အဖ၏အသက်ကိုငါပိုင်၏။ သား၏အသက် ကိုလည်းငါပိုင်၏။ လူတိုင်း၏အသက်ကို ငါပိုင်၏။ သေရမည့်သူကားအပြစ်ကူးလွန် သူပင်ဖြစ်၏။
တောလည် 27:3 - Common Language Bible ``ကျွန်မတို့၏ဖခင်သည်တောကန္တာရ၌ သေ ဆုံးခဲ့ရာသားယောကျာ်းဟူ၍တစ်ယောက်မျှ မကျန်ရစ်ပါ။ ဖခင်သည်ထာဝရဘုရား အားပုန်ကန်သောကောရ၏လူစုတွင်မပါ ဝင်ခဲ့ပါ။ သူသည်မိမိ၏အပြစ်ကြောင့်သေ ဆုံးခဲ့ရပါသည်။- Garrad Bible ကျွန် မ တို့ အ ဘ သည် ထာ ဝ ရ ဘု ရား ကို ဆန့် ကျင် ဘက် စု ရုံး သော ကော ရ အ ပေါင်း အ သင်း ၌ မ ပါ မ ဝင် သော် လည်း ကိုယ့် ပြစ် ဒဏ် ကို ခံ လျက် သား ယောက်ျား မ ရ ဘဲ သဲ တော တွင် သေ လွန် လေ ပြီ။ Judson Bible အကျွန်ုပ်တို့၏အဘသည် တော၌သေပါ၏။ ထာဝရဘုရားတစ်ဖက်၌ စုဝေးသောအပေါင်းအသင်း၊ ကောရ၏အပေါင်းအသင်း၌ မပါ။ မိမိအပြစ်ကြောင့် သေပါ၏။ သူ၌သားယောက်ျား မရှိပါ။ မြန်မာ့စံမီသမ္မာကျမ်း “အကျွန်ုပ်တို့၏ဖခင်သည် တောကန္တာရ၌ သေဆုံးသွားပါ၏။ ထာဝရဘုရားကိုဆန့်ကျင်လျက်စုဝေးသောလူထုဖြစ်သည့် ကောရ၏အပေါင်းပါများထဲတွင် သူ မပါဝင်ခဲ့ပါ။ သူ့အပြစ်ကြောင့် သူသေဆုံးသွားပါ၏။ သူ၌ သားမရှိပါ။ |
အဖ၏အသက်ကိုငါပိုင်၏။ သား၏အသက် ကိုလည်းငါပိုင်၏။ လူတိုင်း၏အသက်ကို ငါပိုင်၏။ သေရမည့်သူကားအပြစ်ကူးလွန် သူပင်ဖြစ်၏။
ငါ့ကိုဆန့်ကျင်ဘက်ပြုသောဆိုးသွမ်းသည့် သင်တို့အပေါင်းကို ငါသည်မုချဒဏ်ခတ်မည်။ သင်တို့ရှိသမျှသည်တောကန္တာရတွင်သေ ကြေပျက်စီးလိမ့်မည်ဟု ငါထာဝရဘုရား မိန့်တော်မူပြီ'' ဟုမိန့်တော်မူ၏။
ကောရသည်လူအပေါင်းတို့ကိုစုဝေးစေ ၍တဲတော်တံခါးဝတွင် မောရှေနှင့်အာရုန် တို့ကိုမျက်နှာချင်းဆိုင်၍ရပ်နေစေသည်။ ထိုခဏချင်းတွင်လူအပေါင်းတို့ရှေ့၌ ထာဝရဘုရား၏ဘုန်းအသရေတော် ထွန်းတောက်လေသည်။-
ကောရပုန်ကန်မှုကြောင့်သေဆုံးသူများ အပြင်ရောဂါကပ်ကြောင့်သေဆုံးသူ အပေါင်းမှာတစ်သောင်းလေးထောင့်ခုနစ် ရာယောက်ဖြစ်သည်။-
ဟေဖာ၏သားဇလောဖဒ်တွင်သားယောကျာ်းမရှိ၊ သမီးများသာရှိ၏။ ထိုသမီးများ၏နာမည် များမှာမာလာ၊ နောအာ၊ ဟောဂလာ၊ မလကာ နှင့်တိရဇာတို့ဖြစ်သည်။-
တဲတော်တံခါးဝသို့လာရောက်၍မောရှေ၊ ယဇ်ပုရောဟိတ်ဧလာဇာ၊ ခေါင်းဆောင်များ နှင့်ဣသရေလအမျိုးသားအပေါင်းတို့ ရှေ့တွင်ရပ်လျက်၊-
သူ၌သားယောကျာ်းမထွန်းကားသောကြောင့် သူ၏နာမည်သည်ဣသရေလအမျိုးမှ ပျောက်ကွယ်သွားရမည်လော။ ကျွန်မတို့ဖခင် ၏ဆွေမျိုးသားချင်းတို့အားမြေခွဲဝေပေး သကဲ့သို့ ကျွန်မတို့အားခွဲဝေပေးပါ'' ဟုတောင်းလျှောက်ကြလေသည်။
ထိုမှတစ်ဖန်ကိုယ်တော်က ``ငါသည်ထွက်ခွာ သွားရမည်။ သင်တို့သည်ငါ့ကိုရှာကြလိမ့် မည်။ သို့ရာတွင်သင်တို့သည်မိမိတို့အပြစ် ၌သေကြလိမ့်မည်။ ငါသွားမည့်အရပ်သို့ သင်တို့မလိုက်နိုင်ကြ'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍သင်တို့သည်မိမိတို့အပြစ်၌သေ ကြလိမ့်မည်ဟုငါဆိုသတည်း။ ငါသည်`ငါဖြစ် သည်အတိုင်းငါဖြစ်သည်' ကိုသင်တို့မယုံကြည် လျှင် သင်တို့သည်မိမိတို့အပြစ်၌သေလိမ့်မည်'' ဟုမိန့်တော်မူ၏။
အပြစ်တရားသည်လူတစ်ယောက်ကြောင့်ဤ ကမ္ဘာလောကသို့သက်ရောက်လာ၏။ ထိုသူ၏ အပြစ်ကြောင့်သေခြင်းတရားပေါ်ပေါက်လာ ရ၏။ သို့ဖြစ်၍လူအပေါင်းတို့သည်အပြစ် ကူးလွန်ကြသဖြင့်သေရကြကုန်၏။-
သို့ဖြစ်၍အပြစ်တရားသည်သေခြင်းတရား အားဖြင့် စိုးမိုးခဲ့သည်နည်းတူငါတို့၏အရှင် ယေရှုခရစ်အားဖြင့် ငါတို့အားထာဝရအသက် ကိုရစေရန်ဘုရားသခင်၏ကျေးဇူးတော်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့်စိုးမိုးသတည်း။
အပြစ်တရား၏အခကားသေခြင်းဖြစ်၏။ သို့ရာတွင်ဘုရားသခင်အခမဲ့ပေးတော် မူသောဆုကျေးဇူးတော်ကား ငါတို့၏အရှင် ယေရှုခရစ်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း အားဖြင့်ရရှိသောထာဝရအသက်ပေတည်း။