လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
တမန်တော်ဝတ္ထု 25:12 - Common Language Bible ထိုအခါဖေတ္တုသည်မိမိ၏အတိုင်ပင်ခံ အရာရှိများနှင့်တိုင်ပင်ပြီးနောက် ``သင် သည်ဧကရာဇ်ဘုရင်ထံအယူခံသဖြင့် ဧကရာဇ်ဘုရင်ထံသို့သွားရမည်'' ဟု ဆို၏။ Garrad Bible ထို အ ခါ ဖေ တ္ထု မင်း သည် မင်း တိုင် ပင် တို့ နှင့် နှီး နှော ပြီး လျှင် ကဲ သာ မင်း ထံ သင် အ ယူ တော် ခံ လို သည့် အ တိုင်း ကဲ သာ မင်း ထံ သွား ရ မည် ဟု မိန့် ဆို၏။ Judson Bible ထိုအခါ ဖေတ္တုမင်းသည် တိုင်ပင်ဘက်တို့နှင့် တိုင်ပင်ပြီးလျှင်၊ သင်သည် ကဲသာဘုရင်၏အယူတော်ကို ခံပါမည်ဟုဆိုသလော။ ကဲသာဘုရင်ထံတော်သို့ သွားရမည်ဟုဆို၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဖေတ္တုမင်းသည် အတိုင်ပင်ခံများနှင့်တိုင်ပင်ပြီးနောက် “သင်သည် ဆီဇာဧကရာဇ်ထံ အယူခံဝင်သည်ဖြစ်၍ ဆီဇာဧကရာဇ်ထံသို့ သွားရမည်”ဟု ပြန်ဖြေလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖေတ္တုမင်းသည် မိမိ၏အတိုင်ပင်ခံများနှင့် ဆွေးနွေးတိုင်ပင်ပြီးလျှင် “သင်သည် ဆီဇာဘုရင်ထံ၌အယူခံဝင်သဖြင့် သူ့ထံသို့သွားရမည်” ဟု ဆိုလေ၏။ |
လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။ ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊ ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။ အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။ ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။
သို့ဖြစ်၍အရှင်အဘယ်သို့ထင်မြင်သည်ကို အကျွန်ုပ်တို့အားမိန့်တော်မူပါ။ ရောမဧကရာဇ် ဘုရင်အားအခွန်ဆက်အပ်ပါသလော၊ မဆက် အပ်ပါသလော'' ဟုမေးလျှောက်ကြ၏။
ဤအမှုအရာများဖြစ်ပျက်ပြီးနောက် ပေါလု သည်မာကေဒေါနိပြည်နှင့်အခါယပြည်မှ တစ်ဆင့် ယေရုရှလင်မြို့သို့သွားရန်စိတ်ပိုင်း ဖြတ်၏။ သူက ``ထိုမြို့သို့ငါသွားပြီးနောက် ရောမမြို့သို့လည်းသွားရမည်'' ဟုဆို၏။-
ထိုည၌သခင်ဘုရားသည်ပေါလု၏အနီး၌ ရပ်လျက် ``မကြောက်နှင့်။ သင်သည်ယေရုရှလင် မြို့တွင် ငါ၏အကြောင်းကိုသက်သေခံခဲ့သည် နည်းတူရောမမြို့တွင်လည်းသက်သေခံရဦး မည်'' ဟုမိန့်တော်မူ၏။
အကယ်၍တရားဥပဒေကိုချိုးဖောက်ကာ သေဒဏ်ခံထိုက်သောအပြစ်ကိုကူးလွန်မိ လျှင် အကျွန်ုပ်အားအသက်ချမ်းသာခွင့်ပေး ရန်တောင်းခံမည်မဟုတ်ပါ။ သို့သော်ထိုသူ တို့စွပ်စွဲချက်များသည်အခြေအမြစ်မရှိ ပါလျှင် မည်သူမျှအကျွန်ုပ်အားသူတို့၏ လက်သို့ပေးအပ်နိုင်မည်မဟုတ်ပါ။ အကျွန်ုပ် သည်ဧကရာဇ်ဘုရင်ထံအယူခံပါ၏'' ဟု လျှောက်၏။
ကာလအနည်းငယ်ကြာသောအခါ အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ် တို့သည် ကဲသရိမြို့သို့ရောက်နေသော ဘုရင်ခံဖေတ္တုအားနှုတ်ဆက်ရန် ကဲသရိ မြို့သို့လာကြ၏။-
သို့ရာတွင်ပေါလုသည်ဧကရာဇ်ဘုရင်မင်း၏ အဆုံးအဖြတ်ကိုသာခံယူလိုကြောင်းပြော ပြပါသည်။ သူသည်မိမိအားအချုပ်နှင့်ပင် ထားရှိ၍ ဧကရာဇ်မင်း၏အဆုံးအဖြတ်ကို ခံလိုကြောင်းပန်ကြားသဖြင့် သူ့ကိုဧကရာဇ် မင်းထံပို့အပ်ချိန်အထိချုပ်ထားရန်အမိန့် ပေးခဲ့ပါသည်'' ဟုဆို၏။
အဂြိပ္ပမင်းက ``အကယ်၍ဤသူသည်ကဲသာ ဘုရင်ထံသို့အယူခံဝင်ရန်မလျှောက်ထား ခဲ့ပါမူသူ့ကိုလွှတ်ပစ်နိုင်၏'' ဟုဖေတ္တု အားပြော၏။
ဖေတ္တုသည်ကျွန်ုပ်တို့ကိုဣတလိပြည်သို့ သင်္ဘောဖြင့်ပို့ရန်ဆုံးဖြတ်ပြီးနောက် ပေါလု နှင့်အခြားအကျဉ်းသားအချို့တို့ကို ဧက ရာဇ်မင်းတပ်တော်ဟုခေါ်သောတစ်ထောင်တပ် မှတပ်မှူးယုလလက်သို့ပေးအပ်လိုက်၏။-
ရောမမြို့သို့ရောက်ကြသောအခါပေါလု သည် တစ်ကိုယ်တည်းအစောင့်စစ်သားတစ်ယောက် နှင့်အတူနေခွင့်ရရှိ၏။
ငါသည်အဘယ်အခါ၌မျှမိမိ၏တာဝန် မပျက်မကွက်ဘဲအခါခပ်သိမ်း၌လည်း ကောင်း၊ အထူးသဖြင့်ယခုအခါ၌လည်းကောင်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက်ငါသည်အသက်ရှင် သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့အစွမ်းရှိသမျှ နှင့်ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှား လာနိုင်စေရန်မျှော်လင့်တောင့်တ၏။-