အာရုန်၏သားမြေးများမှဆင်းသက်လာ သောအုပ်စုများမှာ အောက်ပါအတိုင်းဖြစ်၏။ အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာနှင့် ဣသမာဟူ၍သားလေးယောက်ရှိ၏။-
တောလည် 3:2 - Common Language Bible အာရုန်တွင်သားဦးနာဒပ်၊ အဘိဟု၊ ဧလာ ဇာနှင့်ဣသမာဟူ၍သားလေးယောက် ရှိ၏။- Garrad Bible အာ ရုန့် သား တို့ အ မည် များ ကား သား ဦး နာ ဒပ်၊ အ ဘိ ဟု၊ ဧ လာ ဇာ၊ ဣ သ မာ တို့ တည်း။ Judson Bible အာရုန်၏သားဟူမူကား၊ သားဦးနာဒပ်၊ ညီအဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။ မြန်မာ့စံမီသမ္မာကျမ်း အာရုန်၏သားများကား သားဦးနာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ဖြစ်ကြ၏။ |
အာရုန်၏သားမြေးများမှဆင်းသက်လာ သောအုပ်စုများမှာ အောက်ပါအတိုင်းဖြစ်၏။ အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာနှင့် ဣသမာဟူ၍သားလေးယောက်ရှိ၏။-
နာဒပ်နှင့်အဘိဟုတို့သည်မိမိတို့၏အဖ မကွယ်လွန်မီသေသွားကြသဖြင့် သူတို့တွင် သားမြေးများမကျန်ရစ်။ သို့ဖြစ်၍သူတို့ ၏ညီများဖြစ်သောဧလာဇာနှင့်ဣသမာ တို့သည်ယဇ်ပုရောဟိတ်များဖြစ်လာကြ သည်။-
အာမရံတွင်အာရုန်၊ မောရှေဟူသောသား နှစ်ယောက်နှင့်မိရိအံဟူသောသမီးတစ် ယောက်ရှိ၏။ အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာ နှင့်ဣသမာဟူ၍သားလေးယောက်ရှိ၏။
``သင်၏အစ်ကိုအာရုန်နှင့် သူ၏သားများဖြစ် သောနာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတို့ အထဲကရွေးထုတ်လော့။-
အာရုန်သည်အမိနဒပ်၏သမီး၊ နာရှုန်၏ နှမဧလိရှဘနှင့်စုံဖက်၍ဧလိရှဘသည် သားနာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ ကိုဖွားမြင်၏။-
အာရုန်၏သားများဖြစ်ကြသောနာဒပ်နှင့် အဘိဟုတို့သည် မိမိတို့တစ်ဦးစီနှင့်ဆိုင်ရာ မီးကျီးခံလင်ပန်းကိုယူ၍မီးသွေးမီးထည့် ပြီးလျှင် နံ့သာကိုဖြူးလျက်ထာဝရဘုရား အားပူဇော်ကြ၏။ သို့ရာတွင်ယင်းသို့ပူဇော် ရန်ထာဝရဘုရားကသူတို့အားအမိန့် မပေးသောကြောင့် ထိုမီးသည်သန့်ရှင်းသော မီးမဟုတ်၊-
မောရှေသည်အာရုန်နှင့်အသက်ရှင်လျက် ကျန်သောသားဧလာဇာနှင့်ဣသမာတို့ အား``ထာဝရဘုရားအားပူဇော်သော ဘောဇဉ်ပူဇော်သကာမှ ကြွင်းကျန်သော မုန့်ညက်ဖြင့်တဆေးမဲ့မုန့်ပြုလုပ်၍ ယဇ် ပလ္လင်နားတွင်စားကြလော့။ အဘယ်ကြောင့် ဆိုသော်ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။-