ဤသို့လျှို့ဝှက်ကြံစည်ကြသူများ၏ဦး ရေမှာလေးဆယ်ကျော်ရှိသတည်း။-
ထိုသို့သင်းဖွဲ့သော သူတို့သည် လေးကျိပ်မက ရှိကြ၏။-
ဤလျှို့ဝှက်ကြံစည်မှုတွင်ပါဝင်သောသူများသည် အယောက်လေးဆယ်ကျော်ရှိကြ၏။
ထိုလျှို့ဝှက်ပူးပေါင်းကြံစည်မှုတွင် အယောက်လေးဆယ်ကျော် ပါဝင်ကြ၏။
ယဇ်များကိုပူဇော်နေချိန်၌အဗရှလုံသည် ဂိလောမြို့သို့လူလွှတ်၍ ဒါဝိဒ်၏အတိုင်ပင်ခံ အမတ်တစ်ဦးဖြစ်သူဂိလောမြို့သားအဟိသော ဖေလကိုအခေါ်ခိုင်း၏။ အဗရှလုံ၏နောက်လိုက် များသည်အရေအတွက်တိုးပွားများပြားလာ သည်နှင့်အမျှ မင်းကြီးအားပုန်ကန်ရန်လျှို့ဝှက် ကြံစည်မှုသည်အင်အားကြီးထွားလာလေသည်။
အဟိသောဖေလသည်အဗရှလုံ၏ သူပုန်အဖွဲ့သို့ဝင်ရောက်သွားကြောင်း ဒါဝိဒ် ကြားသိသောအခါ``အို ထာဝရဘုရား၊ အဟိသောဖေလပေးသောအကြံအစည် များကိုအချည်းနှီးဖြစ်စေတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
သင်တို့သည်တရားဇရပ်များမှနှင်ထုတ်ခြင်း ခံရလိမ့်မည်။ သင်တို့ကိုသတ်ဖြတ်ခြင်းသည် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ခြင်း ပင်ဖြစ်သည်ဟု လူတို့ထင်မှတ်သည့်အချိန် ကာလမုချကျရောက်ပေအံ့။-
နောက်တစ်နေ့နံနက်အချိန်၌ယုဒအမျိုးသား အချို့တို့သည်တွေ့ဆုံ၍ ``ပေါလုကိုမသတ်ရ မချင်းငါတို့မစားမသောက်ဘဲနေမည်'' ဟု အဋ္ဌိဋ္ဌာန်ပြုကြ၏။-
သူတို့သည်ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာ သာရေးခေါင်းဆောင်များထံသွား၍ ``အကျွန်ုပ် တို့သည်ပေါလုကိုမသတ်ရမချင်း မည်သည့် အရာကိုမျှမစားမသောက်ပါဟုအဋ္ဌိဋ္ဌာန် ပြုထားကြပါ၏။-