``ငါ့ထံသို့ချဉ်းကပ်၍ကိုးကွယ်ဝတ်ပြုလော့'' ဟု ကိုယ်တော်ရှင်မိန့်တော်သည်အတိုင်း အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ချဉ်းကပ် ပါမည်။
ငါ့ မျက် နှာ ကို ရှာ ကြ လော့ ဟူ သော ဗျာ ဒိတ် တော် အ တိုင်း၊ အ ကျွန်ုပ် စိတ် နှ လုံး က၊ အို ထာ ဝ ရ ဘု ရား၊ မျက် နှာ တော် ကို အကျွန်ုပ် ရှာ ဖွေ ပါ မည် ဟု အောက် မေ့၍ ဆို၏။
ငါ၏မျက်နှာကိုရှာကြလော့ဟူသော အမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာကိုရှာပါမည်။
အကျွန်ုပ်စိတ်နှလုံးက “ငါ၏မျက်နှာကိုရှာကြလော့”ဟု ကိုယ်တော်ကိုယ်စားဆိုသောအခါ အို ထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်ရှာပါမည်။
ဒါဝိဒ်နန်းစံချိန်အတွင်း၌သုံးနှစ်ပတ်လုံး အစာငတ်မွတ်ခေါင်းပါးခြင်းဘေးကြီးဆိုက် ရောက်လာ၏။ သို့ဖြစ်၍ဒါဝိဒ်သည်ထာဝရ ဘုရားထံစုံစမ်းလျှောက်ထားရာထာဝရ ဘုရားက``ရှောလုသည်ဂိဗောင်မြို့မှလူတို့ အားကွပ်မျက်ခဲ့သည့်အတွက် သူနှင့်သူ၏ မိသားစုတွင်လူသတ်မှုအပြစ်ရှိသဖြင့် ဤဘေးဆိုးကျရောက်လာခြင်းဖြစ်၏'' ဟု မိန့်တော်မူ၏။-
သူတို့သည်ငါ့ထံသို့ ဆုတောင်းပတ္ထနာပြု ကာနောင်တရ၍မိမိတို့၏ဒုစရိုက်လမ်း ကိုရှောင်ကြဉ်ကြလျှင် ငါသည်ကောင်းကင်ဘုံ မှသူတို့၏ဆုတောင်းပတ္ထနာကိုနားညောင်း မည်။ သူတို့၏အပြစ်များကိုဖြေလွှတ်၍ သူတို့၏ပြည်ကိုတစ်ဖန်ပြန်လည်ဝပြော သာယာလာစေမည်။-
အကူအညီတောင်းခံရန်ထာဝရဘုရား၏ ထံတော်သို့ချဉ်းကပ်ကြလော့။ ရှေ့တော်မှောက်တွင်အစဉ်အမြဲနေကြလော့။
ကိုယ်တော်ရှင်ကတိရှိတော်မူသည်အတိုင်း ကွန်တော်မျိုးအားသနားတော်မူပါရန် စိတ်ရောကိုယ်ပါတောင်းလှောက်ပါ၏။
ထိုကဲ့သို့သောသူများကားဘုရားသခင်ထံ တော်သို့ ချဉ်းကပ်သူများ၊ ယာကုပ်၏ဘုရားကိုကိုးကွယ်ဝတ်ပြုကြ သူများပေတည်း။
အို ထာဝရဘုရားကိုယ်တော်ရှင်သည်မိမိ၏ လူမျိုးတော်အားအပြစ်ဒဏ်ခတ်တော်မူသဖြင့်၊ သူတို့သည်ပြင်းစွာစိတ်ဒုက္ခရောက်လျက် အထံတော်သို့ဆုတောင်းပတ္ထနာ ပြုကြပါ၏။
ငါသည်လျှို့ဝှက်၍မဟောပြော။ ငါ၏အကြံအစည်တော်ကိုလည်း ထိမ်ဝှက်၍မထား။ ငါသည်ဣသရေလအမျိုးသားတို့အားလူသူ ကင်းမဲ့သည့်အရပ်တွင်ငါ့ကိုရှာဖွေစေသည် မဟုတ်။ ငါသည်ထာဝရဘုရားဖြစ်၏။ သစ္စာစကားကိုဆို၍အမှန်တရားကို ဖော်ထုတ်တတ်၏'' ဟုမိန့်တော်မူသော အရှင်ပင်ဖြစ်သတည်း။
``ငါ၏လူမျိုးတော်သည်မိမိတို့၏အပြစ် ကိုသိ၍ ငါ့ထံသို့ပြန်လာမည့်အချိန်ရောက် သည်အထိငါသည်သူတို့ကိုစွန့်ပစ်ထား မည်။ သူတို့သည်ဆင်းရဲဒုက္ခခံနေရစဉ် ငါ့အားကြိုးစား၍ရှာကြလိမ့်မည်။''
ထိုစကားကိုကြားလျှင်မာရိသည်အလျင် အမြန်ထ၍အထံတော်သို့သွားလေ၏။-