သခင်ယေရှုက ``သင့်အတွက်အဘယ်အရာ ကိုပြုစေလိုသနည်း'' ဟုမေးတော်မူ၏။ မျက်မမြင်က ``အရှင်ဘုရား၊ အကျွန်ုပ်အား မျက်စိပြန်၍မြင်စေတော်မူပါ'' ဟုလျှောက် ၏။
တမန်တော်ဝတ္ထု 10:21 - Common Language Bible သို့ဖြစ်၍ပေတရုသည်ထိုသူတို့ထံသို့ဆင်း သွားပြီးလျှင် ``သင်တို့ရှာနေသူကားငါပင် ဖြစ်သည်။ အဘယ်အကြောင်းကြောင့်သင်တို့ ရောက်လာကြပါသနည်း'' ဟုမေး၏။ Garrad Bible ပေ တ ရု ဆင်း သွား၍ သင် တို့ ရှာ သော သူ ကား ငါ ပင် တည်း။ မည် သည့် အ ကြောင်း နှင့် ရောက် လာ ကြ သ နည်း ဟု မေး သော်၊ Judson Bible ပေတရုသည်ဆင်း၍၊ ငါကား၊ သင်တို့ရှာသောသူ ဖြစ်၏။ အဘယ်အကြောင်းရှိ၍ လာကြသနည်းဟု ထိုသူတို့အားမေး၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ပေတရုသည် ဆင်းသွား၍ “သင်တို့ရှာနေသောသူမှာ ငါပင်ဖြစ်၏။ မည်သည့်အကြောင်းကိစ္စရှိ၍ လာခဲ့ကြသနည်း”ဟု သူတို့အား မေးလေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ပေတရုသည် ထိုသူတို့ထံ ဆင်းသွား၍ “ကျွန်ုပ်သည် သင်တို့ရှာနေသောသူဖြစ်၏။ မည်သည့်အကြောင်းကိစ္စကြောင့် လာခဲ့ကြပါသနည်း” ဟု မေးလေ၏။ |
သခင်ယေရှုက ``သင့်အတွက်အဘယ်အရာ ကိုပြုစေလိုသနည်း'' ဟုမေးတော်မူ၏။ မျက်မမြင်က ``အရှင်ဘုရား၊ အကျွန်ုပ်အား မျက်စိပြန်၍မြင်စေတော်မူပါ'' ဟုလျှောက် ၏။
ထ၍ဆင်းသွားလော့။ ငါပင်သူတို့ကိုစေလွှတ် လိုက်သည်ဖြစ်၍ မဆိုင်းမတွဘဲသူတို့နှင့် အတူလိုက်သွားလော့'' ဟုမိန့်တော်မူ၏။-
ထိုသူတို့က ``ကောင်းကင်တမန်တစ်ပါးသည် တပ်ခွဲမှူးကော်နေလိအားအရှင့်ကိုခေါ်ဖိတ် ၍ အရှင်၏တရားစကားကိုကြားနာရန်ညွှန် ကြားခဲ့ပါသည်။ ကော်နေလိသည်လူကောင်း တစ်ယောက်ဖြစ်၍ဘုရားသခင်ကိုကြောက်ရွံ့ ရိုသေသူဖြစ်ပါသည်။ ယုဒအမျိုးသား အပေါင်းတို့၏ကြည်ညိုလေးစားမှုကို လည်းခံရသူဖြစ်ပါ၏'' ဟုပြောကြား၏။-
ထို့ကြောင့်ငါ့ကိုသင်ခေါ်ဖိတ်သောအခါ ငါသည်မငြင်းမဆိုဘဲလိုက်လာခဲ့၏။ အဘယ်ကြောင့်ငါ့ကိုခေါ်ဖိတ်ရကြောင်း ပြောကြားပါလော့'' ဟုဆို၏။