သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ထာဝရဘုရင်ဖြစ် တော်မူပါ၏။ နာမတော်သည်ကာလအစဉ်အဆက်တည်လိမ့်မည်။
ဆာလံ 135:13 - Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားဖြစ်တော်မူကြောင်းကို လူတို့သည်အခါခပ်သိမ်းကြားသိကြပါ လိမ့်မည်။ ကိုယ်တော်၏နာမတော်သည်ကာလအစဉ် အဆက် ကျော်ကြားပါလိမ့်မည်။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ နာ မ တော် သည် ကာ လ အ စဉ်၊ အို ထာ ဝ ရ ဘု ရား၊ ဘွဲ့ တော် သည် လူ မျိုး အ ဆက် ဆက် တည် မြဲ ပါ ၏။ Judson Bible အိုထာဝရဘုရား၊ ကိုယ်တော်၏အမည်သည် နိစ္စထာဝရဖြစ်ပါ၏။ အိုထာဝရဘုရား၊ ဘွဲ့နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။ မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်၏နာမတော်သည် အစဉ်အမြဲတည်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏ဂုဏ်သတင်းသည် မျိုးဆက်အစဉ်အဆက်တည်ပါ၏။ |
သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ထာဝရဘုရင်ဖြစ် တော်မူပါ၏။ နာမတော်သည်ကာလအစဉ်အဆက်တည်လိမ့်မည်။
ကိုယ်တော်ရှင်သည်ထတော်မူ၍ဇိအုန်မြို့ကို သနားတော်မူလိမ့်မည်။ ထိုမြို့ကိုသနားတော်မူရန်အချိန်သည် ကျရောက်လာပါပြီ။ ယခုအချိန်သည်သင့်တော်သည့်အချိန်ပင် ဖြစ်ပါ၏။
သို့ဖြစ်၍အတိုင်းတိုင်းအပြည်ပြည်မှ လူမျိုးတကာတို့သည် စုရုံးလာကြပြီးလျှင်ထာဝရဘုရားအား ကိုးကွယ်ဝတ်ပြုကြသောအခါဇိအုန်တောင် ပေါ်၌ ကိုယ်တော်၏နာမတော်ကိုကြေညာကြလိမ့်မည်။ ယေရုရှလင်မြို့တွင်ကိုယ်တော်၏ဂုဏ်တော်ကို ချီးမွမ်းကြလိမ့်မည်။
မင်းကြီး၏နာမတော်သည်တည်မြဲပါ စေသော။ ဂုဏ်သတင်းတော်သည်နေကဲ့သို့အစဉ်အမြဲ တည်နေပါစေသော။ ဘုရားသခင်သည်မင်းကြီးအားကောင်းချီး ပေးတော်မူ သကဲ့သို့လူမျိုးတကာတို့သည် မိမိတို့အားလည်းကောင်း၊ကောင်းချီးပေးတော် မူရန် ဘုရားသခင်ထံတောင်းလျှောက်ကြပါစေသော။
အို ကျွန်တော်မျိုးတို့၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကြီးမြတ်တော်မူပုံကို ကမ္ဘာတစ်ပြင်လုံးတွင်တွေ့မြင်ရကြပါ၏။ ကိုယ်တော်အားထောမနာပြုသည့်သီချင်း သံသည် ကောင်းကင်ဘဝဂ်တိုင်အောင်ရောက်ရှိပါ၏။
အို ကျွန်တော်မျိုးတို့၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကြီးမြတ်တော်မူပုံကိုကမ္ဘာမြေ တစ်ပြင်လုံးတွင်တွေ့မြင်ရကြပါ၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ခိုင်မြဲသော မေတ္တာတော်အကြောင်းကိုအစဉ်သီချင်းဆို ပါမည်။ အခါခပ်သိမ်းကိုယ်တော်ရှင်၏သစ္စာတော်ကို ထုတ်ဖော်ကြေညာပါမည်။
တစ်ဖန်ထာဝရဘုရားကမောရှေအား``သင် တို့ဘိုးဘေးတို့၏ထာဝရဘုရား၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသောထာဝရဘုရားသည် သင်တို့ ထံသို့ငါ့အားစေလွှတ်တော်မူသည်ဟု ဣသရေလအမျိုးသားတို့အားပြောရ မည်။ ဤနာမသည်ထာဝစဉ်ငါ၏နာမ ဖြစ်၏။ နောင်လူမျိုးအဆက်ဆက်တို့သည် ထိုနာမဖြင့်ငါ့အားသိကြလိမ့်မည်။-
ထိုဘုရားသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်၏ဘွဲ့ နာမတော်ကားထာဝရဘုရားဖြစ် သတည်း။-
အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊ စာတန်မာရ်နတ်ဘေးရန်မှကာကွယ်တော်မူပါ' ဟူ၍ဆုတောင်းကြလော့။
သို့ဖြစ်၍သင်တို့ဆုတောင်းပတ္ထနာပြုသောအခါ `ကောင်းကင်ဘုံရှင်၊ အကျွန်ုပ်တို့၏အဖ၊ကိုယ်တော်၏ နာမတော်အားရိုသေလေးမြတ်ကြပါစေသော။