ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည်မသန့်စင် သူတို့ကိုစခန်းအပြင်သို့နှင်ထုတ်လိုက် ကြ၏။
ဣ သ ရေ လ အ မျိုး သား တို့ လိုက် နာ၍ တပ် စ ခန်း ပြင် သို့ နှင် ထုတ် ကြ ၏။
မောရှေအားမိန့်တော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည်ပြုကြ၏။
အစ္စရေးအမျိုးသားတို့သည်လည်း ထိုသို့သောသူတို့ကို တပ်စခန်း၏အပြင်သို့ ထွက်သွားစေ၏။ အစ္စရေးအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်မှာသည့်အတိုင်း ပြုကြ၏။
သြဇိမင်းသည်ထိုအချိန်မှစ၍သေသည် တိုင်အောင် ဤရောဂါကြောင့်ဘာသာရေးထုံး နည်းအရမသန့်စင်သူဖြစ်လာလေသည်။ သူသည်ဗိမာန်တော်သို့နောက်တစ်ဖန်ပြန် လည်ဝင်ရောက်ခွင့်မရတော့သဖြင့် သားတော် ယောသံအားမိမိ၏တာဝန်ဝတ္တရားများ ကိုလွှဲပြောင်းပေးအပ်လိုက်ရ၏။ တိုင်းပြည် ကိုသားတော်အုပ်စိုးလျက်နေစဉ် သူသည် မိမိ၏အိမ်တော်၌သာနေထိုင်ရလေသည်။
ထိုနောက်မောရှေနှင့်အာရုန်တို့ညွှန်ကြား သည့်အတိုင်း သူတို့သည်လိုက်နာဆောင်ရွက် ကြ၏။
ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အားမိန့်ကြားသမျှအတိုင်း ဣသရေလ အမျိုးသားတို့လိုက်နာဆောင်ရွက်ကြ၏။-
ငါ၏လူမျိုးတော်နှင့်အတူငါရှိရာစခန်း ကိုမညစ်ညူးစေရန် ဘာသာရေးထုံးနည်း အရမသန့်စင်သူတို့ကိုစခန်းအပြင်သို့ နှင်ထုတ်ရမည်'' ဟုမိန့်တော်မူ၏။-
ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့လိုက်နာရန် အောက်ပါညွှန်ကြားချက်များ ကိုမောရှေအားပေးတော်မူ၏။ တစ်စုံတစ်ယောက် သည်အခြားသူတစ်ဦးအား မတော်မတရား ပြု၍ထာဝရဘုရား၏ပညတ်တော်ကို ချိုးဖောက်လျှင်၊-