အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မမူသနည်း။ နားလည်သော သူတို့သည် တရားစီရင်တော်မူရာ နေ့ရက်ကိုအဘယ်ကြောင့် မမြင်ရသနည်း။
တမန်တော်ဝတ္ထု 1:7 - Common Language Bible ကိုယ်တော်က``ခမည်းတော်၏တန်ခိုးအာဏာ အားဖြင့် စီရင်ပြဋ္ဌာန်းထားသည့်အချိန်အခါ ကိုသင်တို့သိပိုင်ခွင့်မရှိ။- Garrad Bible ကိုယ် တော် က ခ မည်း တော် ကိုယ် တော် တိုင် ချိန်း ချက် ထား တော် မူ သော အ ချိန် ကာ လ များ ကို သင် တို့ သိ ရ သော အ ခွင့် မ ရှိ။ Judson Bible သခင်ဘုရားက၊ ခမည်းတော်၏တန်ခိုးအားဖြင့် စီရင်တော်မူသောအချိန်ကာလကို သိရသောအခွင့်သည် သင်တို့၌မရှိ။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“ခမည်းတော်သည် မိမိအခွင့်အာဏာဖြင့် စီရင်ထားတော်မူသောကာလများ၊ သို့မဟုတ် အချိန်အခါများကို သင်တို့သိရန်မလိုအပ်ပေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ခမည်းတော်၏ အခွင့်အာဏာတော်နှင့် ချမှတ်ထားတော်မူသော အချိန်ကာလကို သင်တို့သိခွင့်မရကြ။ |
အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မမူသနည်း။ နားလည်သော သူတို့သည် တရားစီရင်တော်မူရာ နေ့ရက်ကိုအဘယ်ကြောင့် မမြင်ရသနည်း။
ကိုယ်တော်သည်အချိန်ကာလနှင့်ရာသီဥတု တို့ကို အစိုးရတော်မူ၏။ ဘုရင်တို့အားနန်းတင်နန်းချတော်မူ၏။ ကိုယ်တော်သည်လူတို့အားဉာဏ်ပညာနှင့် အသိတရားကိုပေးတော်မူ၏။
ကိုယ်တော်က ``သင်တို့သည်ငါ၏ခွက်မှအမှန်ပင် သောက်ရကြလိမ့်မည်။ သို့ရာတွင်ငါ၏လက်ယာရံ နှင့်လက်ဝဲရံအဖြစ်ကိုမူငါမပေးပိုင်။ ဤအခွင့် အရေးများသည်ငါ့ခမည်းတော်စီမံပြင်ဆင်ထား သူများအတွက်သာဖြစ်၏'' ဟုမိန့်တော်မူ၏။
``သို့သော်လည်းထိုအမှုအရာများဖြစ်ပျက် မည့်နေ့ရက်နှင့်အချိန်နာရီကိုခမည်းတော်မှ တစ်ပါးအဘယ်သူမျှမသိ။ ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များလည်းမသိ။ သားတော် လည်းမသိ။-
သို့ရာတွင်ငါ၏လက်ယာရံ၊ လက်ဝဲရံအဖြစ် ကိုမူ ငါသည်မပေးပိုင်။ ဤအခွင့်အရေးများ သည်ဘုရားသခင်စီမံပြင်ဆင်ထားသူများ အတွက်သာဖြစ်၏'' ဟုမိန့်တော်မူ၏။
``သို့သော်လည်းထိုအမှုအရာများဖြစ်ပျက်မည့် နေ့ရက်နာရီကို ခမည်းတော်မှတစ်ပါးအဘယ် သူမျှမသိ။ ကောင်းကင်ဘုံရှိကောင်းကင်တမန် များလည်းမသိ။-
အချို့သောသူတို့သည်ဋ္ဌားဘေးဖြင့်ကျဆုံး ကြလိမ့်မည်။ ကျန်သူတို့သည်သုံ့ပန်းများအဖြစ် ဖြင့် အတိုင်းတိုင်းအပြည်ပြည်သို့ဖမ်းသွားခြင်းခံ ရကြလိမ့်မည်။ လူမျိုးခြားတို့သည် မိမိတို့ကြီး စိုးသည့်ခေတ်မကုန်မချင်း ယေရုရှလင်မြို့ ကိုခြေဖြင့်နင်းကြလိမ့်မည်။
ကိုယ်တော်သည်ဦးစွာပထမလူတစ်ယောက် ကိုဖန်ဆင်းတော်မူ၍ ထိုလူမှလူမျိုးတကာ တို့အားဆင်းသက်လာစေပြီးလျှင်ကမ္ဘာအရပ် ရပ်တွင်နေထိုင်စေတော်မူ၏။ ထိုလူမျိုးအသီး သီးတို့သက်ရှင်နေထိုင်ရာအချိန်ကာလနှင့် ဒေသများကိုကြိုတင်ပိုင်းခြားသတ်မှတ်ပေး တော်မူ၏။-
ဤအကြံအစည်တော်ကားအချိန်တန်သော အခါခရစ်တော်အားဦးစီးခေါင်းဆောင်ပြုစေ လျက် မိုးမြေ၌ရှိသမျှသောအဖန်ဆင်းခံတို့ ကိုစုပေါင်းစေရန်ပင်ဖြစ်သတည်း။
``ငါတို့ဘုရားသခင်ထာဝရဘုရား ထုတ်ဖော်မပြသောအကြောင်းအရာများ ရှိ၏။ သို့ရာတွင်ငါတို့အားထုတ်ဖော်ပြ သောအကြောင်းအရာဟူမူကား ပညတ် တရားတော်ဖြစ်သတည်း။ ငါတို့နှင့်ငါ တို့၏နောင်လာနောင်သားတို့သည် ထို ပညတ်တရားတော်ကိုအစဉ်အမြဲ စောင့်ထိန်းရကြမည်။
မင်္ဂလာရှိတော်မူသောတစ်ဆူတည်းသော အရှင်၊ ဘုရင်တကာတို့၏ဘုရင်၊ အရှင် တကာတို့၏အရှင်ဘုရားသခင်သည် ကာလအချိန်ရောက်သောအခါကိုယ်တော် အားထင်ရှားပေါ်ထွန်းစေတော်မူလိမ့်မည်။-
အဆုံးစွန်သောနေ့ရက်တို့သည်ကြပ်တည်း ခဲယဉ်းသောကာလဖြစ်မည်ကိုသိမှတ်လော့။-