တမန်တော်ဝတ္ထု 10:22 - Common Language Bible22 ထိုသူတို့က ``ကောင်းကင်တမန်တစ်ပါးသည် တပ်ခွဲမှူးကော်နေလိအားအရှင့်ကိုခေါ်ဖိတ် ၍ အရှင်၏တရားစကားကိုကြားနာရန်ညွှန် ကြားခဲ့ပါသည်။ ကော်နေလိသည်လူကောင်း တစ်ယောက်ဖြစ်၍ဘုရားသခင်ကိုကြောက်ရွံ့ ရိုသေသူဖြစ်ပါသည်။ ယုဒအမျိုးသား အပေါင်းတို့၏ကြည်ညိုလေးစားမှုကို လည်းခံရသူဖြစ်ပါ၏'' ဟုပြောကြား၏။- အခန်းကိုကြည့်ပါ။Garrad Bible22 ထို သူ တို့ က ဘု ရား သ ခင် အား ခန့် ညား သော သူ တော် ကောင်း ဖြစ် လျက် ယု ဒ လူ မျိုး ခပ် သိမ်း တို့ တွင် အ သ ရေ ရှိ သော တပ် မှူး ကော် နေ လိ သည် ကိုယ် တော့် ကို အိမ် သို့ ပင့် ခေါ်၍ ကိုယ် တော့် ဒေ သ နာ ကို ကြား နာ ရန် သန့် ရှင်း သော စေ တ မန် တစ် ပါး ဖြင့် ဗျာ ဒိတ် တော် ခံ ရ ပါ သည် ဟု ပြန် လျှောက် ကြ သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible22 ထိုသူတို့ကလည်း ဘုရားသခင်ကိုကြောက်ရွံ့၍၊ ယုဒလူအပေါင်းတို့တွင် အသရေရှိသော သူတော်ကောင်းတည်းဟူသော တပ်မှူးကော်နေလိသည်၊ ကိုယ်တော်ကို မိမိအိမ်သို့ခေါ်ပင့်၍ ကိုယ်တော်၏စကားကို နားထောင်ရမည်အကြောင်း၊ သန့်ရှင်းသော ကောင်းကင်တမန်အားဖြင့် ဗျာဒိတ်တော်ကို ခံရပါသည်ဟု ပြန်ပြောကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 သူတို့ကလည်း “ဖြောင့်မတ်၍ ဘုရားသခင်ကိုကြောက်ရွံ့သောသူဖြစ်ပြီး ဂျူးလူမျိုးအားလုံးတို့တွင် ဂုဏ်သတင်းကောင်းသောတပ်မှူးကော်နေလိသည် သင့်ကို မိမိအိမ်သို့ခေါ်ဖိတ်၍ သင့်ထံမှ တရားစကားကိုနားထောင်ရန် သန့်ရှင်းသောကောင်းကင်တမန်၏ဗျာဒိတ်တော်ကို ခံရပါသည်”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း22 ထိုသူတို့က “ကျွန်ုပ်တို့ကို တပ်မှူးကော်နေလိက လွှတ်လိုက်ပါ၏။ သူသည် ဘုရားသခင်ကိုကြောက်ရွံ့၍ သမာသမတ်ကျသူဖြစ်ပြီး ဂျူးလူမျိုးတစ်ရပ်လုံး၏ချီးမွမ်းခြင်းခံရသောသူလည်း ဖြစ်၏။ သူ၏အိမ်သို့ သင့်ကို ဖိတ်ခေါ်၍ သင်ဟောပြောမည့်အကြောင်းကိုကြားနာရန် သန့်ရှင်းသောကောင်းကင်တမန်သည် သူ့အား ညွှန်ကြားလိုက်ပါ၏” ဟု တုံ့ပြန်ကြ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့သည်ကောင်းကင်ဘုံစာရင်းဝင်သား ဦးများပျော်ရွှင်စွာစုဝေးရာသို့ရောက်ရှိ နေကြ၏။ သင်တို့သည်လူအပေါင်းတို့ကို တရားစီရင်တော်မူသောအရှင်ဘုရား သခင်၏ထံတော်သို့လည်းကောင်း၊ အြုပစ် ဆိုဖွယ်မရှိသောသူတော်ကောင်းတို့၏ ဝိညာဉ်များထံသို့လည်းကောင်းရောက်ရှိ နေကြ၏။-
ဤအမှုခပ်သိမ်းကိုဘုရားသခင်ပြုတော် မူ၏။ ဘုရားသခင်သည်ငါတို့အား မိမိ၏ ရန်သူများအဖြစ်မှမိတ်ဆွေများအဖြစ် သို့ခရစ်တော်အားဖြင့်ပြောင်းလဲစေတော်မူ ပြီးလျှင် အခြားသူတို့သည်လည်းမိမိ၏ မိတ်ဆွေများဖြစ်လာစေရန်ဆောင်ရွက်သည့် တာဝန်ကိုငါတို့အားပေးအပ်တော်မူ၏။-
ဘုရားသခင်သည်လူတို့အားအဘယ်သို့ သောနည်းဖြင့် မိမိနှင့်မှန်ကန်စွာဆက်ဆံစေ တော်မူသည်ကိုသတင်းကောင်းကပေါ်လွင် ထင်ရှားစေ၏။ ထိုနည်းမှာအစမှအဆုံး တိုင်အောင်ယုံကြည်ခြင်းအပေါ်တွင်အခြေ ခံသည့်နည်းဖြစ်၏။ ထို့ကြောင့်ကျမ်းစာတွင် ``ယုံကြည်ခြင်းအားဖြင့်ဘုရားသခင်နှင့် မှန်ကန်စွာဆက်ဆံသူသည်အသက်ရှင်လိမ့် မည်'' ဟုလာသတည်း။
ထိုကြောင့်အကျွန်ုပ်သည်ချက်ချင်းပင်အရှင် ၏ထံသို့လူလွှတ်ခဲ့ပါသည်။ အရှင်ကြွလာ သည့်အတွက်ကျေးဇူးကြီးလှပါ၏။ ကိုယ်တော် အားဖြင့်ထာဝရဘုရားမိန့်တော်မူသမျှ သောစကားတော်တို့ကိုကြားနာရန် အကျွန်ုပ် တို့သည်ဘုရားသခင်၏ရှေ့တော်မှောက်သို့ ရောက်ရှိနေကြပါပြီ'' ဟုပြောဆို၏။
အကျွန်ုပ်အားကိုယ်တော်ပေးအပ်သောတရား တော်ကို အကျွန်ုပ်သည်သူတို့အားပေးအပ်သော အခါသူတို့ခံယူကြပါ၏။ ကိုယ်တော်၏ထံ တော်မှအကျွန်ုပ်လာသည်မှာ အမှန်ပင်ဖြစ်ကြောင်း ကိုသူတို့သိကြပါ၏။ ကိုယ်တော်သည်အကျွန်ုပ် အားစေလွှတ်တော်မူကြောင်းကိုလည်းသူတို့ ယုံကြည်ကြပါ၏။''
ယုဒပြည်အရိမဿဲမြို့သားယောသပ်နာမည် ရှိသူယုဒတရားလွှတ်တော်အဖွဲ့ဝင်တစ်ဦးရှိ ၏။ သူသည်လူကောင်းလူဖြောင့်တစ်ယောက်ဖြစ်လျက် ဘုရားသခင်၏နိုင်ငံတော်တည်မည့်အချိန် ကိုစောင့်မျှော်နေသူဖြစ်၏။ သူသည်တရားလွှတ် တော်အဖွဲ့ဝင်ဖြစ်သော်လည်း တရားလွှတ်တော် ၏ဆုံးဖြတ်ချက်နှင့်လုပ်ဆောင်ချက်ကိုသဘော မတူခဲ့ပေ။-
ပညာဉာဏ်ရှိသူ၊ ခွဲခြားဝေဖန်နိုင်သူတို့သည် ဤကျမ်းတွင်ရေးထားသမျှတို့ကိုသဘော ပေါက်နားလည်၍မှတ်သားနိုင်ကြစေ။ ထာဝရ ဘုရားချမှတ်သောနည်းလမ်းတို့သည်မှန်ကန် သဖြင့် ဖြောင့်မတ်သူတို့သည်ထိုနည်းလမ်းများ အတိုင်းလိုက်နာ၍ အသက်ရှင်နေထိုင်ကြ၏။ သို့သော်အပြစ်ကူးသူတို့မူကား ထိုနည်း လမ်းများကိုမလိုက်နာကြသဖြင့်ခြေ ချော်၍လဲကျကြသတည်း။ ပရောဖက်ဟောရှေစီရင်ရေးသားထား သောအနာဂတ္တိကျမ်းပြီး၏။