``ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်၏'' ဟု
ဆာလံ 92:1 - Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကို ချီးမွမ်းရခြင်းသည်လည်းကောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရားသခင်၊ ကိုယ်တော်ရှင်၏ဂုဏ်တော်ကိုထောမနာ သီချင်း ကူးအေးရခြင်းသည်လည်းကောင်း၊ Garrad Bible ထာ ဝ ရ ဘု ရား ၏ ကျေး ဇူး တော် ကို ချီး မွမ်း၍၊ မြင့် မြတ် သော ဘု ရား၏ နာ မ တော် ကို ကျူး ဧ ခြင်း ငှာ လည်း ကောင်း၊ တ ယော နှင့် တ ကွ၊ ကြိုး ဆယ် ပင် တူ ရိ ယာ၊ စောင်း များ ကို ကြည် နူး စွာ တီး၍၊ နံ နက် အ ချိန် ကျေး ဇူး တော် ကို၊ ညဉ့် အ ချိန် သ စ္စာ တော် ကို ဖော် ပြ ခြင်း ငှာ လည်း ကောင်း၊ သင့် မြတ် ၏။ Judson Bible ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်း၍၊ မြန်မာ့စံမီသမ္မာကျမ်း အို အမြင့်ဆုံးသောအရှင်၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းခြင်းသည်လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းခြင်းသည်လည်းကောင်း၊ |
``ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်၏'' ဟု
သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊မိမိတို့အား ပြုတော်မူသောအံ့သြဖွယ်ရာများအတွက် လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းရပေမည်။
သူတို့သည်ထာဝရဘုရား၏ခိုင်မြဲသော မေတ္တာတော်အတွက်လည်းကောင်း၊ မိမိတို့အားပြုတော်မူသောအံ့သြဖွယ်ရာများ အတွက်လည်းကောင်း ကျေးဇူးတော်ကိုချီးမွမ်းထောမနာပြုရ ကြပေမည်။
ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကိုယ်တော်အားထောမနာပြုကြလော့။ ကိုယ်တော်သည်သနားကြင်နာတော်မူသည် ဖြစ်၍ နာမတော်အားထောမနာသီချင်းဆိုကြလော့။
ထာဝရဘုရားအားထောမနာပြုကြလော့။ ငါတို့၏ဘုရားအားထောမနာ သီချင်းဆိုခြင်းသည်မွန်မြတ်ပါပေသည်။ ကိုယ်တော်ကိုထောမနာပြုရခြင်းသည် မှန်ကန်လျောက်ပတ်ဖွယ်ကောင်းပါပေသည်။
အို သူတော်ကောင်းအပေါင်းတို့၊သင်တို့သည် ဘုရားသခင်ပြုတော်မူသောအမှုတော်အတွက် ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကိုယ်တော်၏စကားကိုနားထောင်သူအပေါင်းတို့၊ ကိုယ်တော်အားထောမနာပြုကြလော့။
ကျေးဇူးတော်ချီးမွမ်းခြင်းသည်ငါ့အား ဂုဏ်ပြုရာယဇ်ပင်ဖြစ်၏။ ငါ့စကားကိုနားထောင်သူအပေါင်းတို့အား ဧကန်အမှန်ငါကယ်မည်'' ဟုမိန့်တော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်အတွက် ကျွန်တော်မျိုးသည်အစဉ်အမြဲကျေးဇူးတော်ကို ချီးမွမ်းပါမည်။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူကြောင်းကို ကိုယ်တော်ရှင်၏လူစုတော်ရှေ့တွင်ထုတ်ဖော် ကြေညာပါမည်။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ဝမ်းမြောက်စွာယဇ်ပူဇော်ပါမည်။ ကိုယ်တော်ရှင်သည်ကောင်းမြတ်တော်မူသည် ဖြစ်၍ ကျွန်တော်မျိုးသည်ကျေးဇူးတော်ကိုချီးမွမ်း ပါမည်။
သို့သော်လည်းကျွန်တော်မျိုးအဖို့မှာမူဘုရားသခင်၏ အပါးတော်တွင်နေရခြင်း၊ အရှင်ဘုရား၏ထံတော်၌ခိုလှုံရခြင်းနှင့် ကိုယ်တော်ပြုတော်မူသောအမှုတော်အပေါင်းကို ထုတ်ဖော်ကြေညာရခြင်းတို့သည်လွန်စွာမြတ် နိုးဖွယ် ဖြစ်ပါသည်တကား။
သင်တို့သည်ဘုရားများဖြစ်ကြောင်း၊ အမြင့်မြတ်ဆုံးဖြစ်တော်မူသောဘုရား၏ သားများ ဖြစ်ကြောင်းကိုငါဖော်ပြခဲ့၏။
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား ဖြစ်တော်မူသောကိုယ်တော်ရှင်သည် ထာဝစဉ်အချုပ်အခြာအာဏာပိုင် ဖြစ်တော်မူသောကြောင့်တည်း။
``ငါသည်ထာဝရအသက်ရှင်သောဘုရား၊ ချီးမြှောက်ခြင်းကိုခံရ၍သန့်ရှင်းမြင့်မြတ် သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်း မြင့်မြတ်ရာအထက်ဘုံတွင်စံနေတော်မူ သော်လည်းစိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချ သူတို့စိတ်ဝိညာဉ်ပြန်လည်လန်းဆန်းအား တက်လာကြစေရန်ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။-
``အမြင့်မြတ်ဆုံးသောဘုရားသခင်သည် အရှင့်ခမည်းတော်နေဗုခဒ်နေဇာမင်းအား အုပ်စိုးခွင့်အာဏာနှင့်ကြီးမြတ်သည့်ဘုရင် တစ်ပါးဖြစ်စေတော်မူလျက် ဂုဏ်အသရေ နှင့်လည်းကောင်း၊ အာနုဘော်နှင့်လည်းကောင်း ပြည့်စုံစေတော်မူပါ၏။-
တစ်ဦးနှင့်တစ်ဦးစကားပြောကြသောအခါ ဆာလံသီချင်း၊ ဋ္ဌမ္မသီချင်းနှင့်ဘာသာရေးသီ ချင်းများမှစကားများဖြင့်ပြောဆိုကြလော့။ စိတ်နှလုံးအတွင်း၌သခင်ဘုရားအားထော မနာပြုလျက် ဋ္ဌမ္မသီချင်းများနှင့်ဆာလံ သီချင်းများကိုသီဆိုကူးအေးကြလော့။-
သို့ဖြစ်၍ငါတို့သည်ကိုယ်တော်ကိုငါတို့ ၏အရှင်သခင်အဖြစ်ဝန်ခံသောနှုတ်များ ဖြင့် ဂုဏ်တော်ချီးမွမ်းခြင်းယဇ်ကိုသခင် ယေရှုအားဖြင့် ဘုရားသခင်အားအစဉ် မပြတ်ပူဇော်ကြကုန်အံ့။-
သို့ဖြစ်၍သတ္တမနေ့၌ဘုရားသခင်ငြိမ် ဝပ်စွာနေတော်မူသကဲ့သို့ ကိုယ်တော်၏ လူစုတော်အတွက်ငြိမ်ဝပ်စွာနေရန်နေ့ ရက်တစ်ရက်ရှိသေး၏။-