ရာခေလက``ဘုရားသခင်သည်ငါ့ဘက်၌ တရားစီရင်တော်မူပြီ။ ငါ၏ဆုတောင်းပတ္ထနာ ကိုနားညောင်း၍ငါ့အားသားကိုပေးသနား တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုဒန်ဟူ၍ နာမည်မှည့်လေ၏။-
ကမ္ဘာဦး 49:16 - Common Language Bible ဒန်သည်အခြားသောဣသရေလအနွယ်တို့ ကဲ့သို့ မိမိ၏လူတို့ကိုအုပ်စိုးရလိမ့်မည်။ Garrad Bible ဒန် သည် ဣ သ ရေ လ အ မျိုး အ နွယ် ကဲ့ သို့ ကိုယ့် လူ မျိုး ကို စီ ရင် လိမ့် မည်။ Judson Bible ဒန်သည် ဣသရေလအနွယ်တစ်စုံတစ်ပါးကဲ့သို့၊ မိမိလူတို့ကိုစီရင်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဒန်သည် အစ္စရေးမျိုးနွယ်တစ်နွယ်အဖြစ် မိမိလူမျိုးကိုစစ်ကြောစီရင်လိမ့်မည်။ |
ရာခေလက``ဘုရားသခင်သည်ငါ့ဘက်၌ တရားစီရင်တော်မူပြီ။ ငါ၏ဆုတောင်းပတ္ထနာ ကိုနားညောင်း၍ငါ့အားသားကိုပေးသနား တော်မူပြီ'' ဟုဆိုလျက်ထိုသားကိုဒန်ဟူ၍ နာမည်မှည့်လေ၏။-
သို့သော်သူသည်မိမိနားနေရာသည် ကောင်းသည်ကိုလည်းကောင်း၊ နေထိုင်ရာပြည်သည်သာယာသည်ကို လည်းကောင်းမြင်၏။ ထို့ကြောင့်သူသည်ဝန်ကိုသယ်ပိုးရန်ခါး ကိုညွှတ်၍ ကျွန်အဖြစ်နှင့်အဋ္ဌမ္မခိုင်းစေခြင်းကိုခံရ၏။
ဒန်သည်လမ်းဘေး၌ခွေသောမြွေ၊လမ်းအနီး၌ ခိုသောမြွေဆိုးဖြစ်၍ မြင်း၏ဖနောင့်ကိုကိုက်သဖြင့်မြင်းစီးသူ ကို နောက်ပြန်လိမ့်ကျစေလိမ့်မည်။
နောက်ဆုံးတပ်ဖြစ်သောဒန်အနွယ်တပ်အလံ နောက်မှလိုက်ရသောလူစုကို အမိရှဒ္ဒဲ၏သား အဟေဇာအုပ်ချုပ်လျက်တပ်စုအလိုက် ချီတက်ရသည်။-
ဒန်အနွယ်ကိုရည်သန်၍ဤသို့ဖွဲဆိုလေသည်။ ``ဒန်အနွယ်သည်ခြင်္သေ့ပျိုဖြစ်၍ဗာရှန်ပြည်မှ ခုန်ပေါက်၍ထွက်လာ၏။''
ထိုကာလ၌ဒန်အနွယ်ဝင်ဇောရာမြို့သား မာနော်ဆိုသူလူတစ်ယောက်ရှိ၏။ သူ၏ ဇနီးမှာမြုံ၍နေသဖြင့်သားသမီးမရ နိုင်ပေ။-
ရှံဆုန်သည်လည်းဖိလိတ္တိအမျိုးသားတို့ ကြီးစိုးနေချိန်၌ ဣသရေလအမျိုးသား တို့အားအနှစ်နှစ်ဆယ်တိုင်တိုင်ခေါင်း ဆောင်ခဲ့လေသည်။