အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 99:7 - Common Language Bible

သူ​တို့​အား​ကိုယ်​တော်​သည်​မိုး​တိမ်​တိုက်​ထဲ​က မိန့်​မှာ​တော်​မူ​၏။ သူ​တို့​သည်​လည်း​ကိုယ်​တော်​ပေး​တော်​မူ​သော တ​ရား​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို လိုက်​နာ​စောင့်​ထိန်း​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

သက် သေ ခံ တော် မူ ချက် နှင့် ထုံး ဖွဲ့ တော် မူ ချက် များ ကို စောင့် ထိန်း ကြ ရာ၊ တိမ် တိုက် ထဲ က ဗျာ ဒိတ် ပေး တော် မူ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သူ​တို့​အား မိုး​တိမ်​တိုင်​ထဲ​က မိန့်​တော်​မူ၏။ သူ​တို့​သည်​လည်း၊ သက်​သေ​ခံ​တော်​မူ​ချက်​များ​ကို​လည်း​ကောင်း၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​များ​ကို​လည်း​ကောင်း စောင့်​ရှောက်​ကြ၏။

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကိုယ်တော်​သည် သူ​တို့​ကို မိုးတိမ်​တိုင်​ထဲမှ မြွက်ဆို​တော်မူ​၏​။ သူ​တို့​သည် ကိုယ်တော်​၏ သက်သေခံချက်​များ​ကို​လည်းကောင်း​၊ သူ​တို့​အား ကိုယ်တော်​ပေး​တော်မူ​သော ပြဋ္ဌာန်းချက်​ကို​လည်းကောင်း စောင့်ထိန်း​ကြ​၏​။

အခန်းကိုကြည့်ပါ။



ဆာ​လံ 99:7
12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​တစ်​ပြည်​လုံး​တွင်​အ​မှောင် ကျ​စေ​တော်​မူ​၏။ သို့​သော်​လည်း​အီ​ဂျစ်​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​၏​အ​မိန့်​တော်​ကို​နား​မ​ထောင် ကြ။


ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင်​နှင့်​ငါ ပြော​သော​စ​ကား​ကို​လူ​တို့​သည်​ကြား​၍၊ သင့် ကို​ယ​ခု​မှ​စ​၍​ယုံ​ကြည်​လာ​ကြ​စေ​ရန် ငါ သည်​ထူ​ထပ်​သော​မိုး​တိမ်​တိုက်​ဖြင့်​သင့်​ထံ ကြွ​လာ​မည်'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လူ​တို့​ဖြေ​ကြား​ချက်​ကို ထာ​ဝ​ရ ဘု​ရား​ထံ​လျှောက်​ထား​လေ​၏။-


မော​ရှေ​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ၊ မိုး တိမ်​တိုက်​သည်​ဆင်း​သက်​လာ​၍၊ တဲ​ဝ​တွင် ရပ်​တန့်​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် တိမ်​တိုက်​ထဲ​မှ​မော​ရှေ​အား​မိန့်​ကြား တော်​မူ​၏။-


မော​ရှေ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ​၏။-


တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်း သော်လည်း၊ သူ၏ပဌနာစကားသည် စက်ဆုပ်ရွံရှာဘွယ် ဖြစ်၏။


ထာ​ဝ​ရ​ဘု​ရား​သည်​မိုး​တိမ်​တိုင်​ဖြင့်​ကြွ လာ​၍ တဲ​တော်​တံ​ခါး​ဝ​တွင်​ရပ်​လျက်``အာ​ရုန်၊ မိ​ရိ​အံ'' ဟူ​၍​ခေါ်​တော်​မူ​၏။ ထို​အ​ခါ​သူ တို့​နှစ်​ဦး​သည်​ရှေ့​သို့​ထွက်​လာ​သ​ဖြင့်၊-


ထို​အ​ခါ​မော​ရှေ​သည်​သူ​တို့​ကို​အ​လွန် အ​မျက်​ထွက်​၍ ထာ​ဝ​ရ​ဘု​ရား​အား``ဤ​သူ တို့​ဆက်​သ​သော​ပူ​ဇော်​သကာ​ကို​လက်​ခံ တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​သူ​တို့​တစ် ဦး​တစ်​ယောက်​ကို​မျှ​မ​တော်​မ​တ​ရား​မ​ပြု လုပ်​ခဲ့​ပါ။ သူ​တို့​ထံ​မှ​မြည်း​တစ်​ကောင်​မျှ မ​သိမ်း​မ​ယူ​ခဲ့​ပါ'' ဟု​လျှောက်​ထား​လေ​၏။


သူ​တို့​သည်​မိ​မိ​တို့​၏​မိ​ဘ​ညီ​အစ်​ကို၊ သား​သ​မီး​တို့​ကို ချစ်​ခင်​မြတ်​နိုး​သည်​ထက်၊​ကိုယ်​တော်​ကို ပို​၍​ချစ်​ခင်​မြတ်​နိုး​ကြ​ပါ​၏။ သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ညတ်​တော်​များ​ကို လိုက်​နာ​၍​ကိုယ်​တော်​၏​ပ​ဋိ​ညာဉ်​ကို စောင့်​ထိန်း​ကြ​ပါ​၏။


``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ငါ​သည်​ပ​ညတ် တော်​အား​လုံး​ကို​သင်​တို့​အား​သွန်​သင်​ခဲ့ ပြီ။ သင်​တို့​တိုက်​ခိုက်​၍​သိမ်း​ပိုက်​နေ​ထိုင်​မည့် ပြည်​တွင် ထို​ပညတ်​တော်​တို့​ကို​လိုက်​နာ​ကြ လော့။-


မော​ရှေ​သည်​ဘု​ရား​သ​ခင်​၏​အိမ်​တော်​၌​မိ​မိ ထမ်း​ဆောင်​ရ​မည့်​အ​လုပ်​တွင် သစ္စာ​စောင့်​သ​ကဲ့ သို့​သ​ခင်​ယေ​ရှု​သည်​လည်း​မိ​မိ​အား ဤ​အ​လုပ် တာ​ဝန်​ကို​ပေး​အပ်​တော်​မူ​သော​ဘု​ရား​သ​ခင် အား​သစ္စာ​စောင့်​တော်​မူ​၏။-