စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။
တမန်တော်ဝတ္ထု 27:38 - Common Language Bible လူတိုင်းဝအောင်စားကြပြီးသောအခါ သင်္ဘောကိုပေါ့စေရန် ဂျုံဆန်ရှိသမျှကို ပင်လယ်ထဲသို့ပစ်ချကြ၏။ Garrad Bible ဝ အောင် စား သောက် ကြ သည့် နောက် စ ပါး ကုန် များ ကို ပင် လယ် ထဲ သို့ ပစ် ချ၍ သင်္ဘော ကို ပေါ့ စေ ပြီး မှ Judson Bible ဝစွာစားပြီးမှ ဆန်စပါးကို ပင်လယ်ထဲသို့ပစ်ချ၍ သင်္ဘောကို ပေါ့စေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း အစာကိုဝလင်စွာစားကြပြီးနောက် သင်္ဘောပေါ့သွားစေရန် ဂျုံဆန်ကို ပင်လယ်ထဲသို့ပစ်ချကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အစာကိုဝအောင်စားသောက်ပြီးကြသောအခါ ဂျုံဆန်ကို ပင်လယ်ထဲသို့ပစ်ချ၍ သင်္ဘောကိုပေါ့စေကြ၏။ |
စာတန်ကလည်း၊ အရေဘို့အရေဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်။
ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက် ရသောအချိန်လည်းရှိ၏။
သင်္ဘောသားတို့သည်ကြောက်လန့်လျက် မိမိတို့ယုံကြည်ကြသောဘုရားများထံသို့သူတို့အား ကယ်တင်ပါရန်ဆုတောင်းကြ၏။ ထိုနောက်သင်္ဘောဝန်ပေါ့စေရန် ကုန်စည်များကိုရေထဲသို့ပစ်ချကြ၏။ ထိုအချိန်တွင်ယောနသည်သင်္ဘောဝမ်းထဲသို့ဆင်း၍အိပ်ပျော်လျက်နေ၏။
လူသည်လောကတစ်ခုလုံးကိုအစိုးရသော်လည်း မိမိ၏အသက်ဆုံးရှုံးလျှင်အဘယ်အကျိုးရှိ မည်နည်း။ မိမိ၏အသက်ကိုအဘယ်အရာနှင့် လဲလှယ်နိုင်မည်နည်း။-
သခင်ယေရှုသည်ဂါလိလဲအိုင်အနီးတွင်လျှောက် သွားတော်မူစဉ် တံငါသည်ညီအစ်ကိုနှစ်ယောက်ကို မြင်တော်မူ၏။ သူတို့ကားပေတရုခေါ်ရှိမုန်နှင့် သူ၏ညီအန္ဒြေ-တို့ပင်ဖြစ်၏။ သူတို့သည်အိုင်ထဲ တွင်ကွန်ပစ်လျက်နေကြ၏။-
``ထိုကြောင့်သင်တို့အားငါဆိုသည်ကားသင်တို့ သည်အဘယ်အရာကိုစားသောက်ရပါမည်နည်း ဟု အသက်ရှင်ရေးအတွက်မစိုးရိမ်ကြနှင့်။ အဘယ် အရာကိုဝတ်ရပါမည်နည်းဟုကိုယ်ခန္ဓာအတွက် မစိုးရိမ်ကြနှင့်။ အသက်သည်အစားအသောက် ထက်လည်းကောင်း၊ ကိုယ်ခန္ဓာသည်အဝတ်ထက်လည်း ကောင်းပို၍အရေးကြီးသည်မဟုတ်လော။-
ထို့ကြောင့်ဤမျှများစွာသောသက်သေအပေါင်း တို့သည်ငါတို့အားဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည်အနှောင့်အယှက်ဖြစ်သောဝန်ရှိသမျှ ကိုလည်းကောင်း၊ မိမိတို့အားတွယ်ကပ်လျက်နေ သည့်အပြစ်ဟူသမျှကိုလည်းကောင်းဖယ်ရှား ပြီးလျှင် ငါတို့မျက်မှောက်၌ထားသောပန်းတိုင် သို့ရောက်ခြင်းငှာဇွဲလုံ့လဖြင့်ပြေးကြကုန် အံ့။-