ယာကုပ်အား``ငါအလွန်ဆာလောင်၏။ ထိုပဲ ဟင်းအနီကိုငါစားပါရစေ'' ဟုတောင်း လေသည်။ (ထို့ကြောင့်သူ့အားဧဒုံနာမည် ဖြင့်ခေါ်တွင်ကြ၏။)
ကမ္ဘာဦး 30:14 - Common Language Bible ဂျုံစပါးရိတ်သိမ်းချိန်၌ရုဗင်သည်လယ်ထဲသို့ သွားရာ၌ အနုဆေးသီးကိုတွေ့သဖြင့်မိခင် လေအာထံသို့ယူခဲ့သည်။ ရာခေလကလေအာ အား``သင့်သားယူခဲ့သောအနုဆေးသီးအချို့ ကိုပေးပါ'' ဟုတောင်းလေ၏။ Garrad Bible ဂျုံ စ ပါး ကို ရိတ် သိမ်း ချိန် ကာ လ၌ ရု ဗင် သည် ဂျုံ ခင်း သို့ သွား ရာ အ နု ဆေး သီး ကို တွေ့၍ အ မိ လေ အာ့ ထံ ဆောင် ခဲ့ လေ ၏။ Judson Bible ထိုနောက်၊ ဂျုံစပါးကို စုသိမ်းသောအချိန်ကာလ၌၊ ရုဗင်သည် လယ်ပြင်သို့ထွက်သွားပြီးလျှင်၊ အနုဆေးသီးကိုတွေ့၍၊ မိမိအမိလေအာထံသို့ ဆောင်ခဲ့လေ၏။ ရာခေလကလည်း၊ သင်၏သားရခဲ့သော အနုဆေးသီးအချို့ကိုပေးပါလော့ဟု၊ လေအာကိုတောင်းလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း ဂျုံရိတ်သိမ်းရာကာလ၌ ရုဗင်သည် လယ်သို့သွားရာ ဒူးဒဲပင်များကိုတွေ့သဖြင့် ၎င်းတို့ကို သူ၏မိခင်လေအာထံသို့ ယူဆောင်လာခဲ့၏။ ထိုအခါ ရာခေလက လေအာအား “သင့်သားရခဲ့သောဒူးဒဲပင်အချို့ကို ငါ့အားပေးပါလော့”ဟု ဆို၏။ |
ယာကုပ်အား``ငါအလွန်ဆာလောင်၏။ ထိုပဲ ဟင်းအနီကိုငါစားပါရစေ'' ဟုတောင်း လေသည်။ (ထို့ကြောင့်သူ့အားဧဒုံနာမည် ဖြင့်ခေါ်တွင်ကြ၏။)
လေအာက``သင်သည်ငါ၏လင်ယောကျာ်းကိုယူရုံ ဖြင့်အားမရဘဲ ယခုငါ့သား၏အနုဆေးသီး ကိုယူချင်ပြန်ပြီလော'' ဟုဆိုလေ၏။ ရာခေလက``သင့်သား၏အနုဆေးပင်များကို ပေးလျှင် သင်သည်ယနေ့ညယာကုပ်နှင့်အတူ အိပ်နိုင်သည်'' ဟုပြန်ပြောလေ၏။
ညနေခင်း၌ယာကုပ်လယ်ထဲမှပြန်လာသော အခါ လေအာသည်ဆီးကြို၍``ကျွန်မ၏သားရ ခဲ့သောအနုဆေးသီးကိုရာခေလအားပေး သဖြင့် ရှင်ကျွန်မနှင့်အတူယနေ့ညအိပ်ရမည်'' ဟုပြောရာထိုည၌ယာကုပ်သည်လေအာနှင့် အိပ်လေ၏။