အဒေါနိယနှင့်သူ၏ဧည့်သည်တော်တို့သည် မိမိ တို့စားသောက်ပွဲပြီးခါနီး၌ထိုအသံကိုကြား ကြ၏။ ယွာဘသည်တံပိုးခရာမှုတ်သံကိုကြား သော်``မြို့ထဲ၌ဤအသံကားအဘယ်သို့နည်း'' ဟုမေး၏။-
တမန်တော်ဝတ္ထု 19:40 - Common Language Bible ယနေ့ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းသည် ငါတို့ ကြောင့်ဖြစ်ရသည်ဟုအစွပ်အစွဲခံရစရာ ရှိ၏။ ဤသို့ရုတ်ရုတ်သဲသဲဖြစ်စရာအကြောင်း မရှိ။ ရုတ်ရုတ်သဲသဲဖြစ်ရသည်ကို ငါတို့ခိုင် လုံသည့်အကြောင်းပြချက်ပေးနိုင်ကြမည် မဟုတ်'' ဟုဆို၏။- Garrad Bible ယ နေ့ မှာ အ ကြောင်း မဲ့ အ ဖြစ် အ ပျက် နှင့် စပ်၍ ငါ တို့ သည် သောင်း ကျန်း မှု စွဲ ဆို ခံ ရ မည် စိုး ရိမ် ရန် ရှိ၏။ Judson Bible ယနေ့ ရုန်းရင်းခတ်ခြင်းကို ပြုသောကြောင့် အမှုရောက်မည်ဟု စိုးရိမ်စရာရှိ၏။ အကြောင်းမူကား၊ ဤမတရားသော စည်းဝေးခြင်း အကြောင်းကို ပြောစရာ တစ်စုံတစ်ခုမျှမရှိဟု၊- မြန်မာ့စံမီသမ္မာကျမ်း ယနေ့ဖြစ်ခဲ့သောအမှုနှင့်ပတ်သက်၍ ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ခုမျှမရှိသောကြောင့် ငါတို့သည် ဆူပူအုံကြွမှုအတွက် စွဲဆိုခံရမည်ဟုစိုးရိမ်ရ၏။ ငါတို့သည် ဤပူးပေါင်းကြံစည်မှုအတွက် ဖြေရှင်းချက်ပေးနိုင်မည်မဟုတ်”ဟု ဆိုလျက် ခေတ်သစ်မြန်မာ သမ္မာကျမ်း ယနေ့ဖြစ်ခဲ့သော ရုန်းရင်းဆန်ခတ်ပြုခြင်းအမှုကြောင့် ကျွန်ုပ်တို့သည် စွပ်စွဲခံရမည်ကို စိုးရိမ်စရာရှိ၏။ ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာမျှ မရှိသောကြောင့် ဤသို့ဆူပူအုံကြွခြင်းအမှုအတွက်လည်း ဖြေရှင်းချက် ပေးနိုင်မည်မဟုတ်ပါ” ဟု ပြောဆိုလေ၏။ |
အဒေါနိယနှင့်သူ၏ဧည့်သည်တော်တို့သည် မိမိ တို့စားသောက်ပွဲပြီးခါနီး၌ထိုအသံကိုကြား ကြ၏။ ယွာဘသည်တံပိုးခရာမှုတ်သံကိုကြား သော်``မြို့ထဲ၌ဤအသံကားအဘယ်သို့နည်း'' ဟုမေး၏။-
သူတို့က ``လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည် ကိုစိုးရိမ်စရာရှိသဖြင့်ပွဲတော်ရက်အတွင်း ၌မဖမ်းမဆီးကြနှင့်'' ဟုဆိုကြ၏။
အရှင်သော်ဖိလု၊ အကျွန်ုပ်တို့သက်ဝင်ယုံကြည် သောဘာသာ၏အခြေအမြစ်ဖြစ်သည့်အကြောင်း အရာများကိုရေးသားပြုစုသူအများပင်ရှိခဲ့ ပါသည်။-
သို့ရာတွင်သင်တို့မှာအခြားအမှုကိစ္စရှိ ပါက တရားဝင်အစည်းအဝေး၌စီရင် ဆုံးဖြတ်ရမည်။-
ဤသို့ဆိုပြီးလျှင်မြို့စာရေးသည်လူပရိ သတ်တို့အား ထိုနေရာမှထွက်ခွာသွားစေ လေသည်။
ဆူပူလှုပ်ရှားမှုရပ်စဲသွားသောအခါ ပေါလုသည် တပည့်တော်တို့ကိုခေါ်၍အား ပေးစကားပြောကြား၏။ ထိုနောက်သူတို့ ကိုနှုတ်ဆက်ပြီးလျှင်မာကေဒေါနိပြည် သို့ထွက်ခွာသွားလေသည်။-
သူတို့သည်ပေါလုကိုသတ်ရန်ကြိုးစားနေ စဉ်ရောမတပ်မှူးသည် ယေရုရှလင်မြို့တစ် မြို့လုံးရုံးရင်းဆန်ခတ်ဖြစ်လျက်နေသည် ဟုသတင်းရသဖြင့်၊-
မကြာသေးမီအခါကပုန်ကန်ထကြွလျက် သူ ပုန်လေးထောင်ကိုခေါင်းဆောင်၍ တောကန္တာရသို့ ခေါ်ဆောင်သွားသူအီဂျစ်အမျိုးသားပင် မဟုတ်လော'' ဟုမေး၏။
ဖေလဇ်သည်လမ်းစဉ်တော်အကြောင်းကို ကောင်းစွာသိရှိထားသူဖြစ်သဖြင့် အမှု စစ်ဆေးကြားနာမှုကိုထိုအချိန်၌ရပ် နားလိုက်၏။ သူက ``တပ်မှူးလုသိ ရောက်ရှိလာသောအခါမှသင်တို့အမှု ကိုငါစီရင်ချက်ချမှတ်မည်'' ဟုဆို၏။-