ခြင်္သေ့ကဲ့သို့ကြမ်းကြုတ်သောသူတို့၏လက်မှ ကျွန်တော်မျိုး၏အသက်ကိုကယ်တော်မူပါ။ နွားသိုးရိုင်းကဲ့သို့သောသူတို့၏အရှေ့တွင် ကျွန်တော်မျိုးသည်ခိုကိုးရာမဲ့ဖြစ်၍နေပါ၏။
တောလည် 23:22 - Common Language Bible ဘုရားသခင်သည်သူတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။ သူတို့သည်နွားရိုင်းကဲ့သို့ခွန်အားကြီး၏။ Garrad Bible အိ ဂျစ် ပြည် မှ ဘု ရား သ ခင် ထုတ် ဆောင် တော် မူ ခဲ့ သော ဤ လူ မျိုး သည် စိုင် နှင့် အ မျှ ဗ လ ပြည့် စုံ ၏။ Judson Bible ဘုရားသခင်သည် အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူသည်ဖြစ်၍၊ ဣသရေလအမျိုးသည် ကြံ့အားကြီးသကဲ့သို့ အားကြီး၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် နွားရိုင်း၏ခွန်အားကဲ့သို့ သူတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့၏။ |
ခြင်္သေ့ကဲ့သို့ကြမ်းကြုတ်သောသူတို့၏လက်မှ ကျွန်တော်မျိုး၏အသက်ကိုကယ်တော်မူပါ။ နွားသိုးရိုင်းကဲ့သို့သောသူတို့၏အရှေ့တွင် ကျွန်တော်မျိုးသည်ခိုကိုးရာမဲ့ဖြစ်၍နေပါ၏။
သန့်ရှင်းရာဌာနတော်မှကြွလာတော်မူသော ဣသရေလအမျိုးသားတို့၏ဘုရားသခင် သည် ရိုသေကြောက်ရွံ့ဖွယ်ဖြစ်ပါသည်တကား။ ကိုယ်တော်သည်မိမိ၏လူစုတော်အားတန်ခိုးနှင့် စွမ်းရည်ကိုပေးတော်မူ၏။ ဘုရားသခင်အားထောမနာပြုကြလော့။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား နွားလားရိုင်းကဲ့သို့သန်စွမ်းစေတော်မူပါပြီ။ ကျွန်တော်မျိုးအားရွှင်လန်းဝမ်းမြောက်ရခြင်း ကောင်းချီးမင်္ဂလာကိုပေးတော်မူပါပြီ။
နှစ်ပေါင်းလေးရာသုံးဆယ်စေ့သောနေ့၌ ပင်ထာဝရဘုရား၏လူမျိုးတော်သည် အီဂျစ်ပြည်မှထွက်ခွာလာခဲ့ကြ၏။-
ထိုနေ့၌ပင်ထာဝရဘုရားသည် ဣသ ရေလအမျိုးသားအပေါင်းတို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်တော်မူ၏။
ထိုသို့ဘုရင်နှင့်သူ၏တပ်ကိုနှိမ်နင်းအောင် မြင်သဖြင့် ငါသည်ထာဝရဘုရားဖြစ် ကြောင်းအီဂျစ်အမျိုးသားတို့သိရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
သို့ရာတွင်ကမ္ဘာသူကမ္ဘာသားတို့သည် ငါ ၏ဘုန်းတန်ခိုးကိုတွေ့မြင်ကြစေရန် ငါ သည်သင်တို့ကိုအသက်ချမ်းသာခွင့်ပေး ခဲ့၏။-
ပြည်သူတို့သည်နွားရိုင်းများ၊ နွားသိုးပျို များကဲ့သို့လဲကျကြလိမ့်မည်။ မြေကြီး သည်လည်းသွေးများဖြင့်နီ၍လည်းကောင်း၊ အဆီများဖြင့်အီ၍လည်းကောင်းနေလိမ့် မည်။-
အမ္မုန်ပြည်ယူဖရေးမြစ်အနီးရှိပေသော် မြို့တွင် နေထိုင်သောဗောရ၏သားဗာလမ်အား လျှောက်ထားပင့်ခေါ်ခြင်းငှာ စေတမန်များ ကိုစေလွှတ်လိုက်လေသည်။ ဗာလက်၏လျှောက် ထားချက်တွင်``လူမျိုးတစ်မျိုးသည်ထွက်လာ ၍နေရာအနှံ့အပြားသို့ရောက်ပြီးနောက် ယခုငါတို့၏ပြည်ကိုသိမ်းယူရန်ခြိမ်း ခြောက်နေကြပါပြီ။-
ဘုရားသခင်သည်သူတို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့တော်မူ၏။ သူတို့သည်နွားရိုင်းကဲ့သို့ခွန်အားကြီး၏။ သူတို့သည်ရန်သူများကိုချေမှုန်းကြ၏။ ရန်သူတို့၏အရိုးများကိုညက်ညက်ကြေ စေလျက် သူတို့၏မြားများကိုချိုးဖျက်ကြ၏။
ယောသပ်သည်နွားလားဥသဖကဲ့သို့လည်း ကောင်း၊ နွားရိုင်းဦးချိုကဲ့သို့လည်းကောင်းခွန်အား ကြီး၏။ သူ၏ဦးချိုများသည်ကားမနာရှေအနွယ်ဝင်နှင့် ဧဖရိမ်အနွယ်ဝင်ထောင်သောင်းများစွာတို့ ဖြစ်သတည်း။ သူသည်ထိုဦးချိုများဖြင့်လူအမျိုးမျိုးတို့ကို မြေကြီးအစွန်းသို့တိုင်အောင်ခတ်ထုတ်လိမ့်မည်။''
သင်တို့အီဂျစ်ပြည်မှထွက်လာစဉ်ကထာဝရဘုရားသည် သင်တို့ချီတက်ရာရှေ့၌ပင်လယ် နီရေကိုခန်းခြောက်စေတော်မူကြောင်းကို ကျွန်မတို့ကြားသိရပါသည်။ ယော်ဒန် မြစ်အရှေ့ဘက်တွင်စိုးစံသောအာမောရိ ဘုရင်နှစ်ပါးဖြစ်ကြသည့်ရှိဟုန်ဘုရင် နှင့်သြဃဘုရင်တို့ကို သင်တို့မည်ကဲ့သို့ သတ်ဖြတ်သုတ်သင်ခဲ့ကြကြောင်းကိုလည်း ကျွန်မကြားသိရပါသည်။-