သို့ဖြစ်၍သူတို့သည်လာ၍ပေါလုနှင့်သိလ တို့အားဖျောင်းဖျပြောဆိုကြ၏။ ထိုနောက်သူ တို့ကိုထောင်မှထုတ်ပြီးလျှင် ထိုမြို့မှထွက်ခွာ သွားရန်တောင်းပန်ကြ၏။-
သွား ရောက် ဖျောင်း ဖျ လျက် ထုတ် ဆောင် ပြီး လျှင် မြို့ မှ ထွက် သွား ကြ စေ ရန် တောင်း ပန် ကြ သည့် အ တိုင်း၊
ကိုယ်တိုင်လာပြီးလျှင် ချော့မော့သောစကားနှင့် သူတို့ကို နုတ်ယူ၍၊ ထိုမြို့မှ ထွက်သွားပါမည်အကြောင်း တောင်းပန်ကြ၏။-
ကိုယ်တိုင်လာပြီးတောင်းပန်ကြကာ သူတို့ကိုခေါ်ထုတ်လျက် ထိုမြို့မှထွက်ခွာကြရန် မေတ္တာရပ်ခံကြ၏။
ထို့ကြောင့် သူတို့သည် ထောင်ထဲသို့ ကိုယ်တိုင်လာ၍ တောင်းပန်ပြီးလျှင် အပြင်သို့ ခေါ်ထုတ်ကာ မြို့မှထွက်ခွာရန် တောင်းဆိုကြ၏။
ထိုအခါသင်၏မှူးမတ်တို့သည်ကျွန်ုပ်ထံသို့ လာ၍ပျပ်ဝပ်လျက်`သင်နှင့်သင်၏လူစုအပေါင်း တို့ထွက်သွားကြပါ' ဟုရှိခိုးတောင်းပန်ကြ လိမ့်မည်။ ထိုနောက်မှကျွန်ုပ်ထွက်သွားပါမည်'' ဟုလျှောက်လေ၏။ ထိုနောက်မောရှေသည် ဒေါသအမျက်ထွက်လျက်ဘုရင်ထံမှ ထွက်သွားလေ၏။
ထာဝရဘုရားကဣသရေလအမျိုးသား တို့အား မိန့်တော်မူသည်မှာ ``အီဂျစ်ပြည်နှင့်ဆူဒန်ပြည်တို့၏စည်းစိမ် ဥစ္စာများကိုသင်တို့ရရှိကြလိမ့်မည်။ ထွားကြိုင်းသည့်သေဘပြည်သားတို့သည် သင်တို့ထံတွင်ကျွန်ခံရကြလိမ့်မည်။ သူတို့သည်သံကြိုးအနှောင်အဖွဲ့နှင့် သင်တို့နောက်မှလိုက်ရကြလိမ့်မည်။ သူတို့သည်သင်တို့၏ရှေ့တွင်ဦးညွှတ်လျက် `ဘုရားသခင်သည်သင်တို့နှင့်အတူရှိတော် မူပြီ။ ကိုယ်တော်တစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူပါ၏။
ရှင်ဘုရင်များသည်သခင်သဖွယ်သင်တို့ကို စောင့်ရှောက်၍၊ မိဖုရားများသည်လည်းမိခင်သဖွယ် ကျွေးမွေးပြုစုကြလိမ့်မည်။ သူတို့သည်ဦးညွှတ်ပျပ်ဝပ်လျက် သင့်အားအလေးပြုကြလိမ့်မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။ ငါကူမတော်မူမည်ကိုစောင့်မျှော်သူမှန် သမျှသည် စိတ်ပျက်ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။
သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏ သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။ အခါတစ်ပါးကသင့်အားမထီမဲ့မြင် ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။ သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊ `ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။
ထို့ကြောင့်မင်းကြီး၏အမိန့်အရဒံယေလ အားခြင်္သေ့လှောင်ရာတွင်းထဲသို့ပစ်ချလိုက် ကြ၏။ မင်းကြီးကဒံယေလအား``သင်သစ္စာ ရှိစွာကိုးကွယ်သောဘုရားသည်သင့်ကို ကယ်ဆယ်တော်မူပါစေသော'' ဟုမိန့်တော် မူ၏။-
မင်းကြီးသည်လွန်စွာဝမ်းမြောက်အားရ တော်မူသဖြင့် ဒံယေလအားခြင်္သေ့တွင်း မှဆွဲတင်ကြရန်အမိန့်ပေးတော်မူ၏။ သို့ ဖြစ်၍လူတို့သည်ဆွဲတင်ကြရာဒံယေလ သည် ဘုရားသခင်ကိုယုံကြည်ကိုးစားသူ ဖြစ်သဖြင့် မည်သို့မျှဘေးအန္တရာယ်မဖြစ် ဘဲရှိသည်ကိုတွေ့မြင်ကြ၏။-
သို့ဖြစ်၍ထိုမြို့တစ်မြို့လုံးပင်လျှင်သခင်ယေရှု ထံသို့လိုက်လာကြလေသည်။ ကိုယ်တော်ကိုတွေ့သော အခါမိမိတို့ဒေသမှထွက်ခွာသွားတော်မူရန် တောင်းပန်ကြ၏။
ထို့ကြောင့်သူတို့သည်မိမိတို့ဒေသမှထွက်ခွာ သွားတော်မူရန် သခင်ယေရှုအားတောင်းပန် ကြ၏။
နားထောင်လော့။ မိမိတို့ကိုယ်ကိုယုဒအမျိုး သားများဟုလိမ်လည်ပြောဆိုနေသူစာတန် ၏အဖွဲ့ဝင်တို့အား သင်၏ခြေရင်းသို့လာ ရောက်ပျပ်ဝပ်စေမည်။ သင့်အားငါချစ်ကြောင်း ကိုသူတို့သိကြလိမ့်မည်။-