအခမဲ့ပေးသနားတော် မူသည့်ဘုန်းအသရေနှင့်ပြည့်စုံသောကျေးဇူး တော်အတွက် ငါတို့သည်ဘုရားသခင်အား ထောမနာပြုကြကုန်အံ့။