ထာဝရဘုရားသည်ခိုကိုးရာမဲ့သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ ငါဘေးဥပဒ်ရောက်သောအခါငါ့ကို ကယ်တော်မူ၏။
ဆာလံ 16:1 - Common Language Bible အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်တွင် ခိုလှုံပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားကွယ်ကာစောင့်ရှောက် တော်မူပါ။ Garrad Bible အို ဘု ရား သ ခင်၊ ကိုယ် တော်၌ အ ကျွန်ုပ် ခို လှုံ သည် ဖြစ်၍၊ ထိန်း သိမ်း တော် မူ ပါ။ Judson Bible အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား။ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ အကျွန်ုပ်ကိုစောင့်ရှောက်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ |
ထာဝရဘုရားသည်ခိုကိုးရာမဲ့သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ ငါဘေးဥပဒ်ရောက်သောအခါငါ့ကို ကယ်တော်မူ၏။
ထာဝရဘုရားကိုယုံကြည်ကိုးစားသူတို့သည် မရွေ့မရှား၊အစဉ်ခိုင်ခံ့တည်မြဲသော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။
ယာကုပ်၏ဘုရားသခင်ကူမတော်မူခြင်းကို ခံရသောသူ၊ မိမိ၏ဘုရားသခင်ထာဝရဘုရားကို အားကိုးသောသူသည်မင်္ဂလာရှိ၏။
ကိုယ်တော်၏လမ်းစဉ်ကိုသာလိုက်လျှောက်ခဲ့ပါ၏။ ထိုလမ်းစဉ်မှမတိမ်းမစောင်းခဲ့ပါ။
ကိုယ်တော်၏မျက်ဆန်တော်ကဲ့သို့ကျွန်တော်မျိုးကို စောင့်ရှောက်တော်မူပါ။ သူယုတ်မာတို့၏တိုက်ခိုက်မှုမှကျွန်တော်မျိုးကို ကိုယ်တော်၏အတောင်တော်ရိပ်အောက်၌ ဖုံးအုပ်တော်မူပါ။ အသက်အန္တရာယ်ကိုရှာကြံသောရန်သူများ သည် ကျွန်တော်မျိုးကိုဝိုင်းရံလျက်နေကြပါ၏။
သူတို့က``သင်သည်ထာဝရဘုရားကိုအားကိုး ဘိ၏။ ကိုယ်တော်သည်သင့်ကိုအဘယ်ကြောင့် မကယ်ပါသနည်း။ ထာဝရဘုရားသည်သင့်ကို နှစ်သက်မြတ်နိုးတော်မူလျှင် အဘယ်ကြောင့်သင့်အားကယ်မတော် မမူ ပါသနည်း'' ဟုဆိုကြ၏။
ကျွန်တော်မျိုးအားကွယ်ကာစောင့်ရှောက်တော်မူပါ။ ကယ်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်တွင် ခိုလှုံရန်ချဉ်းကပ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအား အရှက်ကွဲစေတော်မမူပါနှင့်။
ကိုယ်တော်အားသစ္စာစောင့်သူအပေါင်းတို့၊ ထာဝရဘုရားကိုချစ်ကြလော့။ သစ္စာစောင့်သူတို့အားထာဝရဘုရားသည် ကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်မာနကြီးသူတို့အားထိုက်သင့်သည့် အပြစ်ဒဏ်ကိုပေးတော်မူ၏။
အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် အမှန်တရားကိုနှစ်သက်တော်မူ၍ မိမိအားသစ္စာစောင့်သည့်လူစုတော်ကို စွန့်ပစ်တော်မမူသောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတို့အားအစဉ်အမြဲ ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့၏သားမြေးများမူကား ပြည်နှင်ဒဏ်သင့်ကြလိမ့်မည်။
အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်တိုက်ခိုက်ခြင်းကိုခံနေရသဖြင့် ကျွန်တော်မျိုးကိုသနားတော်မူပါ။ ရန်သူများသည်ကျွန်တော်မျိုးအားနေ့ရှိသမျှ ညှဉ်းဆဲနှိပ်စက်ကြပါ၏။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား စွန့်ပစ်တော်မူ၍အရေးရှုံးနိမ့်စေတော်မူပါပြီ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အမျက်ထွက်တော်မူပါပြီ။ သို့ရာတွင်ယခုကျွန်တော်မျိုးတို့ထံသို့ ပြန်၍ကြွတော်မူပါ။
ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ကိုယ်တော်၌ကျွန်တော်မျိုးခိုလှုံပါ၏။ ကျွန်တော်မျိုးအားလိုက်လံဖမ်းဆီးနေသူအပေါင်းတို့၏လက်မှ ကျွန်တော်မျိုးအားကယ်တော်မူပါ။
ကယ်ဆယ်တော်မမူပါလျှင်သူတို့သည်ခြင်္သေ့ကဲ့သို့ ကျွန်တော်မျိုးအားကယ်မည့်သူမရှိသည့်အရပ်သို့ဆွဲယူကာအပိုင်းပိုင်းကိုက်ဖြတ်ကြပါလိမ့်မည်။
အနန္တတန်ခိုးရှင်ဘုရားသခင်၊ ကိုယ်တော်ရှင်ကိုကိုးစားသူတို့သည် အလွန်မင်္ဂလာရှိပါသည်တကား။
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့သည် ကိုယ်တော်ရှင်အားယုံကြည်ကိုးစားကြပါ လိမ့်မည်။ ကိုယ်တော်ရှင်သည်အထံတော်သို့ချဉ်းကပ်သူ မှန်သမျှကိုစွန့်ပစ်တော်မမူပါ။
ထာဝရဘုရားသည်မကောင်းမှုကို မုန်းသောသူတို့အားချစ်တော်မူ၏။ မိမိလူစုတော်၏စည်းစိမ်ကိုကာကွယ် စောင့်ရှောက်တော်မူ၏။ ကိုယ်တော်သည်သူတို့အားသူယုတ်မာတို့ ၏လက်မှ ကယ်ဆယ်တော်မူ၏။
မိမိသန့်ရှင်းသူတို့သည်တရားလမ်းကို စောင့် ရှောက်မည်အကြောင်း၊ သူတို့၏လမ်းခရီးကို လုံခြုံ စေတော်မူ၏။
ငါတို့သည်သေဒဏ်စီရင်ခြင်းခံရသူများ ဟုမိမိတို့ကိုယ်တိုင်ကိုထင်မှတ်ကြ၏။ သို့ ရာတွင်ဤသို့ဖြစ်ပျက်ရခြင်းမှာငါတို့ သည် မိမိတို့ကိုယ်ကိုအားမကိုးဘဲ သူသေ တို့အားရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်ကိုအားကိုးကြစေရန်ဖြစ် ၏။-
ထိုအကြောင်းကြောင့်ငါသည်ဤဆင်းရဲဒုက္ခများ ကိုခံရခြင်းဖြစ်ပေသည်။ သို့ရာတွင်ငါ၌ယုံ ကြည်စိတ်ချမှုရှိသေး၏။ အဘယ်ကြောင့်ဆို သော်ငါသည်အဘယ်သူကိုကိုးစားသည်ကို လည်းကောင်း၊ ထိုအရှင်၏လက်ဝယ်ငါပေးအပ် ထားသောအရာကိုကိုယ်တော်ရှင်သည် တရား စီရင်တော်မူရာနေ့ရောက်သည်တိုင်အောင် စောင့်ထိန်းနိုင်တော်မူကြောင်းကိုလည်းကောင်း ငါအသေအချာသိသောကြောင့်ဖြစ်၏။-