သို့ဖြစ်၍သင်တို့သည်သွား၍လူမျိုးတကာတို့ ကိုငါ့တပည့်ဖြစ်စေကြလော့။ သူတို့အားခမည်း တော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ ကိုအမှီပြု၍ဗတ္တိဇံမင်္ဂလာကိုပေးကြလော့။-
တမန်တော်ဝတ္ထု 14:21 - Common Language Bible ပေါလုနှင့်ဗာနဗတို့သည်ဒေရဗေမြို့တွင် သတင်းကောင်းကိုဟောပြောကြေညာသဖြင့် လူအမြောက်အမြားတပည့်တော်များဖြစ် လာကြ၏။ ထိုနောက်လုတ္တရမြို့၊ ဣကောနိ မြို့နှင့်ပိသိဒိပြည်အန္တိအုတ်မြို့သို့ပြန် ကြ၏။- Garrad Bible ထို မြို့ သူ မြို့ သား တို့ အား သ တင်း တော် မြတ် ကို ကြား ပြော၍ တ ပည့် တော် အ များ ဖြစ် စေ ကြ ပြီး နောက် လု တ္တ ရ မြို့၊ ဣ ကော နိ မြို့၊ အ န္တိ အုတ် မြို့ များ သို့ ပြန် ရောက် ရာ၊ Judson Bible ထိုမြို့၌ ဧဝံဂေလိတရားကို ဟောပြော၍ လူများတို့ကို တပည့်တော်ဖြစ်စေပြီးမှ၊ လုတ္တရမြို့၊ ဣကောနိမြို့၊ အန္တိအုတ်မြို့တို့ကို အစဉ်အတိုင်း လှည့်လည်၍ပြန်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထိုမြို့၌ ကောင်းမြတ်သောသတင်းကိုဟောပြောလျက် လူများစွာတို့ကို တပည့်တော်ဖြစ်စေကြ၏။ ထို့နောက် လုတ္တရမြို့၊ ဣကောနိမြို့နှင့် အန္တိအုတ်မြို့များသို့ ပြန်သွားပြီးလျှင် ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ဒေရဗေမြို့တွင် သတင်းကောင်းကို ဟောပြော၍ တပည့်တော်များစွာ မွေးထုတ်ပြီးနောက် လုတ္တရမြို့၊ ဣကောနိမြို့နှင့် ပိသိဒိပြည်ရှိအန္တိအုတ်မြို့သို့ လှည့်ပြန်ကြ၏။ |
သို့ဖြစ်၍သင်တို့သည်သွား၍လူမျိုးတကာတို့ ကိုငါ့တပည့်ဖြစ်စေကြလော့။ သူတို့အားခမည်း တော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ ကိုအမှီပြု၍ဗတ္တိဇံမင်္ဂလာကိုပေးကြလော့။-
သူတို့သည်ပေရဂေမြို့မှထွက်ခွာကြရာ ပိသိဒိပြည်အန္တိအုတ်မြို့သို့ရောက်၍ ဥပုသ် နေ့၌တရားဇရပ်သို့ဝင်၍ထိုင်ကြ၏။-
ပေါလုနှင့်ဗာနဗတို့သည်ထိုသူတို့၏စိတ် သဘောကိုမနှစ်သက်သည့်အနေဖြင့် မိမိ တို့ခြေမှမြေမှုန့်ကိုခါချခဲ့ပြီးလျှင် ဣကောနိမြို့သို့ထွက်သွားကြ၏။-
ဣကောနိမြို့တွင်လည်းပေါလုနှင့်ဗာနဗ သည် ယုဒအမျိုးသားတို့၏တရားဇရပ်သို့ ဝင်၍ဟောပြောသွန်သင်ကြရာ ယုဒအမျိုး သားနှင့်လူမျိုးခြားအမြောက်အမြားသည် ယုံကြည်ကြ၏။-
အချင်းလူတို့၊ သင်တို့သည်အဘယ်ကြောင့်ဤ သို့ပြုကြသနည်း။ ငါတို့သည်လည်းသင်တို့ကဲ့ သို့ပင်လူသာမန်များသာဖြစ်ကြ၏။ သင်တို့ သည်ဤသို့အကျိုးမရှိသည့်အမှုအရာများ ကိုစွန့်ပစ်၍ အသက်ရှင်တော်မူသောဘုရား သခင်အားဆည်းကပ်ကြစေရန် ငါတို့သည် သင်တို့အားသတင်းကောင်းကိုကြေညာရန် ရောက်ရှိလာကြ၏။ အသက်ရှင်တော်မူသော ဘုရားသခင်သည်မိုးမြေကိုလည်းကောင်း ပင်လယ်နှင့်အရပ်ခပ်သိမ်းတွင်ရှိလေသမျှ သောအရာတို့ကိုလည်းကောင်းဖန်ဆင်းတော် မူ၏။-
သို့ရာတွင်ယုဒအမျိုးသားအချို့သည်အန္တိ အုတ်မြို့နှင့်ဣကောနိမြို့တို့မှရောက်လာကြ ပြီးလျှင် လူပရိသတ်တို့ကိုမိမိတို့ဘက်သို့ ပါအောင်ဆွဲဆောင်ကြ၏။ ထိုနောက်ပေါလုကို ခဲဖြင့်ပေါက်၍ သေလုပြီဟုထင်သဖြင့်မြို့ ပြင်သို့ဆွဲထုတ်သွားကြ၏။-
အန္တိအုတ်မြို့သို့သင်္ဘောလွှင့်ကြ၏။ ထိုမြို့ကား ယခုမိမိတို့ဆောင်ရွက်ပြီးစီးသွားသည့် အမှုတော်အတွက် ဘုရားသခင်၏ကျေးဇူး တော်သို့အပ်နှံ၍စေလွှတ်သောမြို့ပင်ဖြစ် သတည်း။
ထိုအကြောင်းကိုတမန်တော်တို့ကြားသိ ကြသောအခါ လုကောနိပြည်ရှိလုတ္တရမြို့၊ ဒေရဗေမြို့နှင့်အနီးရှိဒေသသို့ထွက်ပြေး ၍၊-
လုတ္တရမြို့တွင်အဘယ်အခါကမျှလမ်းမ လျှောက်နိုင်ခဲ့သူ၊ မွေးစကပင်ခြေမစွမ်းမသန် ခဲ့သူလူတစ်ယောက်ရှိ၏။-
ရက်အနည်းငယ်ကြာသောအခါပေါလုက ဗာနဗအား ``သခင်ဘုရား၏နှုတ်ကပတ် တရားတော်ကိုငါတို့ဟောပြောခဲ့သည့်မြို့ တိုင်း ရှိညီအစ်ကိုများထံသို့ပြန်သွား၍ သူ တို့၏အခြေအနေကိုလေ့လာကြကုန်အံ့'' ဟုဆို၏။-
သူသည်လုတ္တရမြို့နှင့်ဣကောနိမြို့ရှိ ညီအစ် ကိုတို့၏ချီးမွမ်းခြင်းကိုခံရ၏။-
သူတို့သည်ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက် လူအပေါင်းတို့၏ရှေ့တွင်မျက်နှာ ပွင့်လန်းလျက်ရှိကြ၏။ သခင်ဘုရားသည်ကယ် တင်ခြင်းခံရသူအရေအတွက်ကို နေ့စဉ်နေ့ တိုင်းတိုးပွားစေတော်မူ၏။
ငါခံရသည့်ညှဉ်းဆဲနှိပ်စက်ခြင်းနှင့်ဒုက္ခဆင်းရဲ များကိုသင်သည်တွေ့မြင်ခဲ့ပေသည်။ အန္တိအုတ် မြို့၊ ဣကောနိမြို့နှင့်လုတ္တိရမြို့တို့တွင်ညှဉ်းဆဲ နှိပ်စက်ခြင်းအမျိုးမျိုးတို့ကိုငါခံခဲ့ရကြောင်း သင်သိ၏။ သို့ရာတွင်သခင်ဘုရားသည်ငါ့ အားထိုဒုက္ခအပေါင်းမှကယ်တော်မူခဲ့၏။-